What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံတွင်အထည်ချုပ်စက်မှုဇုန်သစ်တည်ထောင်ရန်စီစဉ်နေသည့်JICA

မြန်မာနိုင်ငံတွင်အထည်ချုပ်စက်မှုဇုန်သစ်တည်ထောင်ရန်စီစဉ်နေသည့်JICA builder guide

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( Japan International Coopersation Agency _ JICA)နှင့်ဖက်စပ်ပူးပေါင်း၍ စီမံကိန်းတစ်ခုအဖြစ် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးတွင် အထည်အလိပ်နှင့် အထည်ချုပ်စက်မှုဇုန် တစ်ခုတည်ထောင်ရန်စီစဉ် လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောကြားခဲ့သည်။

အထည်အလိပ်စက်မှုဇုန်တည်ထောင်ရေးဆွေးနွေးမှုများမှာ ကနဦးအဆင့်သာရှိသေးကြောင်း

တည်ထောင်ပြီးပါကဒေသခံပြည်သူ၅၀၀၀ခန့်ကို အလုပ်အကိုင် ဖန်တီးပေးမည်ဖြစ်ကြောင်း

SMART MYANMAR မှပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးမှာ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံ၏ အထည်အလိပ်ထုတ်လုပ်မှု အချက်အချာနေရာဖြစ်သည်။

ပြီးခဲ့သောငါးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းအထည်အလိပ်လုပ်ငန်းနှင့်သက်ဆိုင်သည့်အလုပ်အကိုင်နေရာ ၂၀၀၀၀နီးပါးဖန်တီးပေးခဲ့ကြောင်းသိရသည်

မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် အထည်ချုပ်လုပ်ငန်းအမြန်ဆန်ဆုံးတိုးတက်နေသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီးအထည်ချုပ်လုပ်ငန်းမှ ပြည်ပဝင်ငွေရရှိမှုမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ဘီလီယံ ရရှိကာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၆ ဘီလီယံ ထိတိုးတက်လာခဲ့ကြောင်း သိရှိရသည်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 









 

Read 1778 times
Rate this item
(0 votes)
Tagged under

Related items