News headline

Fashion Thursday, 26 January 2023
The Glory ဇာတ်လမ်းတွဲထဲက မင်းသမီး (၂) ယောက်ရဲ့ တန်ဖိုးကြီး ဖက်ရှင်အတွဲအစပ်များ   မကြာသေးမီကမှ Season - 1 ပြီးသွားတဲ့ The Glory ( Netflix ) ဇာတ်လမ်းတွဲဟာ Netflix ရဲ့ ကြည့်ရှုသူ အများဆုံး Top (10) စာရင်းဝင်နေတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်၊၊ ထုတ်လွှင့်ပြီး (၂၁) ရက် အကြာမှာတောင် Top (10) ထဲမှာ ဆက်ရှိနေဆဲပါပဲ၊၊    ဇာတ်လမ်းတွဲကလည်း နာမည်ကြီးသလို သရုပ်ဆောင် မင်းသမီးတွေရဲ့ Outfits တွေကလည်း လူအများရဲ့ ဒိတ်ဒိတ်ိကြဲ စိတ်ဝင်စားမှု အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်၊၊ အဲ့တာကြောင့် ဇာတ်လမ်းထဲမှာ အားပေးမှု အများဆုံး ရရှိထားတဲ့ Song Hye Kyoနဲ့ Lim Ji Yeon တို့ရဲ့  ဘယ်လို ဈေးကြီးတဲ့ ဖက်ရှင် အတွဲအစပ်တွေကို ဝတ်ဆင်ထားလဲဆိုတာ ပြောပြပေးသွားပါမယ်။၊၊      Moon Dong Eun ( Song Hye Kyo )   ပထမဦးဆုံးအနေနဲ့ Moon Dong Eun ( Song Hye Kyo ) Character ရဲ့ အပြင်အဆင် Outfit တွေကလည်း အရမ်း နာမည်ကြီးပါတယ်၊၊  မွန်းဒုံအွန်း ရဲ့တည်ငြိမ်ရင့်ကျက်ပြီး သန်မာတဲ့ အမျိုးသမီး တစ်ယောက်ရဲ့  ဇာတ်ကောင်နဲ့ လိုက်အောင် ဘယ်လို Fashion တွေ အတွဲအစပ်တွေ ဝတ်ဆင်ခဲ့တယ်ဆိုတာ ‌ကောက်နုတ် ပြောပြပေးသွား မှာပဲ ဖြစ်ပါတယ်၊၊    ငယ်ဘဝမှာ ကျောင်းတွင်း အနိုင်ကျင့် အကြမ်းဖက်ခံခဲ့ရလို့ လွန်ခဲ့တဲ့ နှစ် ( ၂၀ ) လုံးလုံး ဒဏ်ရာများစွာ ရရှိခဲ့တဲ့ မွန်းဒုံအွန်း ဇာတ်ရုပ်အတွက် Kyo ဟာ Episode 1 to 8 ထိ အမြဲလိုလို အဖြူနဲ့ အနက်ကိုသာ ဝတ်ဆင်ခဲ့ရပြီး လက်ရှည်၊ လည်ပိတ် တွေလိုမျိုး အလုံပိတ်အကျီ ပုံစံမျိုးတွေကိုသာ ရွေးချယ် ဝတ်ဆင်ခဲ့တယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်မှာပါ၊၊ ဇာတ်ရုပ်နဲ့အညီ ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိပြီး Outfit တစ်ခုချင်းစီရဲ့ တန်ဖိုးကလည်း မြင့်မားလှပါတယ်၊၊       MICHAA  Wool Blend Side Flap Coat Won 1,190,000 /   မြန်မာငွေ သိန်း ( ၂၀ ) စွန်းစွန်း    Fendi Peekaboo LIseeu Mini USD 4,900 /  မြန်မာငွေ  ( ၁၀၂ ) သိန်းစွန်းစွန်း    MOSCOT Arthur Sun  USD 330 / မြန်မာငွေ ( ၇ ) သိန်းနီးပါး   Chaumet Josephine Aigrette Earrings ( White Gold, Pearls, Diamonds ) USD 3300 / မြန်မာငွေ သိန်း ( ၇၀ ) နီးပါး   Vince  Ivory Stripe Long-Sleeve Blouse Won 599,000 ( မြန်မာငွေ ၁၀ သိန်း )   Park Yeon Jin ( Lim Ji Yeon )   ဒုတိယအနေနဲ့ နောက်ထပ် ပရိတ်သတ် အားပေးမှုအများဆုံးနဲ့ အကြိုက်တွေ့စေခဲ့တဲ့ သူကတော့ ပတ်ယွန်းဂျင် ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lim Ji Yeon ပဲ ဖြစ်ပါတယ်၊၊ The Glory ဇာတ်လမ်းတွဲက သူမရဲ့ ပထမဆုံး ဗီလိန်ဇာတ်ရုပ် အနေနဲ့ သရုပ်ဆောင်ခြင်းဖြစ်ပြီး ဇာတ်လိုက်ကို အပြင်းအထန် နှောင့်ယှက် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်တဲ့ Character ကနေ ပါဝင်ထားပါတယ်၊၊    ချမ်းသာကြွယ်ဝတဲ့ မိုးလေဝသပညာရှင်၊ Influencer တစ်ယောက်ဇာတ်ရုပ်နဲ့ လိုက်အောင် ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ပြခဲ့ပြီး သူမရဲ့ ဝတ်ခဲ့သမျှ Outfit တွေအကုန် ဈေးကွက်မှာ ရောင်းထွက် ကုန်သွားတဲ့အထိ ပရိတ်သတ်တွေကို သူမရဲ့ Fashion တွေက ဆွဲဆောင်နိုင်ခဲ့ပါတယ်၊၊    အထူးသဖြင့် အဖြူနဲ့အမဲပဲ ဝတ်လေ့ရှိတဲ့ ဇာတ်လိုက်မင်းသမီး မွန်းဒုံအွန်းရဲ့  Fashion တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး ပိုပေါ်လွင်နေတာကြောင့်  ဒီဇာတ်ရုပ်မှာ သူမကို ပိုအောင်မြင်အောင် ကူညီပေးခဲ့တယ်လို့‌ ပြောလို့ရပါတယ်၊၊ သူမဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေက အရမ်းတော့ ဈေးမကြီးပါဘူး၊၊ ဝမ် ၁သိန်းအောက် ကနေစပြီး ဝမ်သိန်းကျော်လေးတွေနဲ့ ဆွဲဆောင်မှုအရှိဆုံး ဖြစ်အောင် ဝတ်ဆင်ခဲ့ပြီး ပရိတ်သတ်အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊၊    MOJO.S.PHINE  Pocket Variation Round Setup Short Skirt - Won 999,000 ( မြန်မာငွေ ၁၇ သိန်းနီးပါး )   Player Setup skirt - Won 599,000 ( မြန်မာငွေ ၁၀ သိန်း စွန်းစွန်း )   @dintofficial D9246 Long One- Piece Won 136,800 ( မြန်မာငွေ ၂ သိန်း ၃ သောင်း )   @dintofficial J1206 Classic Trench Coat Won 226,800 ( မြန်မာငွေ ၃သိန်း ၈သောင်းခွဲ )   -vem.ver Tassel Point Tweed Set Jacket - Won 228,000 ( မြန်မာငွေ ၃ သိန်း ၈ သောင်းကျော် )  Skirt - 89,000 ( မြန်မာငွေ ၁ သိန်းခွဲ )   Dior Official Large Lady Dior Bag  USD 6,500 ( မြန်မာငွေ ၁၃၆ သိန်း )   အခု ပြောပြပေးသွားတာကတော့ The Glory Season-1 မှာ  လူကြိုက်များ အားပေးကြတဲ့ မင်းသမီး(၂) ယောက်ရဲ့ Fashion အတွဲအစပ်တွေပဲ ဖြစ်ပါတယ်၊၊ လာမယ့် The Glory Season- 2 မှာလည်း ဘယ်သူတွေက ဘယ်လို Fashion အတွဲအစပ်တွေ ဝတ်ပြီး  ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ မတ်လ ( ၁၀ ) ရက်နေ့မှာ အားလုံးနဲ့အတူ ရင်ခုန်စွာ စောင့်ကြည့်လိုက်ကြရအောင်နော်၊၊   ++++++++++++++++++++++++++++++++++++++++++++++++++++

Fashion Friday, 20 January 2023
နီးကပ်လာပြီဖြစ်တဲ့ တရုတ်နှစ်သစ်ကူး အတွက် ဘယ်လို Outfit တွေ ဝတ်မယ်လို့ စဥ◌်းစားထားကြလဲ? Chinese Traditional Dress တွေနဲ့သာမက ကိုယ့်မှာရှိပြီးသား အဝတ်တွေနဲ့လည်း ဘယ်လို Styling လုပ်လို့ရမလဲဆိုတာ ပြောပြပေးထားမှာမလို့ စာလေးကို အဆုံးထိ ဖတ်ပေးကြပါဦးနော်၊၊   Cheongsam Dress   Cheongsam Dress သို့မဟုတ် qipao လို့လူသိများကြတဲ့ တရုတ်ရိုးရာ ဝတ်စုံဟာ ရှေးခေတ် မန်ချူလူမျိုး များရဲ့ တိုင်းရင်းသားရိုးရာ ဝတ်စုံပဲ ဖြစ်ပါတယ်၊၊ Chinese Outfit လို့ ပြောလိုက်တာနဲ့ Cheongsam Dress ကတော့ မပါမဖြစ်ပါပဲ၊၊ ခေတ်တွေ ပြောင်းလဲတိုးတက် လာတာနဲ့အမျှ Cheongsam Dress ကို Inspired ယူပြီး ဒီဇိုင်းအမျိုးမျိုး ထွင်ပြီး ဝတ်ဆင်လာကြတာ တွေ့ရပါတယ်၊၊ အခုနောက်ပိုင်း Cheongsam Dress တွေကပိုပြီး ဆန်းသစ်လာတာမလို့ နှစ်ကူးကြရင် Cheongsam Dress လေးဝတ်၊ အောက်က Boots လေးစီးပြီး ဓာတ်ဖမ်းလို့ရပါတယ်၊၊         Photo- Pinterest   Chinese inspired outfit   တရုတ်ရိုးရာ ဝတ်စုံတွေကို Inspired ယူပြီးတော့ကိုယ့်မှာရှိတဲ့ Fashion တွေနဲ့ တွဲစပ်လိုက် အခါမှာ ဘယ်လိုတောင် မိမိုက်နေမလဲဆိုတာ တွေးကြည့်ရုံနဲံတင် စိတ်လှုပ်ရှား မိပါတယ်နော်၊၊ ဥပမာ- အပေါ်က Chinese top လေးနဲ့ အောက်က ကိုယ့်မှာရှိတဲ့ Jeans နဲ့ပဲဝတ်မလား၊၊ တွဲစပ် ထွင်ပြီး ဝတ်ကြည့်လို့ရပါတယ်၊၊ ခုနောက်ပိုင်း လူငယ်တွေကြား နာမည်ကြီးနေတဲ့ Crop top & Skirt ပေါင်းထားတဲ့ Skirt Set လိုမျိုး ပုံစံတွေကလည်း တော်တော်လေး အဝတ်များ လာကြပါတယ်၊၊အဲ့လို Skirt set လိုမျိုးကို တရုတ်ရိုးရာ အဆင်လေးတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သူများနဲ့မတူတဲ့ အမိုက်စား Outfit တွေ ထွက်လာမှာအမှန်ပါပဲ၊၊    Photo-Pinterest         Photo-Pinterest   Blazer Or Jacket   Blazer အနီရောင် ၊ ဟုတ်ပါတယ် Blazer အနီရောင်တထည်ရှိရုံနဲ့လည်း Styling လုပ်လို့ရပါတယ်၊၊ တရုတ်အငွေ့အသက် တွေပါတဲ့ Jacket ပုံစံမျိုးရှိသလို ရိုးရိုး Blazer ဗြောင်တွေ   နဲ့လည်း ခပ်မိုက်မိုက်ဝတ်ကြည့်လို့ ရတယ်နော်၊၊ တရုတ်အငွေ့အသက်ပါတဲ့ ပုံစံ ဆိုတာကတော့ Jacket  လိုပုံစံမျိုး ပေါ်မှာအပေါ်ကနေ တရုတ်ရိုးရာ ပန်းခက်၊ ပန်းနွယ် လိုမျိုး ရေးဆွဲထားတဲ့ တရုတ်ရိုးရာ အကျီပုံစံ အမျိုးအစား ပဲဖြစ်ပါတယ်၊၊ အဓိကကတော့ နှစ်ကူးမှာ Style မိမိနဲ့ ကြည့်လိုက်တာနဲ့ ရိုးရိုးရှင်းရှင်း လှနေဖို့ပါပဲ၊၊      Photo- Pinterest   Hair & Accessories   အဝတ်အစား အကြောင်းပြောပြီးသွားပြီ ဆိုတော့ Hair နဲ့ Accessories ပိုင်းကိုလည်း မေ့ထားလို့ မရပါဘူးနော်၊၊ အရင်ဥ◌ီးဆုံး Earrings ပါ၊ Earrings ကိုကျတော့ တရုတ်ရိုးရာ Costume တွေနဲ့အတူ တွဲဖက် ဝတ်ဆင်လေ့ရှိတဲ့ ရိုးရိုးရှင်းရှင်းနဲ့ ရှည်မျောမျော ပုံစံလေးတွေ ဝတ်ဆင်သင့်ပါတယ်၊၊ နောက်တခုကတော့ ဆံထိုး ပါ၊ ဆံထိုး ကလည်း Chinese Signature Fashion တခုအနေနဲ့ မပါမဖြစ်ပါပဲ၊၊ တခြား ဆွဲကြိုးတို့ Bracelet တို့ကျတော့ အရမ်းရှုပ်သွားမှာစိုးရင် ထည့်မဝတ်လို့ လည်းရပါတယ်၊၊ ဆံပင်ပုံစံက လည်း အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပါတယ်၊၊ ဆံပင်ကိုလည်း မျက်နှာရှင်းရှင်းလေး ပေါ်အောင်  ၂ဖက်ခွဲထုံးတာမျိုးတွေ ဆံထိုးလေးနဲံ့ လိုက်အောင် လျော့တိလျော့ရွဲ အနောက်မှာ တဖက်တည်း ထုံးထားတဲ့ ပုံစံမျိုးလေးတွေ ဆိုရင်လည်း ကိုယ့်ဝတ်မယ့် အဝတ်အစားနဲ့ လိုက်ဖက်နေမှာပါ၊၊      Photo- Pinterest   Heels   အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ ဖိနပ် ကို ရောဘယ်လိုစီးသင့်တယ်ထင်ကြလဲ? ပုံမှန်ဆိုများသောအားဖြင့် Qipao လို dress မျိုး ဝတ်ပြီဆိုရင် Scarpin Heel တွေနဲ့လိုက်တာများပါတယ်၊၊ Scarpin Heel ကိုမှ အနီရောင်ဆိုရင် ပိုပီးအတွဲအစပ် မိမိနဲ့ လိုက်ဖက်လွန်းလှပါတယ်၊၊ အခုနောက်ပိုင်းမှာတော့ Boots တွေပါ အစီးများလာတာ ဖြစ်တဲ့အတွက် Chinese Outfit တွေနဲ့ Boots နဲ့ဆို ပိုပြီး အထာကျကျ မိမိုက်နေမှာမလွဲပါပဲ၊၊ Boots တောင်မှ Dr.Martens လို boots မျိုးတွေနဲ့ဆို ပိုမိုက်ပါတယ်၊၊ ကဲ…အခုဆိုရင်တော့ မကြာခင် ရောက်ရှိတော့မယ့် Chinese New Year အတွက် Style ကျကျနဲ့ ဘယ်လို Fashion အတွဲအစပ်တွေ ဝတ်လို့ရတယ်ဆိုတာ ပြောပြ ပေးထားတာမလို့ ကိုယ်တိုင်လည်း လိုက်စမ်း ကြည့်လို့ရပါတယ်၊၊              Photo- Pinterest ======================================  

Outfit Friday, 13 January 2023
ခေတ်ရေစီးကြောင်းအလိုက် အမြဲပြောင်းလဲနေတဲ့ ဖက်ရှင်တွေအကို အမှီလိုက်နိုင်ဖို့အတွက် အင်္ကျီအပေါ်၊ အောက် အတွဲအစပ်တွေကို ကောင်းကောင်း သိထားဖို့လိုပါတယ်၊၊ ၂၀၂၃ ထဲမှာ ရေပန်းစားလာနိုင်တဲ့ Outfit တွေ၊ Trend ဖြစ်လာမယ့် အရောင်တွေကို ဖော်ပြပေးထားလို့ လွယ်လွယ်ကူကူ လိုက်ဝတ်ကြည့်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်၊၊   Jeans   Jeans တွေကတော့ ဘယ်တော့မှမရိုးနိုင်တဲ့ Fashion ဖြစ်တာကြောင့် ဘယ်လို Styling လုပ်လုပ် မိမိုက်နေမှာ အသေအချာပါပဲ၊၊ အဲ့ထဲမှာမှ Wide Leg Jeans၊ Straight Leg Jeans၊ Flared Jeans တွေကတော့ အရင်နှစ်တွေမှာတည်းက ဝတ်လာကြတယ် ဆိုပေမယ့်  ဘယ်လိုအတွဲအစပ်မျိုးနဲ့မဆို လိုက်ဖက်လွန်းတဲ့အတွက် အခုနှစ်ထဲမှာလည်း လူငယ်တွေကြားမှာ  ပို Trend ဖြစ်ပြီး အဝတ်များလာ ကြဦးမှာပါ။ Y2k Fashion   ၁၉၉၀ နှောင်းပိုင်း နဲ့ ၂၀၀၀ အစောပိုင်း ကာလတွေမှာ လျှမ်းလျှမ်းတောက် ခေတ်စားခဲ့တဲ့ Y2k ဖက်ရှင်ဟာ ၂၀၁၉ လောက်တည်းက တရိပ်ရိပ် နဲ့ ပြန်ခေတ်စားလာခဲ့တာ အခုဆိုရင် Trend အဖြစ်ဆုံး ဖက်ရှင်တစ်ခု ဖြစ်လို့လာပါပြီ၊၊ Y2k ဖက်ရှင် ဆိုတာနဲ့ အရောင်အသွေးစုံစုံ၊ မျက်လုံးထဲမှာ မြင်လိုက်တာနဲ့ တမူထူးခြားပြီး ကွဲထွက်နေမယ့် Outfit အတွဲအစပ်တွေ ဖြစ်ပါတယ်၊၊ အခုနှစ်ထဲမှာတော့ Y2k ဖက်ရှင်ကိုမှ အရောင်ဆန်းတွေ၊ အရောင်တောက်တွေနဲ့ အမိုက်စား ဖက်ရှင်တွေကို တွေ့ရ နိုင်ပါတယ်၊၊     Retro Fashion    တကျော့ပြန် ၁၉၇၀ ခုနှစ်ကို ပြန်ရောက်သွားသလိုမျိုး Vibe ကို ပေးနိုင်မယ့် Retro ဖက်ရှင်တွေဟာလည်း ဒီနှစ်တွေအတွင်းမှာ တဖန်ပြန် Trend ဖြစ်လို့ လာပါတယ်၊၊ Retro ဖက်ရှင်လို့ မြင်လိုက်တာနဲ့ ရိုးရိုးရှင်းရှင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေတဲ့ Outfit အတွဲအစပ် တွေပဲဖြစ်ပါတယ်၊၊ ၂၀၂၃ ထဲမှာတော့ အရောင်နုနုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာကို ပိုမြင်ရပါလိမ့်မယ်၊၊      Crd to Pinterest   Maxi Dress   Maxi Dress တွေကတော့ ဘယ်အချိန်ပဲ ဝတ်ဝတ် အမြဲစမတ်ဖြစ်နေမယ့် Outfit တမျိုးပဲ ဖြစ်ပါတယ်၊၊အရင် နှစ်တွေမှာတည်းက ခေတ်စားပြီးသား ဆိုပေမယ့် ၂၀၂၃ မှာလည်း Maxi Dressတွေကို Dress Over Pants Outfit အနေနဲ့ ထပ်ပြီး ဝတ်ဆင်ကြမယ် လို့မှန်းထားပါတယ်၊၊ Pants ကိုတောင်မှ Jeans တွေချည်းပဲ မဟုတ်တော့ပဲ Loose Pants ပုံစံမျိုး တွေနဲ့ပါ ဝတ်ဆင် လာနိုင်ပါတယ်၊၊     Boyfriend Shirt   ကိုယ့်ကောင်လေးရဲ့ အကျီကို ယူဝတ်ထားသလိုမျိုး ခပ်ပွပွ လေးမလို့ Boyfriend Shirt လို့ လူသိ များတာပါ၊၊Boyfriend Shirt တွေကိုမှ Long Short Pants တွေနဲ့ တွဲဖက်ပြီး အဝတ် များလာနိုင်ခြေ ရှိပါတယ်၊၊  Boyfriend Shirt တစ်ထည် ရှိထားရုံနဲ့ ဘယ်လို အတွဲအစပ် မျိုးနဲ့မဆို လိုက်တာကြောင့် အထာကျကျ မိမိုက်နေမှာ အသေအချာပါပဲ၊၊    Colour   ၂၀၂၃ မှာ Trend အဖြစ်လာနိုင်ဆုံး အရောင် ကတော့ Hot pink Colour ပဲဖြစ်ပါတယ်၊၊ 2022 မှာကျင်းပခဲ့တဲ့  Maison Valentino ရဲ့ အမိုက်စား  Pink PP Collection ပြီးတည်းက Hot Pink တွေက အရမ်းကို ဒိတ်ဒိတ်ကျဲ လာတာ ငြင်းမရပါဘူး၊၊ အရင်နှစ်တွေမှာ တည်းက Hot pink Colour Outfit တွေကို Trend တခုဖြစ်လာအောင် ချပြခဲ့ကြ ဖူးပေမယ့် Pink PP Collection အပြီးမှာတော့ Hot Pink တွေက လုံးဝ နေရာယူ လာကြတာ အမှန်ပါ၊၊ ပန်းဆီရောင်တောက်တောက် တွေက နေ့စဥ္် သွားလာတဲ့ အခါမှာ ဝတ်မယ် ဆိုရင်တော့ ထင်းလွန်းနေတဲ့အတွက် လူတိုင်းနဲ့ အဆင်မပြေ ဖြစ်နိုင် ပေမယ့် တခါလောက်တော့ ဝတ် ကြည့်စေချင်ပါတယ်၊၊     Crd to Pinterest   ======================================

Tips Wednesday, 11 January 2023
Clothing Brand  တစ်ခု ၊ ကိုယ်ပိုင်စီးပွားရေး တစ်ခုအနေနဲ့ ထူထောင်တော့မယ်ဆိုရင် မဖြစ်မနေ သိ ထားသင့်တဲ့ အချက်လေးများကို ဝေမျှ ပေးလိုက်ပါတယ်။   Clothing Brand တခုထူထောင်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်လုပ်မဲ့အလုပ်အပေါ် တစိုက်မတ်မတ် Plan ချထားဖို့ လိုပါတယ်၊၊ ရေရှည် Plan ကိုပါ မဖြစ်မနေ ထည့်သွင်းစဥ◌်းစား ထားရပါမယ်၊၊ စီးပွားရေးအမြင်လည်း ကောင်းကောင်းရှိရပါမယ်၊ ကိုယ်လုပ်မဲ့အလုပ်က ဘယ်လောက်အတိုင်းအတာထိ သွားနိုင်မှာလဲ၊ ကိုယ်နဲ့ လုပ်ငန်းတူတွေကရော ဘယ်အခြေအနေထိ အောင်မြင်နေပြီလဲ ဆိုတာလည်း သိထားသင့်ပါတယ်၊၊   ကုန်ကြမ်းပစ္စည်းတွေကို ဘယ်မှာ ရှာလို့ရမလဲ၊ ဘယ်လိုနေရာတွေမှာ လက်လီလက်ကား ရနိုင်မလဲ ဆိုတာ အရင်လေ့လာထားပါ၊၊ ဥပမာအနေနဲ့ ဗိုလ်ချုပ်ဈေး၊ မဂ်လာဈေး၊ ယုဇနပလာဇာတို့မှာ အထည်အလိပ်တွေ ၊ Accessories တွေအကုန် လက်လီ လက်ကား ရနိုင်ပါတယ်၊၊ ကိုယ့်ရဲ့ Design တွေကို လက်ရာ‌ ကောင်းကောင်း သေသေသပ်သပ် နဲ့ ချုပ်လုပ်ပေးနိုင်မဲ့ စက်ရုံတွေကိုလည်း ကြိုတင် လေ့လာထား သင့်ပါတယ်၊၊   မြန်မာချည်၊ အင်းလေးချည်၊ ချည်ပေါင်းသား၊ ရိုးရာချည်ထည်၊ လက်ရက်ကန်းထည်တွေကိုလည်း ကိုယ်ပိုင် Design ဆန်းဆန်း လေးတွေနဲ့လည်း ပေါင်းစပ်ပြီး Creation  လုပ်လို့ ရပါတယ်၊၊ လက်ရှိမှာ ရေပန်းစားနေတဲ့ “ဗားမား Clothes”  ဟာ ဆိုရင်လည်း ချည်ထည်တွေကို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် Design တွေ ထုတ်ထားတဲ့အတွက် လူကြိုက်များတဲ့  Clothing Brand တခုပါ၊၊     Photo crd to ဗားမား Clothes Facebook Page   " PLA Clothing Brand " ဆိုရင်လည်း သူ့ရဲ့ Design တွေ အကုန်လုံးက Daily Outfit ကနေ ပွဲတက်ထိ ၀တ်လို့ ရလောက်အောင်ကို Elegant ဆန်ဆန်၊ လူငယ်ကြိုက် Design လေးတွေပဲမလို့ လူငယ်တွေ ကြား ရေပန်းစားတဲ့ Brand တခုပါ၊၊         Photo crd to PLA Clothing Facebook Page   လက်ရှိ ဈေးကွက်ထဲမှာ ဘယ်လို Design တွေက ရေပန်းစားနေလဲဆိုတာ လေ့လာပါ၊ လေ့လာထားမှသာ Inspire ယူပြီး ကိုယ်ပိုင်စိတ်ကူး Idea တွေနဲ့အတူ ထပ် Create လုပ်ပြီး  Styling လုပ်နိုင်မှာပါ၊၊ ကိုယ့်ရဲ့ Brand ကို Marketing ကောင်းကောင်း လုပ်နိုင်ဖို့ကလည်း အထောက်အကူဖြစ်မှာ မလွဲပါပဲ၊၊ Social Media Platform တွေမှာလည်း Advertising  လုပ်ဖို့ လိုပါတယ်၊ ကိုယ့်အပေါင်းအသင်းတွေထဲမှာ Cele ဖြစ်တဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့ကို ၀တ်ပြခိုင်းပြီး  Promote လုပ်တဲ့အခါ လူများများ ပိုသိနိုင်ပါတယ်၊၊ ဈေးနှုန်းလည်း သက်သာပြီး Quality ကောင်းကောင်းပေးနိုင်မယ်ဆိုရင် လူကြိုက်များမှာ အသေအချာပါပဲ၊၊ နောက်ဆုံးအနေနဲ့ ကိုယ်ထုတ်လိုက်တဲ့ Brand က စစချင်းမှာ လူသိပ်မသိသေးဘူး၊ သိပ်အရောင်းမသွက်သေးဘူး ဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့၊ အစပိုင်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ရှိစမြဲမလို့ ဆက်ကြိုးစားရင် ကိုယ့်ရဲ့ မျှော်မှန်းထားတဲ့ Target ကို ရောက်လာနိုင်ပါတယ်၊၊ ======================================    

  • Featured Advertisers