What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်တွင်း အထည်ချုပ်စက်ရုံ ၂၀ ထပ်မံပိတ်သိမ်းရန် တင်ပြ

ပြည်တွင်း အထည်ချုပ်စက်ရုံ ၂၀ ထပ်မံပိတ်သိမ်းရန် တင်ပြ Google

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်မှုများ ကြုံတွေ့နေရသဖြင့် အထည်ချုပ်စက်ရုံ နှစ်ဆယ်ထပ်မံပိတ်သိမ်းရန် လုပ်ငန်းရှင်များက

 

အစိုးရထံစာတင်ထားကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး

 

ဦးသက်နှင်းအောင်က ပြောကြားသည်။

 

"စက်ရုံတွေပိတ်တာနဲ့ ပတ်သက်ပြီး သုံးမျိုးလောက်ဖြစ်တယ်။ ပြည်ထောင်စုဝန်ကြီးပြောထားတာရှိတယ်။

 

နောက်ထပ် ရုံ နှစ်ဆယ် ထပ်ပိတ်မယ်လို့လည်း ပြောတယ်" ဟု ၎င်းကပြောသည်။

 

လက်ရှိအခြေအနေတွင် အလုပ်သမားတစ်သောင်းဝန်းကျင်ခန့် အလုပ်လက်မဲ့ဖြစ်နေပြီး အထည်ချုပ်စက်ရုံများ ပိတ်ထားစဉ် ကာလအတွင်

 

အလုပ်သမားများအား ပုံမှန်လုပ်ခလစာကို အတိုင်းအတာထိပေးရန် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များက အစိုးရနှင့် ဆွေးနွေးနေကြောင်

 

၎င်းကရှင်းပြသည်။

 

ကိုရိုနာဗိုင်းရပ်စ်ပြဿနာနှင့် ပတ်သက်၍ ပိတ်သိမ်းခဲ့သည့် အထည်ချုပ်စက်ရုံ ၂၀ ရှိသော်လည်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ

 

အပြီးပိတ်သိမ်းသည့် စက်ရုံ ၁၂ ခု ၊ လုပ်သားအင်အား လျှော့ချသည့် စက်ရုံ ၄ ခု၊ အလုပ်ရှင် ထွက်ပြေးသွားသည့်စက်ရုံ ၂ ခု၊

 

စုစုပေါင်း ၁၈ ခုသာရှိနေသည်။

 

Source : The Voice

 

အမျိုးသားဝတ်အထည်ဆိုင် ၇၃၁ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

textile picture

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းျပတ္လပ္မႈမ်ား ႀကဳံေတြ႕ေနရသျဖင့္ အထည္ခ်ဳပ္စက္႐ုံ ႏွစ္ဆယ္ထပ္မံပိတ္သိမ္းရန္ လုပ္ငန္းရွင္မ်ားက အစိုးရထံစာတင္ထားေၾကာင္း ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္

ဝန္ေဆာင္မႈလုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ အေထြေထြအတြင္းေရးမႉး ဦးသက္ႏွင္းေအာင္က ေျပာၾကားသည္။

"စက္႐ုံေတြပိတ္တာနဲ႔ ပတ္သက္ၿပီး သုံးမ်ိဳးေလာက္ျဖစ္တယ္။ ျပည္ေထာင္စုဝန္ႀကီးေျပာထားတာရွိတယ္။ ေနာက္ထပ္ ႐ုံ ႏွစ္ဆယ္ ထပ္ပိတ္မယ္လို႔လည္း ေျပာတယ္" ဟု ၎ကေျပာသည္။

လက္ရွိအေျခအေနတြင္ အလုပ္သမားတစ္ေသာင္းဝန္းက်င္ခန႔္ အလုပ္လက္မဲ့ျဖစ္ေနၿပီး အထည္ခ်ဳပ္စက္႐ုံမ်ား ပိတ္ထားစဥ္ ကာလအတြင္း အလုပ္သမားမ်ားအား ပုံမွန္လုပ္ခလစာကို

အတိုင္းအတာထိေပးရန္ အလုပ္သမားသမဂၢအဖြဲ႕ခ်ဳပ္မ်ားက အစိုးရႏွင့္ ေဆြးေႏြးေနေၾကာင္း ၎ကရွင္းျပသည္။

ကို႐ိုနာဗိုင္းရပ္စ္ျပႆနာႏွင့္ ပတ္သက္၍ ပိတ္သိမ္းခဲ့သည့္ အထည္ခ်ဳပ္စက္႐ုံ ၂၀ ရွိေသာ္လည္း ဝန္ႀကီးဌာနမွ ထုတ္ျပန္ခ်က္မ်ားအရ အၿပီးပိတ္သိမ္းသည့္ စက္႐ုံ ၁၂ ခု ၊ လုပ္သားအင္အား ေလွ်ာ့ခ်သည့္

စက္႐ုံ ၄ ခု၊ အလုပ္ရွင္ ထြက္ေျပးသြားသည့္စက္႐ုံ ၂ ခု၊ စုစုေပါင္း ၁၈ ခုသာ ရွိေနသည္။

Source : The Voice

 

အမျိုးသားဝတ်အထည်ဆိုင် ၇၃၁ ဆိုင်ကိုရှာရန် နှိပ်ပါ။

 

Myanmar Textile and Garment Directory

Read 1789 times
Rate this item
(1 Vote)