What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ချုပ်ထည်အပါ စက်မှုကုန်ကြမ်း ပြည်ပတင်ပို့မှု ၄လတာအတွင်း ပထမနေရာ ရပ်တည်

ချုပ်ထည်အပါ စက်မှုကုန်ကြမ်း ပြည်ပတင်ပို့မှု ၄လတာအတွင်း ပထမနေရာ ရပ်တည် mmgpmedia

ကိုဗစ်အလွန်ကာလ ပြန်လည်တိုးမြှင့်လာတဲ့ ပို့ကုန်ကဏ္ဍအနက် အထည်ချုပ် လုပ်ငန်းထွက် ချုပ်ထည်အပါ စက်မှုကုန်ကြမ်း ပို့ကုန်တွေက အမြင့်ဆုံး ဖြစ်နေပါတယ်။

အရင်ကတော့ လယ်ယာထွက်ပို့ကုန်က ပို့ဆောင်နိုင်ချေ ပထမအဆင့်ရှိခဲ့ပေမယ့် အခုတော့ အထည်ချုပ်လုပ်ငန်းထွက် ပို့ကုန်တွေက ဦးဆောင်လာတာပါ။ အခု၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာဆိုရင် ၄လတာကာလဖြစ်တဲ့ ဧပြီ၁ရက်ကနေ အခုဇူလိုင် ၁ရက်အထိဆိုရင် စက်မှုကုန်ကြမ်း ပို့ကုန်ဟာ ကန်ဒေါ်လာ ၂၆၉၉ဒသမ ၃၈၅သန်းအထိ ရှိခဲ့တာလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။

အဲဒီထဲမှာ အထည်ချုပ် လုပ်ငန်းထုတ်ကုန်ဖြစ်တဲ့ ချုပ်ပြီးသားအထည် ပြည်ပတင်ပို့နိုင်ချေက အများဆုံးဖြစ်ခဲ့တာပါ။ ဒါဟာ အရင်ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကန်ဒေါ်လာ ၇၄၀ဒသမ ၈၁သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

သို့ပေမယ့် လယ်ယာထွက်ကုန်ကတော့ အရင်၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကာလတူမှာ ကန်ဒေါ်လာ၁၁၀၂ဒသမ ၆၀၅သန်းဖိုး တင်ပို့နိုင်ခဲ့ပေမယ့် အခု၂၀၂၂-၂၀၂၃ မှာတော့ ၁၀၉၇ဒသမ ၈၀၉သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာပါ။ ဒါကြောင့် လယ်ယာထွက်ကုန်ကတော့ အရင်ကာလတူနဲ့ နှိုင်းယှဉ်ရင် အခုနှစ်မှာ ကန်ဒေါ်လာ ၄ဒသမ၇၉၆သန်းဖိုး လျော့နည်းခဲ့ပါတယ်။

ရင်းမြစ်:mmgpmedia

Read 967 times
Rate this item
(2 votes)