What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၇-၁၈ ဘဏ္ဍာနှစ် ချုပ်ထည်တင်ပို့မှု အများဆုံးပို့ကုန်တွင် ပါဝင်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ CMP လက်ခစား စနစ်ဖြင့် ချုပ်ပြီးအထည်တင်ပို့မှုမှ ဒေါ်လာ ၂ ဒသမ ၅၈ ဘီလျံအထိ ရရှိ ခဲ့ပြီး

မြန်မာနိုင်ငံ၏ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်များတွင် တစ်ခု အပါအ၀င်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ အထည်ချုပ် အော် ဒါများ မှာယူမှုတွင် ယခင်က ဂျပန်နိုင်ငံမှ အော် ဒါမှာယူမှု အများဆုံးဖြစ်သော် လည်း နောက်ပိုင်းတွင် အီးယူမှလည်း အော် ဒါမှာယူမှု မြင့်တက်လာကာ ဂျပန်နှင့် အီးယူမှာ အော်ဒါမှာယူမှု အများဆုံးဖြစ်သည်။

“အထည်ချုပ်အော် ဒါနဲ့ ပတ်သက်ရင် အီးယူနဲ့ ဂျပန်က တက်နေတယ်။ အီးယူကို အမှာတက်လာတယ်။ ဂျပန်ကတော့ နဂိုကတည်းက အမှာများတာပါ” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း mမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ CMP စနစ်ဖြင့် ချုပ်ပြီး mအထည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၈၄ သန်းနှင့် ဒုတိယနေရာတွင် ရှိနေပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၂၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်ခန့်ကမူ မြန်မာနိုင်ငံ၏ CMP အထည်ချုပ်လုပ်ငန်းများမှ ပြည်ပတင်ပို့မှု အခြေအနေမှာ ဂျပန်နိုင်ငံဈေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ အီးယူဈေးကွက် အထူးသဖြင့် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ ကိုရီး ယားနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကဈေးကွက်သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် တရုတ်ဈေးကွက်သို့လည်း ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် တင်ပို့နေခြင်း ဖြစ်ခဲ့သည်။


ရင်းမြစ် Eleven Media

Read 988 times
Rate this item
(0 votes)