What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေနင်းစက် စချုပ်မယ့်သူများ သိထားသင့်တဲ့ အချက်(၄)ချက်

ခြေနင်းစက်ကို အခုမှစနင်းမယ့် သူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ခြေနင်းစက် စနင်းတော့မယ်ဆိုရင် ခြေနင်းသံပြားကို နည်းလမ်းမှန်မှန်နဲ့ နင်းနိုင်အောင် စက်ရဲ့ရွေ့လျားနှုန်း အလျင်အဟုန် သဘောတရားတွေကို သိရှိနားလည်ထားရန် လိုအပ်ပါတယ်။

၂။ စက်ကို စနင်းတဲ့အခါ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားအများကြီးသုံးပြီး မနင်းသင့်ပါ။

၃။ စက်ခြေနင်းပြားပေါ်တွင် တင်ထားတဲ့ ခြေတစ်စုံကို အားပြုပြီး ရှိရင်းစွဲ စက်အရှိန်ရဲ့ အနှေးအမြန်ကို ထိန်းညှိပေးတတ်ရန် လိုပါတယ်။

၄။ စက်နောက်ပြန်မလည်လာအောင် စက်နံဘေးက လက်ကိုင်နေရာကို ဖြေးညှင်းစွာ နည်းစနစ်မှန်အောင် အရင်လှည့်ကာ ခြေနင်းပြားကို အလိုက်သင့်မှိန်းနင်းပြီးမှ လိုအပ်သလို အရှိန်ယူနိုင်အောင်လည်း လေ့ကျင့်ထားရန် လိုအပ်ပါတယ်။

အပေါ်ကအချက်လေး‌တွေအတိုင်း စက်စနင်း သင်မည့်သူများက စက်ရဲ့ အပ်ချည်၊ စက်အပ်တို့ကို ခဏဖြုတ်ထားပြီး စတင်လေ့ကျင့်သင့်ပါတယ်။

Credit - ဖက်ရှင်ဒီဇိုင်းဆရာမလေး

Read 2404 times
Rate this item
(0 votes)