What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်လဲခန်းထဲမှာ Hidden Camera (လျှို့ဝှက်ကင်မရာ) တပ်ဆင်ထား/မထား ဘယ်လိုသိနိုင်မလဲ?

အဝတ်အထည်စတိုးဆိုင်ကြီးတွေမှာ အဝတ်အစားအသစ်ဝယ်တဲ့အခါ ကိုယ်နဲ့တော်/မတော် စမ်းဝတ်ကြည့်နိုင်ဖို့ သီးသန့်အဝတ်လဲခန်းလေးတွေ လုပ်ထားပေးတာမျိုးရှိပါတယ်။

အဝတ်လဲခန်းထဲမှာ မသမာသူတွေက လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားနိုင်တာမလို့ အဝတ်အစားအသစ်ကို စမ်းဝတ်ကြည့်တဲ့အခါ အမျိုးသားရော အမျိုးသမီးပါ လျှို့ဝှက်ကင်မရာ ရှိမရှိစစ်ဆေးပြီးမှ လဲစေချင်ပါတယ်။ 

လျှို့ဝှက်ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံ မသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ သင့်မှာပါလာတဲ့ ဖုန်းနဲ့ စမ်းသပ်တဲ့နည်းပါပဲ။

၁။ အဝတ်လဲခန်းထဲကိုမဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရ/မရ စစ်ဆေးထားပါ။

၂။ အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ ဖုန်းကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

၃။ ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ လျှို့ဝှက်ကင်မရာရှိဖို့ များသွားပါပြီ။

ဖုန်းခေါ်မရတဲ့ အကြောင်းအရင်းကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေဘယ် (Fiber Cable) က ဖုန်းလိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

အဝတ်လဲခန်းထဲမှာရှိနေတဲ့ မှန်က နှစ်ဖက်မြင်မှန် (Two Way Mirror) လား? ရိုးရိုးကြေးမုံမှန်လား? ဆိုတာကို အလွယ်တကူ ခွဲခြားနိုင်ပါသေးတယ်။

နှစ်ဖက်မြင်မှန်ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် မှန်ပြင်ပေါ်မှာ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဖက်ကကြည့်ရင် သင်လုပ်သမျှကို တစ်ဖက်လူက အကုန်မြင်နေရမှာပါ။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဖက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။

ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။ 

two.jpg

သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းက လက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင် သာမန် ကြေးမုံမှန်ပြင်ပါ။

ဒါမှမဟုတ် သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလို ဖြစ်နေတယ်ဆိုရင် နှစ်ဖက်မြင်မှန်ပါ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဖက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်း မရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာ ဖြစ်ပါတယ်။

နှစ်ဖက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ ကွာဟမှု မရှိတော့တာပါ။

ဒါကြောင့် ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ နေရာတစ်ခုကိုရောက်ရင် သတိလက်လွတ် ဘယ်တော့မှမနေပါနဲ့။ အထက်မှာ ပြောပြပေးခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်လိုက်နာခြင်းဖြင့် မိမိအရှက်နဲ့သိက္ခာကို ကာကွယ်နိုင်ပါတယ်။

Knowledge for Myanmar

Read 1078 times
Rate this item
(2 votes)