What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပင္ထုိးျခင္း အက်င့္ေကာင္းမ်ား

zaw+ uni  အစႏွစ္စ သုံးစ စသျဖင့္ တြဲၿပီး ခ်ဳပ္ေတာ့ ကုိင္တြယ္ရလြယ္ေအာင္ ပင္ေလးေတြ

အစီအရီ ထုိးၿပီး တြဲလုိက္ၿပီးမွ ခ်ဳပ္တယ္။ အေရးအႀကီးဆုံးက ဘာလဲ။ ပင္ေလးေတြ ထုိးတဲ့အခါ ပင္ေတြကုိ ပါးစပ္မွာ အစီအရီ ကုိက္ထားၿပီး ထုိးေလ့ရွိတာကုိ အက်င့္မလုပ္ဖုိ႔ပါ။ အဲဒါ မေကာင္းတဲ့အက်င့္ျဖစ္လုိ႔ တားျမစ္ရတာပါ။
အစေတြကုိ ပင္နဲ႔ တြဲတာ လြယ္ပါတယ္။ ဒါေပမဲ့ ေကာင္းတဲ့အက်င့္ေလးေတြ ရေအာင္ လုပ္ထားရမယ္။ မေကာင္းတဲ့အက်င့္ေတြကုိ ပစ္ပယ္ရမယ္။
သုံးမယ့္ပင္ေတြဟာ အၿမဲတေစ ခၽြန္ထက္ေနရမယ္။ ေကာက္တာေကြးတာ ရွိရင္ ခ်က္ခ်င္း လႊင့္ပစ္ပါ။ ပင္တုိင္းဟာ ေျဖာင့္စင္းေနရမယ္။ ၿပီးေတာ့ သန္႔ရွင္း ေနရမယ္။
ပင္ေတြ အစီအရီထုိးၿပီး တြဲတဲ့အခါ နည္းလမ္း ႏွစ္မ်ဳိး ရွိတယ္။ တစ္မ်ဳိးက ခ်ဳပ္႐ုိးကုိ အၿပိဳင္ျပဳတယ္။ တစ္မ်ဳိးက ေထာင့္မွန္ျပဳတယ္။
ဘယ္နည္းနဲ႔ထုိးထုိး ပင္တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း ၂ လက္မဝန္းက်င္ ျခားရမယ္။ အစကုိ ငုံထားတာက ပင္အလ်ားရဲ႕ သုံးပုံတစ္ပုံေလာက္ ရွိရမယ္။ အစကုိ ငုံထားတာ မ်ားလြန္းရင္ အစေတြကုိ ေကာင္းေကာင္းတြဲေပးမထားႏုိင္ေတာ့ဘူး အစကၽြတ္ထြက္မယ္။ နည္းလြန္းရင္ေတာ့ ပင္ကၽြတ္ထြက္မယ္။
ခ်ဳပ္႐ုိးလုိင္းကုိ ေထာင့္မွန္ျပဳၿပီး ပင္ထုိးရင္ ထုိးတဲ့သူ ဘယ္သန္လား ညာသန္လား ဆုိတာအရ ထုိးရမယ္။ ပင္ေခါင္းဟာ သန္တဲ့လက္ဘက္္မွာ ရွိရမယ္။ ဘယ္သန္ဆုိရင္ ဘယ္ဘက္၊ ညာသန္ဆုိရင္ ညာဘက္။
စက္ေပၚတင္ၿပီး ခ်ဳပ္သြားရင္း ပင္ကုိ ဆြဲႏုတ္ေတာ့ သန္တဲ့လက္ဘက္မွာ ပင္ေခါင္းရွိေနမွ ႏုတ္ရတာ လြယ္ကူေခ်ာေမြ႕တယ္။

ဘယ္သန္

Left Hand Pin xl

Machine 2 xl

 

 

ညာသန္

Right Hand Pin xl

Machine 1 xl


ခ်ဳပ္႐ုိးနဲ႔ အၿပိဳင္ထုိးရင္ေတာ့ ပင္ေခါင္းေတြဟာ ကုိယ့္ဘက္မွာ ရွိေနရမယ္။

 

Upward Pin xl
တခ်ဳိ႕က ဘာလုပ္လုပ္ အထိအရွေလးေတြ ျဖစ္တတ္တဲ့ ဇ ပါတယ္။ အဲဒီလုိဆုိရင္ ပင္စူးမိရင္ ေသြးစကုိ သုတ္ဖုိ႔ အဝတ္စျဖစ္ျဖစ္ ပတ္တီးစျဖစ္ျဖစ္ ေဆာင္ထားပါ။ ခ်ဳပ္တဲ့အစကုိ္ ေသြးေပလုိ႔ မျဖစ္ဘူး။
ပင္ေတြကုိ ႏုတ္တဲ့အခါ စက္ရဲ႕ အပ္ ေရာက္မလာခင္ အခ်ဳပ္ရပ္ၿပီး ႏုတ္ေပးသြားပါ။

အတင့္မရဲပါနဲ႔ စက္အပ္က ပင္ကုိ ထုိးမိလုိ႔ က်ဳိးသြားရင္ လဲရတာ အလုပ္႐ႈပ္တယ္။ အပ္လဲရတာက တစ္႐ႈပ္၊ အပ္ေပါက္ထုိးရတာက တစ္႐ႈပ္။

ခ်ဳပ္ရင္းတန္းလန္း ခ်ည္ဆက္ျပတ္သြားတက တစ္ဒုကၡ မဟုတ္ပါလား။

unicode

ပင်ထိုးခြင်း အကျင့်ကောင်းများ
အစနှစ်စ သုံးစ စသဖြင့် တွဲပြီး ချုပ်တော့ ကိုင်တွယ်ရလွယ်အောင် ပင်လေးတွေ အစီအရီ ထိုးပြီး တွဲလိုက်ပြီးမှ ချုပ်တယ်။ အရေးအကြီးဆုံးက ဘာလဲ။ ပင်လေးတွေ ထိုးတဲ့အခါ ပင်တွေကို ပါးစပ်မှာ အစီအရီ ကိုက်ထားပြီး ထိုးလေ့ရှိတာကို အကျင့်မလုပ်ဖို့ပါ။ အဲဒါ မကောင်းတဲ့အကျင့်ဖြစ်လို့ တားမြစ်ရတာပါ။
အစတွေကို ပင်နဲ့ တွဲတာ လွယ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အကျင့်လေးတွေ ရအောင် လုပ်ထားရမယ်။ မကောင်းတဲ့အကျင့်တွေကို ပစ်ပယ်ရမယ်။
သုံးမယ့်ပင်တွေဟာ အမြဲတစေ ချွန်ထက်နေရမယ်။ ကောက်တာကွေးတာ ရှိရင် ချက်ချင်း လွှင့်ပစ်ပါ။ ပင်တိုင်းဟာ ဖြောင့်စင်းနေရမယ်။ ပြီးတော့ သန့်ရှင်း နေရမယ်။
ပင်တွေ အစီအရီထိုးပြီး တွဲတဲ့အခါ နည်းလမ်း နှစ်မျိုး ရှိတယ်။ တစ်မျိုးက ချုပ်ရိုးကို အပြိုင်ပြုတယ်။ တစ်မျိုးက ထောင့်မှန်ပြုတယ်။
ဘယ်နည်းနဲ့ထိုးထိုး ပင်တစ်ချောင်းနဲ့တစ်ချောင်း ၂ လက်မဝန်းကျင် ခြားရမယ်။ အစကို ငုံထားတာက ပင်အလျားရဲ့ သုံးပုံတစ်ပုံလောက် ရှိရမယ်။ အစကို ငုံထားတာ များလွန်းရင် အစတွေကို ကောင်းကောင်းတွဲပေးမထားနိုင်တော့ဘူး အစကျွတ်ထွက်မယ်။ နည်းလွန်းရင်တော့ ပင်ကျွတ်ထွက်မယ်။
ချုပ်ရိုးလိုင်းကို ထောင့်မှန်ပြုပြီး ပင်ထိုးရင် ထိုးတဲ့သူ ဘယ်သန်လား ညာသန်လား ဆိုတာအရ ထိုးရမယ်။ ပင်ခေါင်းဟာ သန်တဲ့လက်ဘက်မှာ ရှိရမယ်။ ဘယ်သန်ဆိုရင် ဘယ်ဘက်၊ ညာသန်ဆိုရင် ညာဘက်။
စက်ပေါ်တင်ပြီး ချုပ်သွားရင်း ပင်ကို ဆွဲနုတ်တော့ သန်တဲ့လက်ဘက်မှာ ပင်ခေါင်းရှိနေမှ နုတ်ရတာ လွယ်ကူချောမွေ့တယ်။

ဘယ်သန်

Left Hand Pin xl

Machine 2 xl

ညာသန်

Right Hand Pin xl

Machine 1 xl


ချုပ်ရိုးနဲ့ အပြိုင်ထိုးရင်တော့ ပင်ခေါင်းတွေဟာ ကိုယ့်ဘက်မှာ ရှိနေရမယ်။

 

Upward Pin xl
တချို့က ဘာလုပ်လုပ် အထိအရှလေးတွေ ဖြစ်တတ်တဲ့ ဇ ပါတယ်။ အဲဒီလိုဆိုရင် ပင်စူးမိရင် သွေးစကို သုတ်ဖို့ အဝတ်စဖြစ်ဖြစ် ပတ်တီးစဖြစ်ဖြစ် ဆောင်ထားပါ။ ချုပ်တဲ့အစကို် သွေးပေလို့ မဖြစ်ဘူး။
ပင်တွေကို နုတ်တဲ့အခါ စက်ရဲ့ အပ် ရောက်မလာခင် အချုပ်ရပ်ပြီး နုတ်ပေးသွားပါ။ အတင့်မရဲပါနဲ့ စက်အပ်က ပင်ကို ထိုးမိလို့ ကျိုးသွားရင် လဲရတာ အလုပ်ရှုပ်တယ်။ အပ်လဲရတာက တစ်ရှုပ်၊ အပ်ပေါက်ထိုးရတာက တစ်ရှုပ်။ ချုပ်ရင်းတန်းလန်း ချည်ဆက်ပြတ်သွားတက တစ်ဒုက္ခ မဟုတ်ပါလား။

Read 1192 times
Rate this item
(1 Vote)