အမျိုးသမီးတွေ ခဏခဏ ကြုံတွေ့ရတတ်တဲ့ ပြသနာတွေထဲက တစ်ခုကတော့ ထမီ၊ စကတ်၊ ဘောင်းဘီနဲ့ Workout Pants တွေ ဝတ်တဲ့အခါမှာ အောက်က အတွင်းခံအရာပေါ်တဲ့ ပြသနာလေး ဖြစ်ပါတယ်။
ကိုယ့်ရဲ့ outfit က ဘယ်လောက်မိုက်မိုက် ကိုယ့်စကတ် ဒါမှမဟုတ် ဘောင်းဘီမှာ အတွင်းခံဘောင်းဘီအရာ Panty Line ကြီးက ထင်းနေရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတော့ဘဲ စိတ်ကသိကအောက် ဖြစ်ရပါတယ်။ ဒီတော့ အတွင်းခံဘောင်းဘီအရာမထင်အောင် ဘယ်လိုရွေးချယ် ဝတ်ဆင်နိုင်သလဲဆိုတာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ ကိုယ်နဲ့ Fit ဖြစ်မယ့် အတွင်းခံဘောင်းဘီမျိုးကို ရွေးပါ။
အတွင်းခံဘောင်းဘီရွေးတော့မယ်ဆို သိပ်မကျပ်လွန်းတဲ့ အတွင်းခံမျိုး၊ သိပ်မပွလွန်းတဲ့ အတွင်းခံမျိုး ရွေးရမှာပါ။ ကျပ်လွန်းတဲ့အတွင်းခံဆိုရင် အသားပေါ်မှာ ဘောင်းဘီလိုင်းအရာတွေက ထင်းထင်းကြီး ဖြစ်နေပါလိမ့်မယ်။
လျော့တိလျောရဲဖြစ်နေတဲ့ အတွင်းခံကျတော့လည်း တင်ပါးကို လုံးဝ Support မလုပ်နိုင်တဲ့အပြင် စကတ်နဲ့ ဘောင်းဘီသားက ပါးတယ်ဆိုရင် လိမ်တွန့်နေတာကို အတိုင်းသား မြင်နေရမှာပါ။ ဒါ့ကြောင့် Fit ဖြစ်တဲ့ အတွင်းခံဘောင်းဘီကို သေချာရွေးဝယ်ဖို့ အရေးကြီးပါတယ်။
၂။ အတွင်းခံစကတ် ဝတ်ပါ။
ဒီနည်းလမ်းလေးကတော့ ဟိုးအရင်လူကြီးတွေ သုံးခဲ့ကြတဲ့ ရိုးရှင်းတဲ့ နည်းပါပဲ။ အသားပါးတဲ့ စကတ်တွေ၊ ဂါဝန်တွေအောက်မှာ ခံဝတ်ကြတာများပါတယ်။
ဖြစ်နိုင်ရင် အတွင်းခံစကတ်ကို ကိုယ်ဝတ်မယ့် dress တွေ၊ စကတ်တွေနဲ့ အရောင်တူရွေးတာ ကောင်းသလို ဇာနဲ့အလှဆင်ထားတဲ့ အတွင်းခံစကတ်မျိုးတော့ ရှောင်တာကောင်းပါတယ်။
၃။ Thong ကိုရွေးပါ။
Panty Line လုံးဝမပါတာကို ရွေးချင်တာဆိုရင်တော့ Thong ကို ရွေးနိုင်ပါတယ်။ တစ်ခုရှိတာက သူ့ကို နည်းနည်းကျပ်တဲ့အဝတ်အစားမျိုးရဲ့ အောက်ကခံဝတ်ရင် အဆင်ပြေပေမယ့် သက်တောင့်သက်သာတော့ အရမ်းမရှိနိုင်ပါဘူး။
နောက်တစ်ချက်က သူ့ကို ခါးအမြင့် စကတ်၊ ဘောင်းဘီတွေဝတ်မှသာ ပိုရွေးချယ်စေချင်ပါတယ်။ ကိုယ်က G -strings တွေ ဝတ်ဖူးတယ်ဆိုရင်တော့ သူ့ကိုအေးဆေးဝတ်နိုင်မှာပါ။
၄။ Boyshort ကိုရွေးပါ။
Thongကို သဘောမကျဘူးဆိုရင်တော့ နောက်ထပ်ရွေးချယ်စရာတစ်ခုက Boyshorts တွေပါ။ သူက Full Coverage ပေးနိုင်တာမို့ Thong ထက်တော့ ပိုအဆင်ပြေနိုင်ပါတယ်။
၅။ Shapewear ကိုရွေးပါ။
နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ Shapewear ဖြစ်ပါတယ်။ သူ့ရဲ့အရှည်က ပေါင်တစ်ဝက်လောက်ဆိုတော့ Panty Lines ပြသနာအေးပါတယ်။ တကယ်လို့ အတွင်းခံဘောင်းဘီ ဝတ်ချင်သေးတယ်ဆိုရင်လည်း Shapewear အောက်ကနေ ခံဝတ်လို့ရပါတယ်။
၆။ အရာမထင်အတွင်းခံ ဝတ်ပါ။
ခုနောက်ပိုင်းတော်တော်လေး ခေတ်စားလာတဲ့ အရာမထင်အတွင်းခံတွေဟာ ဈေးကွက်ထဲ အများကြီးရှိလာခဲ့ပါပြီ။ အသားကဆွဲသားဖြစ်ပြီး ဘောင်းဘီအနားတွေကို Laser Cut စတိုင်ထုတ်ထားတာမို့ အဆင်ပြေတာများပါတယ်။
၇။ အတွင်းခံဘောင်းဘီမဝတ်ပါနဲ့။
အတွင်းခံဘောင်းဘီမပါဘဲ ဘောင်းဘီတစ်ထပ်တည်း ဝတ်ရဲတယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ တစ်ချိ့ Workout Pant တွေမှာ အတွင်းခံမပါဘဲ တစ်ထပ်တည်းဝတ်နိုင်အောင် အထူးချုပ်ပေးထားတာမျိုးလည်း ရှိပါတယ်။
ဒီမှာသတိပေးချင်တာက စကတ်တွေ၊ ဂါ၀န်တွေရဲ့ အောက်မှာတော့ အတွင်းခံဘောင်းဘီ မဖြစ်မနေ ဝတ်သင့်ပါတယ်နော်။
၈။ အရမ်းကျပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ပါ။
ကိုယ်က Thong လို အတွင်းခံမျိုးလည်း မဝတ်ချင်ဘူး၊ တခြား အရာမထင်အတွင်းခံတွေ ဝတ်ဖို့လည်း အဆင်မပြေဘူးဆိုရင်တော့ ဝတ်မယ့်ဘောင်းဘီတွေ၊ စကတ်တွေ၊ ဂါဝန်တွေကို အရမ်းကျပ်တာမျိုး မရွေးတာ အကောင်းဆုံးပါ။ ဒါမှမဟုတ် တခြားနည်းနဲ့ ဘယ်လိုလေးဝတ်နိုင်မလဲ စဉ်းစားကြည့်ပါ။
ဥပမာ - အကျပ်တွေမဖြစ်မနေဝတ်ရမယ်ဆိုရင် အများအားဖြင့်တော့ အတွင်းခံ ခံဝတ်တာနဲ့ အရာထင်ကိုထင်မှာမို့ အပေါ်က ရှပ်နဲ့တီရှပ်ကို တင်ပါးအုပ်တာ ရွေးမလားစဉ်းစားပါ။
စကတ်တွေဝတ်တဲ့အခါမှာလည်း Pencil စကတ်မျိုးဆို အတွင်းခံအရာထင်နိုင်ပေမယ့် A-line စကတ်မျိုးဆို အောက်ကို ကားစင်းသွားတာကြောင့် အတွင်းခံအရာမထင်နိုင်ပါဘူး။
၉။ အရမ်းပါးတာတွေ မဝတ်ပါနဲ့။
ကိုယ်ဝတ်မယ့်စကတ်တွေ၊ ဂါဝန်တွေ၊ ဘောင်းဘီတွေကို ချုပ်ထားတဲ့အသားက ထူမယ်၊ အပွင့်အခက်တွေပါမယ်ဆိုရင် ပါးတဲ့အသား၊ ပိုးသား၊ ဖဲသားနဲ့ ဗြောင်တွေထက်တော့ အတွင်းခံအရာမထင်ဖို့ ကူညီနိုင်မှာပါ။
စကတ်နဲ့ဘောင်းဘီတွေမှာ အိတ်ကပ်ပါရင်လည်း အတွင်းခံအရာထင်ဖို့ အခြေအနေသိပ်မရှိပါဘူး။ Jeans တွေကတော့ များသောအားဖြင့် ထူတာမို့ Jeans ကိုမှ အဖြူအရောင်မျိုးဆိုရင်သာ စိတ်ပူရတာပါ။
Reference - Iamfashion