What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖိနပ်ရယ် အိတ်ရယ် အဝတ်အစားရယ် အရောင်တူဖို့ လိုသလား

ဖိနပ်ရယ် အိတ်ရယ် အဝတ်အစားရယ် အရောင်တူဖို့ လိုသလား google

အပြင်သွားဖို့ အဝတ်အစားရွေးရင် အဝတ်အစားရယ်၊ အိတ်ရယ်၊ ဖိနပ်ရယ်ကို လိုက်ဖက်အောင် ဝတ်ဖို့ စဉ်းစားရတဲ့ အခိုက်အတန့်မျိုး ဖက်ရှင်ချစ်တဲ့ ပျိုမေလေးတွေ

ဆီမှာ ရှိကြမှာပါ။

လိုက်ဖက်တယ်ဆိုတဲ့နေရာမှာကလည်း အရောင်တူတာ ဝတ်ရမလိုလို အရောင်မတူတာပဲ ဝတ်ရမလိုလိုနဲ့ စဉ်းစားရတယ်မလား။

ဒါပေမဲ့ အိတ်နဲ့ ဖိနပ်ကို အမြဲတမ်း အရောင်တူအောင် လိုက်ညှိပြီး ဝတ်စရာလိုရဲ့လား၊ ဘယ်နေရာတွေမှာ အိတ်နဲ့ဖိနပ်ကို အရောင်ဆင်တူ ဝတ်သင့်လဲ၊ အရောင်မတူရင် မလှတော့ဘူးလား၊ အရောင်မတူတာတွေကို ဘယ်လိုလှအောင် ဝတ်ရမလဲ ဆိုတာတွေကို မျှဝေပေးချင်ပါတယ်။ အတူတူ ကြည့်ကြရအောင်နော်။

(၁) ဘယ်အချိန်မှာ အိတ်ရယ် ဖိနပ်ရယ်ကို အဝတ်အစားနဲ့ အရောင်တူဝတ်သင့်လဲ

အလုပ်ကိစ္စနဲ့ ပတ်သက်တဲ့ပွဲတွေ၊ ဘွဲ့အခမ်းအနားတွေ၊ မင်္ဂလာဆောင်တွေ၊ အလှူတွေ သွားတဲ့အခါမျိုးတွေမှာ အဝတ်အစားနဲ့ အိတ်ရယ် ဖိနပ်ရယ်က အရောင်တူနေပါစေနော်။ ဒါမှမဟုတ် ပျိုမေလေးရဲ့ အဝတ်အစားမှာပါတဲ့ ဒုတိယအရောင် (secondary color) နဲ့တူတဲ့ အိတ်ရယ် ဖိနပ်ရယ်ကို ဝတ်ဆင်သင့်ပါတယ်။ ဥပမာ အနက်ပေါ်မှာ အဝါပွင့် အင်္ကျီမျိုးလေး ဝတ်ထားတယ်ဆိုရင် အိတ်နဲ့ ဖိနပ်ကလည်း အဝါရောင်လေးဖြစ်နေတာမျိုးပေါ့။

(၂) တစ်ဝက်တစ်ပြက် အရောင်တူကြည့်ကြမယ်

အမြဲတမ်း အရောင်တူရတာ ပျင်းစရာကောင်းပါတယ်။ ဒါဆို ဒီနည်းလမ်းလေးသုံးကြည့်ရအောင်။ တကယ်လို့ ပျိုမေလေးရဲ့ ဖိနပ်က ဝါ၊ စိမ်း၊ နီ၊ ပြာ အပွင့်အခက်လေးတွေပါတယ်ဆိုရင် လက်ကိုင်အိတ်ကို အဲ့အရောင်တွေထဲက တစ်ရောင်ရွေးပြီး ဘာဒီဇိုင်းမှမပါတဲ့ ရှင်းရှင်းလင်းလင်းအိတ်ကို ကိုင်ပါ။ လက်ကိုင်အိတ်က အဖြူ၊ အပြာနဲ့ အနီ ရောထားတဲ့ ဒီဇိုင်းဆို ပြောင်ကိုမှ အဖြူ၊ အပြာ၊ အနီ တစ်ရောင်ရောင်ပါတဲ့ ဖိနပ်ကို ဝတ်ဆင်သင့်ပါတယ်။

(၃) Mix and Match ဘယ်လိုလုပ်မလဲ ?

Mix and Match ဆိုတာကတော့ လုံးဝမတူညီတဲ့အရောင်တွေကို လိုက်ဖက်အောင် ဝတ်ဆင်တာပါ။ ဥပမာ အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီအပြာကို အိတ်အနီနဲ့ တွဲဝတ်လိုက်တာမျိုးက ယောင်းကို လန်းဆန်းပြီး ဖက်ရှင်ကျတဲ့အသွင်ဖြစ်စေမှာပါ။ အိတ်နဲ့ဖိနပ် အရောင်ဆန်းတွေ ဝတ်ချင်ရင်တော့ အင်္ကျီအရောင်လေးတွေက ငြိမ်မှဖြစ်မယ်နော်။

သတိ !

အိတ်နဲ့ဖိနပ်က အမြဲလိုလိုအရောင်တူနေဖို့ မလိုဘူးဆိုပေမဲ့ လိုက်ဖက်မှုတော့ ရှိသင့်ပါတယ်နော်။ တွဲဝတ်မယ့် အိတ်နဲ့ဖိနပ်က မတူညီတဲ့ အဆင်ဒီဇိုင်းဖြစ်နေမယ်ဆိုရင် လိုက်ဖက်ဖို့ ရာခိုင်နှုန်းနည်းနေပါပြီ။ နောက်တစ်ခုက နေရာနဲ့ အချိန်အခါကို နားလည်ဖို့ပါ။ ဘွဲ့သွားယူတဲ့အခါ မြန်မာဝတ်စုံနဲ့ sneakers နဲ့ ဝတ်သွားရင် မထော်မနန်းတွေ ဖြစ်နေမှာပေါ့။

နောက်ဆုံးတစ်ချက်ကတော့ အရေးအကြီးဆုံးပါပဲနော်။ ပျိုမေလေး ဘာဝတ်ဝတ်လှနေစေမယ့် လျှို့ဝှက်ချက်လေး ရှိသေးတယ်။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့ပါပဲ။

ကဲ.. ဒါဆို ဖက်ရှင်ကျကျ ဝတ်ပြီး လန်းချင်တိုင်း လန်းနိုင်ပြီပေါ့..

Source: For Her Myanmar
Myanmar Textile and Garment Directory

Read 1475 times
Rate this item
(0 votes)
Tagged under