What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ခန္ဓာ တိုင်းတာခြင်း ၁၈ မျိုး (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း )

ပေကြိုးနဲ့ ကိုယ်ခန္ဓာကို တိုင်းတာတဲ့အခါ အလျားအရှည်ကို တိုင်းရင် ကြိုးတင်းတင်းဖြင့် တိုင်းရတာ ဖြစ်ပေမဲ့

ပတ်လည်ကို တိုင်းရင်တော့ ကြိုးက အတော်လျော့နေတာ မဖြစ်ရသလို အတော်တင်းနေတာလည်း မဖြစ်ရဘူး။ ဒါပေမဲ့ အတိအကျပ် ချုပ်ပေးစေချင်တယ်ဆိုရင်တော့ ပတ်လည်ကို တိုင်းတဲ့အခါ ကြိုးချောင်နေလို့ မဖြစ်ဘူး။
အခု တိုင်းတာခြင်း ၁၈ မျိုးကို ဖော်ပြထားပေမဲ့ နောက်ထပ် တိုင်းတာစရာ တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ကိုယ်ခန္ဓာကို တိုင်းတဲ့အခါ ၁၈ မျိုးစလုံး တိုင်းရမယ်လို့လည်း မဆိုလိုပါဘူး။ လိုအပ်တာတွေကိုတော့ မကြွင်းမကျန် တိုင်းလိုက်ဖို့ပဲ ဖြစ်ပါတယ်။
လက်ရှည် ရှပ်အင်္ကျီတစ်ထည်ကို ချုပ်မယ်။ လက်တွေမှာ အတိအကျပ် ဖြစ်ချင်တယ်ဆိုရင် bicep(16), elbow (17) နဲ့ wrist (18) တို့ကို မပါမဖြစ် တိုင်းတာပေးရပါလိမ့်မယ်။ အတိအကျပ်ဆိုပေမဲ့လည်း အရမ်းကြီး ကျပ်နေရင် လက်ပေါက်ထိုးလို့ ရတော့မှာ မဟုတ်ဘူး။ ဒီတော့ မကျပ်လွန်း မချောင်လွန်း ဖြစ်အောင် တိုင်းတာကြရပါတယ်။
အတိုင်းအတာ ၁၈ မျိုးကို ပုံမှာ ဖော်ပြထားတာနဲ့ ယှဉ်တွဲကြည့်ပြီး သဘောပေါက်စေလိုပါတယ်။ ပထမပုံမှ ၁၀ မျိုး ၁ မှ ၁၀ ၊ ဒုတိယပုံမှာ ၈ မျိုး ၁၁ မှ ၁၈ တို့ကို ဖော်ပြပေးထားပါတယ်။

 

taking measurment 1 to 10

Neck girth (1)
လည်ပင်းအခြေ ပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Shoulder length (2)
လည်အဟိုက် neckline ကနေ ပခုံးစွန်းထိပ်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Top bust girth (3)
ချိုင်းအောက်မှာ လျှိုပြီး ကိုယ်ခန္ဓာပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ရင်သားနှစ်ခုအပေါ်ဖက်နားမှာ ရေပြင်ညီအတိုင်း တိုင်းတာရတာ ဖြစ်ပါတယ်။

Bust girth (4)
ရင်သားအပြည့်ဆုံး နေရာတွေပေါ်မှာ ပေကြိုးကို ဖြတ်သန်းစေပြီး ရေပြင်ညီအတိုင်း ကိုယ်ခန္ဓာပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Under bust girth (5)
ရင်သားတွေရဲ့ အောက်ဖက် နံရိုးတွေပေါ်မှ ရေပြင်ညီအတိုင်း ကိုယ်ခန္ဓာ ပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Waist girth (6)
ခါးရဲ့ အသိမ်ဆုံးနေရာကို ကိုယ်ခန္ဓာပတ်လည် ရေပြင်ညီအတိုင်း တိုင်းတာခြင်း ဖြစ်ပါတယ်။ အဲဒီနေရာကို ခါးလိုင်း waistline လို့ ခေါ်ကြတယ်။

High hip girth (7)
ဝမ်းဗိုက်မှာ ကိုယ်ခန္ဓာပတ်လည်ကို ရေပြင်ညီအတိုင်း တိုင်းတာခြင်း ဖြစ်ပါတယ်။ waistline ရဲ့ အောက်ဖက် ၈ - ၁၀ စင်တီမီတာ နေရာမှာ တိုင်းတာပါတယ်။

Hip girth (8)
တင်ပါး အပြည့်ဆုံးနေရာမှာ ရေပြင်ညီအတိုင်း ကိုယ်ခန္ဓာ ပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Arm length (9)
ပုံမှာ ပြထားတဲ့အတိုင်း ပခုံးစွန်းမှာ အစပြုပြီး တံတောင်ဆစ်ကို ဖြတ်၊ လက်ကောက်ဝတ်အထိ တိုင်းတာခြင်း ဖြစ်ပါတယ်။ လက်ကို နည်းနည်းလေး ကွေးပေးထားရမှာ ဖြစ်ပါတယ်။

Front length (10)
လည်ဟိုက်နဲ့ ပခုံးတို့ ဆုံတဲ့နေရာကနေ နို့သီးထိပ်ကို ဖြတ်ပြီး waistline အထိ တိုင်းတာခြင်း ဖြစ်ပါတယ်။

 

 

taking measurment 11 to 18

Back length (11)
ကျောတစ်လျှောက် တိုင်းတာရမှာ ဖြစ်ပြီး ဇက်ပိုးကနေ waistline အထိ တိုင်းတာခြင်း ဖြစ်ပါတယ်။

Waist to hip (12)
တင်ပါးအပြည့်ဆုံးနေရာနဲ့ ခါးလိုင်း waistline အထိ တိုင်းတာခြင်း ဖြစ်ပါတယ်။

Waist to knee (13)
waistline နဲ့ ဒူးခေါင်းတို့ကြား အကွာအဝေးကို တိုင်းတာခြင်း ဖြစ်ပါတယ်။

Outside leg (14)
ခြေထောက်ကို တိုင်းရင် အတွင်းနဲ့ အပြင် နှစ်မျိုး တိုင်းတယ်။ အခုဟာက အပြင်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ waistline ကနေ ကြမ်းပြင်အထိ တိုင်းပါတယ်။ မူကွဲတစ်မျိုးကတော့ ခြေဖမိုးအထိ တိုင်းတယ်။

Inside leg (15)
ခြေထောက်အတွင်း တိုင်းတာခြင်း ဖြစ်ပါတယ်။ ခွကြားကနေ ကြမ်းပြင်အထိ တိုင်းပါတယ်။ မူကွဲတစ်မျိုးကတော့ ခြေကျင်းဝတ်အထိ တိုင်းတယ်။

Bicep (16)
လက်မောင်းမှာ ရှိတဲ့ လက်ရုံးကြွက်သား ပတ်လည်ကို တိုင်းတာခြင်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင် လက်မောင်းအရင်းပိုင်းမှာ တိုင်းတာပါတယ်။

Elbow (17)
တံတောင်ကွေးနေရာ ပတ်လည် တိုင်းတာခြင်း ဖြစ်ပါတယ်။

Wrist girth (18)
လက်ကောက်ဝတ် ပတ်လည် တိုင်းတာခြင်း ဖြစ်ပါတယ်။

Read 1686 times
Rate this item
(1 Vote)