What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အတွင်းခံလှလှလေး ဝတ်ထားသင့်တဲ့ အကြောင်းရင်း...

အတွင်းခံလှလှလေး ဝတ်ထားသင့်တဲ့ အကြောင်းရင်း... google

အတွင်းခံလှလှလေး ဝတ်ထားသင့်တဲ့ အကြောင်းရင်း...
အတွင်းခံ ဆိုတာ အမျိုးသားတွေအနေနဲ့ ဘယ်လိုမှနားမလည်နိုင်တဲ့ အရာတစ်ခုပါ။ ‘အတွင်းခံ’ လို့ဆိုလိုရင် အမျိုးသားတွေရဲ့ အတွေးထဲ ချက်ချင်းတန်းပေါ်လာတာက လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုတစ်ခုပေါ့ “။

အမျိုးသားအားလုံးနားလည်မှုလွဲနေပြီး သတိမမူမိတဲ့အချက်ကတော့ ကိုယ်ချစ်တဲ့မိန်းကလေးကို အတွင်းခံဝယ်ပေးခြင်းကရလာတဲ့ အကျိုး ဆက်တွေပါပဲ။

အမျိုးသားတွေအနေနဲ့ကတော့ အတွင်းခံအဝတ်အစားဆိုတာ မပါမဖြစ်ဝတ်ဆင်ရမယ့် အရာတစ်ခုသက်သက်သာပေါ့။ မိန်း ကလေးတွေ အနေနဲ့ကတော့ အတွင်းခံဆိုတာ အဝတ်အစားတစ်ခုထက် ကိုပိုပါသေးတယ်။

လှပတဲ့အတွင်းခံက ယုံကြည်မှုကို တိုးပွားစေပါတယ် ….
ကိုယ် ဘယ်လိုအတွင်းခံမျိုးဝတ်ဆင်ထားတာ ဘယ်သူမှမမြင်နိုင် မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ လုံးဝသိနေပါတယ်။

လှပတဲ့ အတွင်းခံဝတ်ဆင်တာ အမျိုးသမီးတစ်ယောက်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် ကြီးမားတဲ့ယုံကြည်မှုကို ပေးစွမ်းနိုင်ပါတယ်။

အဲဒါကြောင့် အလုပ်အင်တာဗျူ; ဝင်တာဖြစ်စေ၊ ဘယ်လိုနေရာမှာပဲဖြစ်နေပါစေ ကိုယ်နှစ်သက်တဲ့အတွင်းခံ လှလှလေးကိုသာဝတ်ဆင်ပါ။

အပြင်ပန်းကြည့်ရုံနဲ့ မသိသာပေမယ့် ဝတ်ဆင်လိုက်တဲ့အခါ ယုံကြည် မှုက လုံးဝပြောင်း လဲသွားပါလိမ့်မယ်။

အမျိုးသမီးတစ်ယောက်ရဲ့ဆွဲဆောင်နိုင်မှုကို တိုးပွားစေတယ် အမျိုးသားတွေ အနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ တစ်စွန်း တစ်စပေါ်နေတဲ့အတွင်းခံကို ကြည့်ချင်မြင်ချင်ကြတာ ဆန်းကြယ်တဲ့အရာတစ်ခုမဟုတ်ပါဘူး။

ဘာမျှမထူးဆန်းတဲ့အထဲကမှ လှပတဲ့အတွင်းခံကိုတော့ ခဏခဏ ကြည့်ချင်မြင်ချင်တာ ယောက်ျားလေးရဲ့ သဘာဝပါ။

တစ်ခါတစ်ရံ မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းနေတဲ့အခါ ယုံကြည်မှုတိုးပွားစေဖို့ လျှို့ ဝှက်ချက်ကတော့ လှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပိုးသားအတွင်းခံတစ်စုံပဲဖြစ် ပါတယ်။ ဆက်ဆံရေးတစ်ခုအတွက်

အရေးကြီးဆုံးအတွင်းခံ ……
ညအိပ်ဝတ်စုံက နွေးထွေးပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါပေမဲ့ ချစ်သူ(၂)ဦး ဇနီးမောင်နှံ(၂)ဦးရဲ့ ဆက်ဆံရေးအတွက်တော့ ဘာမှလုပ် မပေးနိုင်ပါဘူး။

ဒါပေမဲ့ ညအိပ်ရာဝင်ချိန်မှာ လှပပြီးဆွဲဆောင်မှုရှိတဲ့ အတွင်းခံဝတ်စုံ ဝတ်ဆင်ခြင်းက ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ အိမ်ထောင် ဖက်ချစ်သူကို ဘယ်လောက် ဆွဲဆောင်မှုရှိတယ် ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ကိုပြသပေးနိုင်ပြီး ကိုယ့် ကိုယ်ကိုယ် လှပအောင် နေတယ်ဆိုတာ သူ့ အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဖော်ပြပေးရာ ရောက်ပါတယ်။

အဝတ်အစားကို ပြီးပြည့်စုံစေမယ့် အတွင်းခံ ……
အရည်အသွေးပြည့်မီတဲ့အတွင်းခံဝတ်စုံကခန္ဓာကိုယ်မှာအံဝင်ခွင်ကျဖြစ်နေစေပြီး ပြင်ပကနေဝတ်ဆင် ထားတဲ့အဝတ်အစားကို ပိုပြီး ကြည့်ကောင်းစေပါတယ်။

အတွင်းခံအဝတ်အစားဆိုတာ သာမန်ဝတ် စုံတစ်ခု သာမဟုတ်ဘဲအတွင်းကဝတ်ဆင်ထားတဲ့အဝတ်အစားကြောင့် ဖြစ်စေ၊ ပြင်ပက ဝတ်ဆင်ထားတဲ့ အဝတ်အစားကြောင့်ဖြစ်စေဖြစ်ပေါ်လာတဲ့အစင်းလိုင်းတွေ၊ ပုံရိပ်သဏ္ဍာန်တွေကို သပ်ရပ်စွာဖုံးဖိပေးနိုင်ပါတယ်။

ယောက်ျားလေးတွေကို ရူးသွပ်သွားစေနိုင်တဲ့အတွင်းခံ…….
တကယ်လို့ အထာကျကျနဲ့ ဆွဲဆောင်မှုရှိနေချင်တဲ့မိန်းကလေးတွေ အနေနဲ့ မိတ်ကပ်ပြင်ဆင်မှုအပြင် အတွင်းခံကလည်း အဓိကလက်နက်တစ်ခုဖြစ်ပါတယ်။

ကိုယ့်ဝတ်စုံအတွင်းကနေအနည်းငယ်မျှသာပေါ်နေတဲ့ အတွင်းခံလှလှလေး က ယောက်ျားလေးတစ်ယောက်ကို တစ်ခဏတာ အကြည့်တစ်ချက်မှာတင် ရူးသွပ်သွားစေနိုင်ပါတယ်။

ပြီးတော့လှပပြီးသွယ်လျတဲ့ ခြေတံရှည်ရှည်တစ်စုံ ထက်ပိုပြီးဆွဲဆောင်မှုရှိစေ Advertise here ပါတယ်။

တစ်နေကုန် ဆွဲဆောင်မှုရှိနေစေမယ့်အတွင်းခံ …….

ကိုယ့်အတွင်းစိတ်ထဲက ဆွဲဆောင်မှုရှိနေတယ်လို့ ခံစားနေရတဲ့ အခါ ပြင်ပရုပ်သွင်မှာပါ ဆွဲဆောင်မှုရှိနေစေပါတယ်။

အဲဒီလို ဆွဲဆောင်မှုရှိတဲ့ လှပမှုကို ပိုပြီးထောက်ပံ့ပေးနိုင်တာကတော့ အရည်အသွေးရှိပြီး လှပတဲ့ အတွင်းခံတစ်စုံဖြစ်ပါတယ်။

ကိုယ်ဝတ်ထားတဲ့ဝတ်စုံကို ဘယ်သူ တစ်ဦးတစ်ယောက်မှ မမြင်နိုင်ပေမယ့် ကိုယ်ခန္ဓာအတွင်းခံက ခံစားဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြောင့် ပိုလှပပြီး ဆွဲဆောင်မှုအပြည့်ရှိနေစေပါလိမ့်မယ်။

ရွေးချယ်ရတာပျော်စရာတစ်ခုပါ …….

တစ်ခါတစ်ရံ အတွင်းခံက ကိုယ့်အတွက်အရေးမကြီးလှ ဘူးထင်မြင်နေချိန်မှာတော့ အတွင်းခံဝယ်ရတဲ့အလုပ်ကသာမန်မျှသာဖြစ်ပါတယ်။

ဒါပေမဲ့အတွင်းခံဝတ်စုံ ကောင်းကောင်း တစ်စုံရဲ့ အရေးပါမှုကို သိရှိပြီးချိန် မှာတော့ ရွေးချယ်ရတဲ့အချိန်၊ ဝယ်ယူရတဲ့အချိန်၊ ဝတ်ဆင်ရ တဲ့အချိန်က ပျော်ရွှင်စရာကာင်းနေပါလိမ့်မယ်။

ဖြစ်လာမယ့်ကိစ္စကို ကြိုတင်ပြီးမသိနိုင်ပါ ……….

လူတစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှကြိုတင်ပြီး မသိမြင်နိုင်ပါဘူး။

ဥပမာ-ဆေးရုံလိုမျိုးသွားရမယ့် အရေးပေါ်ကိစ္စမျိုးဆိုပါစို့။

အဲဒါကြောင့် သန့်ရှင်းပြီး လှပဆွဲဆောင်မှုရှိတဲ့ အတွင်းခံဝတ်စုံမျိုး အချိန်မရွေးဝတ်ဆင်ခြင်းကလည်းပြင်ပအဝတ်အစားလှလှပပ ဝတ်ဆင်သလောက်ကို အရေးကြီးပါတယ်။

Credit: satekuupuyar

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အတြင္းခံ ဆိုတာ အမ်ိဳးသားေတြအေနနဲ႔ ဘယ္လိုမွနားမလည္ႏိုင္တဲ့ အရာတစ္ခုပါ။

‘အတြင္းခံ’ လို႔ဆိုလိုရင္ အမ်ိဳးသားေတြရဲ႕ အေတြးထဲ ခ်က္ခ်င္းတန္းေပၚလာတာက လိင္ပိုင္းဆိုင္ရာဆြဲေဆာင္မႈတစ္ခုေပါ့ “။

အမ်ိဳးသားအားလုံးနားလည္မႈလြဲေနၿပီး သတိမမူမိတဲ့အခ်က္ကေတာ့ ကိုယ္ခ်စ္တဲ့မိန္းကေလးကို အတြင္းခံဝယ္ေပးျခင္းကရလာတဲ့ အက်ိဳး ဆက္ေတြပါပဲ။

အမ်ိဳးသားေတြအေနနဲ႔ကေတာ့ အတြင္းခံအဝတ္အစားဆိုတာ မပါမျဖစ္ဝတ္ဆင္ရမယ့္ အရာတစ္ခုသက္သက္သာေပါ့။

မိန္း ကေလးေတြ အေနနဲ႔ကေတာ့ အတြင္းခံဆိုတာ အဝတ္အစားတစ္ခုထက္ ကိုပိုပါေသးတယ္။

လွပတဲ့အတြင္းခံက ယုံၾကည္မႈကို တိုးပြားေစပါတယ္ ….
ကိုယ္ ဘယ္လိုအတြင္းခံမ်ိဳးဝတ္ဆင္ထားတာ ဘယ္သူမွမျမင္ႏိုင္ မသိႏိုင္ေပမယ့္ ကိုယ္ကိုယ္တိုင္ကေတာ့ လုံးဝသိေနပါတယ္။

လွပတဲ့ အတြင္းခံဝတ္ဆင္တာ အမ်ိဳးသမီးတစ္ေယာက္အတြက္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ႀကီးမားတဲ့ယုံၾကည္မႈကို ေပးစြမ္းႏိုင္ပါတယ္။

အဲဒါေၾကာင့္ အလုပ္အင္တာဗ်ဴ; ဝင္တာျဖစ္ေစ၊ ဘယ္လိုေနရာမွာပဲျဖစ္ေနပါေစ ကိုယ္ႏွစ္သက္တဲ့အတြင္းခံ လွလွေလးကိုသာဝတ္ဆင္ပါ။

အျပင္ပန္းၾကည့္႐ုံနဲ႔ မသိသာေပမယ့္ ဝတ္ဆင္လိုက္တဲ့အခါ ယုံၾကည္ မႈက လုံးဝေျပာင္း လဲသြားပါလိမ့္မယ္။

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဆြဲေဆာင္ႏိုင္မႈကို တိုးပြားေစတယ္ အမ်ိဳးသားေတြ အေနနဲ႔ မိန္းကေလးတစ္ေယာက္ရဲ႕ တစ္စြန္း တစ္စေပၚေနတဲ့အတြင္းခံကို ၾကည့္ခ်င္ျမင္ခ်င္ၾကတာ ဆန္းၾကယ္တဲ့အရာတစ္ခုမဟုတ္ပါဘူး။

ဘာမွ်မထူးဆန္းတဲ့အထဲကမွ လွပတဲ့အတြင္းခံကိုေတာ့ ခဏခဏ ၾကည့္ခ်င္ျမင္ခ်င္တာ ေယာက္်ားေလးရဲ႕ သဘာဝပါ။

တစ္ခါတစ္ရံ မိန္းကေလးေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေလ်ာ့နည္းေနတဲ့အခါ ယုံၾကည္မႈတိုးပြားေစဖို႔ လွ်ိဳ႕ ဝွက္ခ်က္ကေတာ့ လွပၿပီး ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ပိုးသားအတြင္းခံတစ္စုံပဲျဖစ္ ပါတယ္။

ဆက္ဆံေရးတစ္ခုအတြက္

အေရးႀကီးဆုံးအတြင္းခံ ……
ညအိပ္ဝတ္စုံက ေႏြးေထြးေပါ့ပါးၿပီး သက္ေသာင့္သက္သာ ျဖစ္ေစပါတယ္။ ဒါေပမဲ့ ခ်စ္သူ(၂)ဦး ဇနီးေမာင္ႏွံ(၂)ဦးရဲ႕ ဆက္ဆံေရးအတြက္ေတာ့ ဘာမွလုပ္ မေပးႏိုင္ပါဘူး။

ဒါေပမဲ့ ညအိပ္ရာဝင္ခ်ိန္မွာ လွပၿပီးဆြဲေဆာင္မႈရွိတဲ့ အတြင္းခံဝတ္စုံ ဝတ္ဆင္ျခင္းက ကိုယ့္အေနနဲ႔ ကိုယ့္ရဲ႕ အိမ္ေထာင္ ဖက္ခ်စ္သူကို ဘယ္ေလာက္ ဆြဲေဆာင္မႈရွိတယ္ ဘယ္ေလာက္ဂ႐ုစိုက္တယ္ဆိုတာ ကိုျပသေပးႏိုင္ၿပီး ကိုယ့္ ကိုယ္ကိုယ္ လွပေအာင္ ေနတယ္ဆိုတာ သူ႔ အတြက္ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတဲ့ အဓိပၸာယ္ကိုေဖာ္ျပေပးရာ ေရာက္ပါတယ္။

အဝတ္အစားကို ၿပီးျပည့္စုံေစမယ့္ အတြင္းခံ ……
အရည္အေသြးျပည့္မီတဲ့အတြင္းခံဝတ္စုံကခႏၶာကိုယ္မွာအံဝင္ခြင္က်ျဖစ္ေနေစၿပီး ျပင္ပကေနဝတ္ဆင္ ထားတဲ့အဝတ္အစားကို ပိုၿပီး ၾကည့္ေကာင္းေစပါတယ္။

အတြင္းခံအဝတ္အစားဆိုတာ သာမန္ဝတ္ စုံတစ္ခု သာမဟုတ္ဘဲအတြင္းကဝတ္ဆင္ထားတဲ့အဝတ္အစားေၾကာင့္ ျဖစ္ေစ၊ ျပင္ပက ဝတ္ဆင္ထားတဲ့ အဝတ္အစားေၾကာင့္ျဖစ္ေစျဖစ္ေပၚလာတဲ့အစင္းလိုင္းေတြ၊ ပုံရိပ္သ႑ာန္ေတြကို သပ္ရပ္စြာဖုံးဖိေပးႏိုင္ပါတယ္။

ေယာက္်ားေလးေတြကို ႐ူးသြပ္သြားေစႏိုင္တဲ့အတြင္းခံ…….
တကယ္လို႔ အထာက်က်နဲ႔ ဆြဲေဆာင္မႈရွိေနခ်င္တဲ့မိန္းကေလးေတြ အေနနဲ႔ မိတ္ကပ္ျပင္ဆင္မႈအျပင္ အတြင္းခံကလည္း အဓိကလက္နက္တစ္ခုျဖစ္ပါတယ္။

ကိုယ့္ဝတ္စုံအတြင္းကေနအနည္းငယ္မွ်သာေပၚေနတဲ့ အတြင္းခံလွလွေလး က ေယာက္်ားေလးတစ္ေယာက္ကို တစ္ခဏတာ အၾကည့္တစ္ခ်က္မွာတင္ ႐ူးသြပ္သြားေစႏိုင္ပါတယ္။

ၿပီးေတာ့လွပၿပီးသြယ္လ်တဲ့ ေျခတံရွည္ရွည္တစ္စုံ ထက္ပိုၿပီးဆြဲေဆာင္မႈရွိေစ Advertise here ပါတယ္။

တစ္ေနကုန္ ဆြဲေဆာင္မႈရွိေနေစမယ့္အတြင္းခံ …….

ကိုယ့္အတြင္းစိတ္ထဲက ဆြဲေဆာင္မႈရွိေနတယ္လို႔ ခံစားေနရတဲ့ အခါ ျပင္ပ႐ုပ္သြင္မွာပါ ဆြဲေဆာင္မႈရွိေနေစပါတယ္။

အဲဒီလို ဆြဲေဆာင္မႈရွိတဲ့ လွပမႈကို ပိုၿပီးေထာက္ပံ့ေပးႏိုင္တာကေတာ့ အရည္အေသြးရွိၿပီး လွပတဲ့ အတြင္းခံတစ္စုံျဖစ္ပါတယ္။

ကိုယ္ဝတ္ထားတဲ့ဝတ္စုံကို ဘယ္သူ တစ္ဦးတစ္ေယာက္မွ မျမင္ႏိုင္ေပမယ့္ ကိုယ္ခႏၶာအတြင္းခံက ခံစားျဖစ္ေပၚလာတဲ့ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈေၾကာင့္ ပိုလွပၿပီး ဆြဲေဆာင္မႈအျပည့္ရွိေနေစပါလိမ့္မယ္။

ေ႐ြးခ်ယ္ရတာေပ်ာ္စရာတစ္ခုပါ …….

တစ္ခါတစ္ရံ အတြင္းခံက ကိုယ့္အတြက္အေရးမႀကီးလွ ဘူးထင္ျမင္ေနခ်ိန္မွာေတာ့ အတြင္းခံဝယ္ရတဲ့အလုပ္ကသာမန္မွ်သာျဖစ္ပါတယ္။

ဒါေပမဲ့အတြင္းခံဝတ္စုံ ေကာင္းေကာင္း တစ္စုံရဲ႕ အေရးပါမႈကို သိရွိၿပီးခ်ိန္ မွာေတာ့ ေ႐ြးခ်ယ္ရတဲ့အခ်ိန္၊ ဝယ္ယူရတဲ့အခ်ိန္၊ ဝတ္ဆင္ရ တဲ့အခ်ိန္က ေပ်ာ္႐ႊင္စရာကာင္းေနပါလိမ့္မယ္။

ျဖစ္လာမယ့္ကိစၥကို ႀကိဳတင္ၿပီးမသိႏိုင္ပါ ……….

လူတစ္ေယာက္အေနနဲ႔ ဘယ္အခ်ိန္မွာ ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွႀကိဳတင္ၿပီး မသိျမင္ႏိုင္ပါဘူး။ ဥပမာ-ေဆး႐ုံလိုမ်ိဳးသြားရမယ့္ အေရးေပၚကိစၥမ်ိဳးဆိုပါစို႔။

အဲဒါေၾကာင့္ သန႔္ရွင္းၿပီး လွပဆြဲေဆာင္မႈရွိတဲ့ အတြင္းခံဝတ္စုံမ်ိဳး အခ်ိန္မေ႐ြးဝတ္ဆင္ျခင္းကလည္းျပင္ပအဝတ္အစားလွလွပပ ဝတ္ဆင္သေလာက္ကို အေရးႀကီးပါတယ္။


 

Embroidery Machines & Services အထည်ပန်းထိုးစက်လုပ်ငန်း ၂၆၄ ခုကိုရှာရန်နှိပ်ပါ။

Read 3888 times
Rate this item
(0 votes)
Tagged under