What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သားကြီးတဲ့ ပျိုမေတို့အတွက် မဖြစ်မနေ လိုအပ်တဲ့ အဝတ်အစားပုံစံ(၆)မျိုး

ပျိုမေတို့အနေနဲ့ ကိုယ့်သူငယ်ချင်းတွေထဲမှာ၊ ဒါမှမဟုတ် ကိုယ် ကိုယ်တိုင်က သူများတွေထက် ကြီးတဲ့ ရင်သားမျိုးကို ပိုင်ဆိုင်ထားသူဆိုရင် အဝတ်အစားရွေးချယ်ရာမှာ နည်းနည်းတော့ အခက်အခဲ ရှိနေနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ အွန်လိုင်းရှော့က မှာလိုက်ရင်လည်း ရင်သားနေရာက အဆင် မပြေ၊ ဟော.. . ရှော့ပင်းမောတွေ သွားဝယ်ရင်လည်း တစ်ထည်ရဖို့ အခေါက်ခေါက် အခါခါ ဆိုင်တွေထဲ ဝင်မွှေရ တဲ့ ဘဝကိုး။ ဒီလိုပြသနာမျိုးဆို ရင်သားကြီးတဲ့ ပျိုမေတွေ အမြဲကြုံရတဲ့ ဘယ်သူမှမသိတဲ့ ဒုက္ခတစ်မျိုးပါ။ ဒီတော့ ခုပြောပြမယ့် အဝတ်အစား (၆)မျိုးလောက်သာ ချစ်တို့မှာ ရှိရင် ဒီပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်နေပါပြီနော်။

 

၁။ ရှေ့ကြယ်သီးတပ်အင်္ကျီများ

ရေတပ် V ကိုလည်ပင်း Lienen Blend အင်္ကျီ

ရင်သားကြီးတဲ့ ပျိုမေတွေ မဖြစ်မနေပိုင်ဆိုင်သင့်တဲ့ အင်္ကျီကတော့ ရှေ့ကြယ်သီးတပ် အင်္ကျီမျိုးတွေပါပဲ။ ဒါပေမယ့် ကြယ်သီးတစ်လုံးနဲ့ တစ်လုံးကြား 'ဟ' မနေအောင်သာ သင့်အနေနဲ့ ဂရုစိုက်ပြီး ဝယ်ရပါလိမ့်မယ်။ ဒီလိုအင်္ကျီမျိုး ဝယ်တော့မယ်ဆို fitting room မှာ ဝတ်ကြည့်ပြီး လက်မြှောက်ကြည့်ပါ။ သေချာစမ်းဝတ်ပြီးမှသာ ဝယ်ပါ။ ဒါမှမဟုတ် ချုပ်ဝတ်မယ်ဆိုရင်လည်း လက်မောင်း၊ ရင်သားအတိုင်းတွေ သေချာပေးပြီး ချုပ်ဝတ်နိုင်ပါတယ်နော်။

 

၂။ ကြိုးတစ်ချောင်းခံဝတ်တာမျိုးကလည်း သင် ရင်သားကြီးလွန်းတာကို အဆင်ပြေစေပါလိမ့်မယ်။

ဆောင်းရာသီ ဖက်ရှင်လေးတွေ - Myanmar Textile & Garment Directory

တစ်ခါတစ်လေ ဘလောက်စ် အင်္ကျီတစ်ထည် ကောက်ဝတ်လိုက်ရင် ရင်သားကြီးတာကို ပိုသိသာသွားစေတာ၊ ဘလောက်စ်က ပါးနေရင် အောက်က ဘရာကို အထင်းသားပေါ်နေစေတဲ့ ပြဿနာကလည်း ရှိပါသေးတယ်။ ဒီပြဿနာကိုတော့ ကြိုးတစ်ချောင်းခံလေး အတွင်းက ဝတ်ပြီး ဖြေရှင်းနိုင်တယ်လေ။ ကိုယ်အပေါ်က ဝတ်မယ့် အရောင်ကနုရင် ကြိုးတစ်ချောင်းကို အသားရောင် ရွှေးနိုင်ပြီး ၊ အပေါ်က ဝတ်မယ့် အရောင်က ရင့်တယ်ဆိုရင်တော့ ကြိုးတစ်ချောင်းကို အနက်ရောင် ရွှေးနိုင်တယ်လေ။

 

၃။ ဘောင်းဘီအောက်ပွ အကားလေးတွေက သင့်ခန္ဓာကိုယ် အချိုးအစားကို ညီသွားစေပါတယ်။

Styling Ideas for Wide-Leg Crop Pants: Patterns and Inspiration | Sew Daily

ချစ်တို့ စိတ်ထဲ ငါ့ခန္ဓာကိုယ်မှာ ရင်သားက ကြီးနေတဲ့အတွက် အပေါ်ပိုင်းက ကြီးနေပြီး အောက်ပိုင်းက သေးနေတယ်လို့ ခံစားရတတ်ပါတယ်။ ဒီလိုဆိုရင် ခုခေတ်စားနေတဲ့ ဘောင်းဘီအောက်နား ပွပွကားကားလေးတွေ ဝတ်ထားပြီး တွဲဖက်ဝတ်ဆင်လိုက်ရင် ခန္ဓာကိုယ်အချိုးအစား ညီသလို ဖြစ်သွားပါပြီ။

 

၄။ ခါးနေရာကျဉ်းတဲ့ dress တွေလည်း ဝတ်စေချင်ပါတယ်။

Pocket Design Turndown Collar Denim Blue Dress | Dress stores online,  Fashion, Necklines for dresses

shirt dress လို့ခေါ်တဲ့ တစ်ဆက်တည်း ခပ်ပွပွ dress မျိုးတွေက ရင်သားကြီးတဲ့သူတွေ ရှောင်ရမယ့်အရာတွေပါ။ ရင်သားကြီးတဲ့သူတွေအနေနဲ့ ဖြစ်နိုင်ရင် ခါးနေရာ ပေါ်လွင်အောင် ဝတ်သင့်ပါတယ်။ ဒါ့ကြောင့် dress တစ်ထည်ရွေးတော့မယ်ဆိုရင် ခါးသိမ်ထားတဲ့ dress မျိုးက ပိုအဆင်ပြေပါလိမ့်မယ်။

 

၅။ လည်ပင်းအလှကို ပေါ်လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံတွေကလည်း ရင်သားကြီးသူတွေအတွက်ပါ။

Women's Shaped Cotton V-neck T-shirt from Lands' End | Womens knit tops,  Women long sleeve, Polo shirt women

သင်က ရင်သားကြီးပေမယ့် တစ်ခါတစ်လေ ဒါကို အားသာချက်အဖြစ် လူတိုင်းငေးရအောင် လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့် ပွဲတက်တဲ့အခါ၊ ဒင်နာပွဲတွေ သွားတဲ့အခါ သင့်လည်ပင်းအလှကို ပေါ်လွင်စေမယ့် V ရှိတ်လည်ပင်းပုံစံ dress တွေ၊ အကျီ၊ ဘလောက်စတာတွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

ဒီလောက်ဆို ရင်သားကြီးတဲ့ ချစ်တို့ အခြေခံမဖြစ်မနေ ရှိသင့်တဲ့အကျီလေးတွေ သိလောက်ပြီပေါ့နော်။

 

Myanmar Textile & Garment Guide

source:i am fashion

Read 1414 times
Rate this item
(1 Vote)