What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပခုံးကျယ်သော ပျိုမေတို့နဲ့ လိုက်ဖက်မယ့် ဖက်ရှင် tips လေးများ

ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် ဘယ်လိုဖက်ရှင်မျိုးလေးတွေက အဆင်ပြေမလဲ ဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

အရေးအကြီးဆုံးအနေနဲ့ ဘော်ဒီက ကိုယ့်အားနည်းချက်လို့ ထင်တဲ့ ဘယ်နေရာမဆို သူ့ကို highlight ပေးထားသလို ဖြစ်မနေအောင် ဝတ်ဆင်ပြီး အခြားနေရာတွေကို အာရုံလွှဲရမယ့် သဘောဟာ ဖက်ရှင်တိုင်းအတွက် အရေးပါနေပါတယ် ခု ပြောပြပေးမှာကလည်း ပခုံးကျယ်သော ပျိုမေတို့အတွက် အဆင်ပြေမယ့် ဖက်ရှင်မျိုးကို နံပါတ်စဉ်လေးတွေနဲ့ ကြည့်သွားလိုက်ရအောင်။

 

(၁) ပခုံးကျယ်တဲ့သူတွေအတွက် အရေးကြီးတာက လည်ပင်းခပ်ဝိုက်ဝိုက်၊ ခပ်ပြဲပြဲ အကျီမျိုးတွေ ရှောင်ဝတ်ရမှာပါ။ အဲ့ဒီအစား V shape လည်ပင်းတွေကို ရွေးနိုင်ပါတယ်။

Stripes Ruffle Overlap Dress - ShopperBoard

 


(၂)ခါးနေရာ ပေါ်လွင်စေမယ့်၊ အထူးသဖြင့် ဘော်ဒီကောက်ကြောင်း ပေါ်လွင်စေမယ့် အဝတ်အစားကို ရွေးချယ်ပြီး အာရုံလွှဲပါ။

V Shape Dress: Buy Online at Best Prices in Myanmar | Shop.com.mm

 


(၃) စကတ်တွေထဲမှာဆိုရင်တော့ tennis skirt အကားလေးတွေ က ပခုံးကျယ်တဲ့ ပျိုမေတွေ ရွေးချယ်သင့်လှပါတယ်။ နောက် အပေါ်အကျီထက် စကတ်ကိုအာရုံရောက်စေမယ့် ဒီဇိုင်းတစ်ခုခုပါတဲ့ စကတ်မျိုး ရွေးပါ။

Korean Street Fashion Editorial: The Tennis Skirt — Seoul Street Fashion  Week

 


(၄) အကျီပဲဖြစ်ဖြစ်၊ dress ဒါမှမဟုတ် jacket စတဲ့ အရာတွေဆိုရင် အပေါ်ပိုင်း crop လုပ်ထားသလို ဖြစ်နေတဲ့ ဒီဇိုင်းမျိုးတွေကို ရှောင်ပြီး dress ဆိုလည်း ခါးနေရာခါး ၊ လည်ပင်း မကျယ်ပဲ အဆင်ပြေမယ့် dress မျိုး ရှာပါ။ အပေါ်ထပ် အင်္ကျီအပါးလေးတွေနဲ့ jacket စတာတွေကို လက်မောင်းနဲ့ တသားတည်း ဖြစ်တာ ရွေးရပါလိမ့်မယ်။

The 12 Jacket Styles That Are Essential in Any Woman's Wardrobe

 


(၅) လက်မောင်းနေရာမှာ ဒီဇိုင်းတွေ လုပ်ထားတဲ့ အကျီ၊ dress၊ jacket စတာတွေကို မဝတ်မိပါစေနဲ့။ အဲ့ဒါတွေက ပခုံးကျယ်တာကို လူတွေပိုသိအောင် ပြလိုက်သလို ဖြစ်သွားစေတတ်လို့ပါ။ အထူးသဖြင့် လက်မောင်း၊ ပခုံးနေရာတွေမှာ ဖော့ခံချုပ်ထားတာ မျိုးတွေ နဲ့ အကျီလက်ဖောင်းစတာတွေပေါ့။

 


(၆) အရောင်ရွေးချယ်မှုကတော့ ဖြစ်နိုင်ရင် အပေါ်ပိုင်းကို နည်းနည်း အရောင်ရင့် ဒါမှမဟုတ် မှောင်တာရွေးပါ။ ဒီဇိုင်းပိုင်းက အဆင်ပြေတယ် ဆိုရင်တော့ ဒီအချက်ကို ထားလိုက်ပါ။

Orange Ribbed Turtleneck Crop Top. This cropped... - Depop

 

(၇)လည်ပင်းအတိ၊ အပိတ်တွေထက် လည်တိုင်ရိုးရှင်းပြီး ပေါ်စေမယ့် အကျီမျိုးရှာဝတ်ပါ။

Dress blouse V Neck T-shirt Shape Wear Korea style blouse mini dress v shape  womenREADY STOCK ?? | Shopee Malaysia

 

(၈)ကိုယ်က skinny jean ဝတ်တတ်တဲ့သူဆိုရင် အပေါ်က plain topလေးတွေနဲ့သာ တွဲပါ။

50+ Best Jeans for Women - Celebrity Jeans We Love

 


ကဲ ဒီလောက်ဆိုရင်တော့ ပခုံးကျယ်တဲ့ ပျိုမေတွေအတွက် fashion tips လေးတွေ ရလောက်ပြီလို့ ထင်ပါတယ်နော်။ အားလုံးပဲ ဖက်ရှင်ကျကျ လှနိုင်ကြပါစေ။

 

Myanmar Textile & Garment Guide

source:i am fashion

Read 1436 times
Rate this item
(1 Vote)