What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အင်္ကျီလည်ပင်းပုံစံနဲ့ လိုက်ဖက်မယ့် မှန်ကန်တဲ့ Jewelry ရွေးချယ်နည်း

မိန်းကလေးတွေအဖို့ တစ်ခါတစ်ရံ လက်ဝတ်ရတနာတွေကို မှန်ကန်အောင်ရွေးချယ်ရာမှာ စိတ်ရှုပ်ဖို့ ကောင်းလှပါတယ်။

အင်္ကျီလည်ပင်းပုံစံနဲ့ လိုက်ဖက်မဲ့ လည်ဆွဲ၊ ဆွဲသီး၊ နားကပ်တွေကို စဉ်းစားရတာလဲ စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဒါကြောင့် သင့်ရဲ့လှပမှုကို ပေါ်လွင်စေပြီး လက်ဝတ်ရတနာတွေကို မှန်ကန်အောင် ရွေးချယ်တတ်စေဖို့ ပျိုမေတို့အတွက် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

သင့်ရဲ့အင်္ကျီလည်ပင်းပုံစံနဲ့ လိုက်ဖက်မယ့် လက်ဝတ်ရတနာတွေကို ဘယ်လို ရွေးချယ်မလဲ?
၁။ ရွပ္အက်ႌ

4 min
ကော်လံပါတဲ့ ရှပ်အင်္ကျီ ၊ dress တွေနဲ့ ဆင်မြန်းဖို့ သေးငယ်ပြီး အံဝင်ခွင်ကျ ဖြစ်စေတဲ့ လည်ဆွဲတွေနဲ့ဝတ်ဆင်နိုင်ပါတယ်။ ဒီဇိုင်းရှုပ်တဲ့ လည်ဆွဲတွေကိုတော့ ကော်လံအောက်မှာဝတ်ဆင်ပါ။ ဒုတိယတစ်ခုကတော့ သင်ဝတ်ဆင်ထားတဲ့ ဘလောက်စ်အင်္ကျီဟာ ရိုးရှင်းတဲ့ဒီဇိုင်းဆိုရင် ရင်ဘတ်နားလောက်မှာ အလှဆင်ဝတ်နိုင်ပါတယ်။

၂။ ပစောက်လည်ပင်းပုံစံ

5 min
လည်ပင်းပေါက်ကျယ်တဲ့ ပုံစံဆိုရင် ကျောက်များပါရှိတဲ့ လည်ဆွဲတွေကို ရွေးချယ်နိုင်ပါတယ်။ ကျောက်ပုံစံလည်ဆွဲတွေရဲ့ ပုံသဏ္ဍန်ဟာ အကြမ်းဖျင်းအားဖြင့် လုံးဝန်းပြီး ချောမွေ့တဲ့ပုံစံဖြစ်သင့်တယ်။

Accessories ရွေးချယ်တဲ့အခါမှာ အခြေခံ သိထားသင့်တဲ့ စည်းမျဉ်း စည်းကမ်းများ

၃။ ရင်ပြတ်လည်ပင်းပုံစံ

6 min
ရင်ပြတ်ပုံစံ dress (သို့) top တွေဟာ အလွန်စတိုင်ကျပါတယ်။ အဲ့လို outfit တွေကို ပါးပြီး ကွက်တိဖြစ်စေမယ့် လည်ဆွဲတွေနဲ့ တွဲဖက် ရွေးချယ်သင့်ပါတယ်။ လက်မှ ဝတ်လေ့ရှိတဲ့ လက်ကောက်ပုံစံ လည်ဆွဲကိုလည်း ဆင်မြန်းနိုင်ပါတယ်နော်။

၎။ လည်ထောင်ပုံစံ

10 min
လည်ထောင်ပုံစံ dress ဒါမှမဟုတ် jacket ကို ဝတ်ဆင်ထားရင် သူ့နဲ့လိုက်ဖက်မှုရှိတဲ့ လည်ဆွဲတွေကတော့ ကြိုးရှည်ဒီဇိုင်းလည်ဆွဲ၊ ချိန်းကြိုးပုံစံဆွဲပြား၊ အလွှာအထပ်ထပ် လည်ဆွဲပုတီးတွေကို ရွေးချယ်နိုင်တယ်။

၅။ V-shape ပုံစံ

8 min
v shape outfit နဲ့ အလိုက်ဖက်ဆုံးကတော့ v-shape ကြိုးပုံစံ လည်ဆွဲပါပဲ။ တြိဂံပုံစံကိုမှ ကျောက်သားနှင့်ပြုလုပ်ထားတဲ့ဒီဇိုင်း၊ ကျောက်တွေကို လိမ်ယှက်ထားတဲ့ဒီဇိုင်းတွေကို ဆင်မြန်းနိုင်တယ်။ ဒါမှမဟုတ် ဆွဲသီးသေးသေးလေးတွေကို လည်း ဝတ်ဆင်နိုင်ပါတယ်။

၆။ လက်တစ်ဖက်သာပါရှိတဲ့ပုံစံ

9 min
အဲ့လို dress တွေဟာ off-shoulder(သို့) top ပုံစံလိုမျိုးဖြစ်ပါတယ်။ ခေတ်ဆန်ပြီး စတိုင်ကျတဲ့ ဖက်ရှင်ပါ။ ဒီလို dress မျိုးနဲ့ လိုက်ဖက်တဲ့ လည်ဆွဲမျိုးကို ရွေးချယ်သင့်ပါတယ်။ ပုံမှန်ဝတ်ဆင်နေကျ လည်ဆွဲထက် နားဆွဲတွေကို ရွေးချယ်ဝတ်ဆင်ပါ။

၇။ ပခုံးပျောက်လည်ပင်းပုံစံ

12 min
လည်ပင်းပေါက်ကျယ်တဲ့အတွက်ကြောင့် ချိန်ကြိုးပုံစံ လည်ဆွဲ၊ ပုသီးလုံးနဲ့ ဆွဲပြားတွေကို ဆင်မြန်းဝတ်ဆင်ပါ။

၈။ စတုရန်းပုံလည်ပင်းပုံစံ

2 min
အရာအားလုံးကို ခြုံငုံကြည့်ပြီး လှပစေဖို့အတွက် အံဝင်ခွင်ကျဖြစ်စေမယ့် စတုရန်းပုံ (သို့) ထောင့်မှန်စတုဂံ ဆွဲသီးကို ရွေးချယ်နိုင်ပါတယ်။

၉။ ခေါင်းစွပ်လည်ပင်းပုံစံ

1 min
ဒီလိုပုံစံကို ဆင်မြန်းတဲ့အခါမှာ မှန်ကန်အောင် ရွေးချယ်တတ်ဖို့လိုအပ်တယ်။ ဝိုင်းပြီး တိုတဲ့ လည်ဆွဲမျိုးကို လည်ပင်းပေါ်မှာ ဝတ်ဆင်နိုင်တယ်။ ဆွဲပြားရှည်တွေကိုတော့ လည်ပင်းအောက်မှာ ဝတ်ဆင်ပါ။

 

Author:TDA

Read 4758 times
Rate this item
(1 Vote)