What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနုပညာရှင်တွေရဲ့စတိုင်လစ်တွေပြောတဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်နည်းများ

အနုပညာရှင်တွေရဲ့စတိုင်လစ်တွေပြောတဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်နည်းများ google

        ကမ္ဘာကျော် အနုပညာရှင်တွေ ဆိုတာက အလွန်အလုပ်များတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အချိန်ဇယားက အနုပညာအလုပ်တွေ

လုပ်ကိုင်ဖို့အတွက် အမြဲတမ်း ပြည့်နေ တတ်ပါတယ်။ ဒါ့ကြောင့် ဆံပင်ပုံစံကို ဘယ်လိုထားရမလဲ၊ ဘယ်လိုအဝတ်အစားဖက်ရှင်ကို ဝတ်ဆင်ရမလဲဆိုတာကို အချိန်ပေးမစဉ်းစားနိုင်တဲ့အတွက် စတိုင်လစ်တွေ ငှားရမ်းလေ့ရှိပါတယ်။

        အနုပညာရှင်တွေရဲ့စတိုင်လစ်တွေကလည်း သူတို့ရဲ့ပညာကို လျှိုမထားဘဲ အမြဲတမ်းဝေမျှလေ့ရှိပါတယ်။ စာဖတ်သူက စတိုင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပဲဖြစ်ပါတယ်။

(1) ဖက်ရှင်ကျဖို့ အရေးကြီးဆုံးအရာက ဘာလဲ
        ဘာအဝတ်အစားတံဆိပ်ကို ဝတ်ဆင်ထားသလဲဆိုတာ အရေးမကြီးပါဘူး။ ဘယ်လိုဝတ်ဆင်ထားသလဲဆိုတာကသာ အဓိကကျတာပါ။ ဖက်ရှင်ကျဖို့ဆိုပြီး ဈေးကြီးပေးဝယ်ရတဲ့တံဆိပ်တွေကို ဝယ်ဝတ်စရာမလိုပါဘူး။ ဈေးသက်သက်သာသာရှိတဲ့ အဝတ်အစားတွေကို စတိုင်ကျကျဝတ်ဆင်ပေးလိုက်ပါ။

11

 

(2) ကိုယ့် ခန္ဓာကိုယ်နဲ့ ကွက်တိကျအောင် ဝတ်ဆင်ပါ။
        ဒီအချက်ကလည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထက်ကြီးတဲ့ အင်္ကျီတွေ ဝတ်ဆင်တဲ့အခါ၊ ဒါမှမဟုတ် သင့်ခန္ဓာကိုယ်ထက် သေးတဲ့အင်္ကျီတွေ ဝတ်ဆင်ခြင်းက သင့်ကိုကြည့်ရဆိုးစေမှာပဲဖြစ်ပါတယ်။

22

 

(3) သင့်ရဲ့ အဝတ်ဘီဒိုကို အမြဲတမ်း အဆင့်မြင့်တင်ပါ။
        သင့်ဖုန်းထဲက App တွေကို Upgrade လုပ်သလိုပဲ သင့်ရဲ့ အဝတ်ဘီဒိုကိုလည်း အမြဲတမ်း Upgrade လုပ်ပေးပါ။ အဝတ်အစားအသစ်ဝယ်တဲ့အခါ ဒိတ်အောက်နေတဲ့ဖက်ရှင်တွေကို မရွေးချယ်ဘဲ နောက်ဆုံးထွက်ဖက်ရှင်တွေကိုသာ ဦးစားပေးရွေးချယ်သင့်ပါတယ်။

33

 

(4) အသုံးအဆောင်ပစ္စည်းအကြီးကြီးတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပါ။
        အသုံးအဆောင်ပစ္စည်းတွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ခါးပတ်ခေါင်းအကြီးကြီးဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် လူကြီးလူကောင်းဆန်တဲ့ဖက်ရှင်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ လက်ပတ်တွေ မဝတ်ဘဲ လက်ပတ်နာရီတစ်ခုတည်း ပတ်ပါ။ လူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးစတိုင်လိုချင်တယ်ဆိုရင်တော့ လက်ပတ်တွေ ဝတ်ဆင်ပေးနိုင်ပါတယ်။

44

 

        ဒီလောက်ဆိုရင်တော့ ကွီးတို့လည်း ဖက်ရှင်ကျကျဝတ်စားတတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိသွားလောက်ပြီလို့ထင်ပါတယ်။ ဖက်ရှင်ကျကျဝတ်ဆင်ရင်း ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားလိုက်ရအောင်။

Source: Fashionbeans.com

Myanmar Textile and Garment Directory

Read 1257 times
Rate this item
(1 Vote)
Tagged under