What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို ပိန်သွယ်တယ်လို့ ထင်ရအောင် ကူညီပေးနိုင်မယ့် Tip (7)ချက်

ကိုယ်အလေးချိန်လျော့ချဖို့အတွက် အစားအစာများကို ချင့်ချိန်စားသောက်ဖို့ မလိုအပ်ပါဘူး။ တခါတရံမှာ သင့်ခန္ဓာကိုယ်ကို ပိန်သွယ်တယ်လို့ ထင်ရစေဖို့ လှည့်ကွက်သုံးပြီး အဝတ်အစားရွေးချယ်တဲ့အခါမှာလည်း အလွန်ရေပန်းစားတဲ့အမှားတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါကြောင့် သင့်ကို ပိန်သွယ်တယ်လို့ထင်ရစေဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတွေရှိပါတယ်။

1.ပွလွန်းတဲ့ အဝတ်အစားတွေကို မဝတ်ဆင်ပါနဲ့

Dont wrap yourself in loose clothing. min

တချို့သောမိန်းကလေးများဟာ သူတို့ရဲ့ပိုလျှံနေတဲ့ အဆီပိုတွေကိုဖုံးကွယ်ဖို့အတွက် အဝတ်အစားပွပွတွေကို ဝတ်ဆင်တတ်ကြတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာ လုံးဝမမှန်ကန်ပါဘူး။ သင့်ခန္ဓာကိုယ်ပိုကြီးတယ်လို့ ထင်စေနိုင်ပါတယ်။ကုတ်အင်္ကျီအရှည်တွေအစား ဂျာကင်တိုတွေကို ရွေးချယ်သင့်ပါတယ်။ နောက်ပြီးတော့ အရောင်တောက်တောက် ဝတ်ဆင်ရမှာကို မကြောက်ရွံ့ပါနဲ့။ အရေးကြီးဆုံးက သင့်နဲ့လိုက်ဖက်မှုရှိတဲ့ အရောင်တွေကို အကောင်းဆုံးပေါင်းစပ်တတ်ဖို့ဘဲဖြစ်တယ်။

2. အရောင်အနုအရင့်များကို သေချာရွေးချယ်ပါ

Choose monochrome looks. min

မနုမရင့် အရောင်များဟာ သင့်ကို ပိန်သွယ်စေတယ်လို့ ထင်စေနိုင်တယ်။ ဥပမာ သံလွင်သီးအရောင်ပုံစံမျိုးပေါ့။ ဒီနည်းလမ်းက သင့်ခန္ဓာကိုယ် ပြေပြစ်လှပပြီး ကြည့်ကောင်းစေမှာပါ။

3. မှန်ကန်တဲ့ အဝတ်အထည်သားကို ရွေးချယ်ပါ

Choose the right fabric and tailoring. min

အဝတ်အစားများရွေးချယ်တဲ့အခါမှာ တတ်နိုင်သမျှ အရည်အသွေးကို အာရုံစိုက်သင့်ပါတယ်။ ပါးလွှာပြီး ကျပ်တဲ့ အင်္ကျီများဟာ သင့်ခန္ဓာကိုယ်ရဲ့အားနည်းချက်တွေကို မီးမောင်းထိုးပြပါလိမ့်မယ်။ ဘယ်ဘက်မှာပြထားတဲ့ပုံရဲ့ အဝတ်အထည်သားက လိုက်ဖက်မှု မရှိတဲ့အပြင် အရည်အသွေးကောင်းမွန်မှုလည်း မရှိပါဘူး။ ညာဘက်ခြမ်းက အဝတ်အထည်သားကတော့ ကောင်းမွန်ပြီး အဆင်ဒီဇိုင်းကလည်း တောက်ပပါတယ်။ ပြီးတော့ v လည်ပင်း ဒီဇိုင်းက ပိုပြီး ကြည့်ကောင်းစေပါတယ်။

4. ဒေါင်လိုက်အစင်းကြောင်းတွေကို ဝတ်ဖို့ ဝန်မလေးပါနဲ့

Dont be scared of stripes. min

ဒေါင်လိုက်ပုံစံ အစင်းတွေဟာ သင့်ခန္ဓာကိုယ်သွယ်လျစေပြီး မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ဖုံးကွယ်ပေးနိုင်ပါတယ်။ ဒီလှည့်ကွက်လေးက သင့်အတွက် အထောက်အကူဖြစ်စေမှာပါ။

အဝတ်အစား ဝတ်ဆင်တဲ့အခါ သိသင့်တဲ့ အခြေခံ စည်းမျဉ်းစည်းကမ်း (၇)ချက်

5. ရှုပ်ထွေးတဲ့ accessories တွေကို မဝတ်ဆင်သင့်ပါဘူး

Stop wearing clunky accessories. min

ဘယ်ဘက်မှာတွေ့ရတဲ့ပုံမှာ ဝတ်ဆင်ထားတဲ့ အရောင်ရင့်လွန်းတဲ့ တီရှပ်ကို အရောင်လင်းတဲ့ ဘောင်းဘီနဲ့ ပေါင်းစပ်ထားခြင်းဟာ ပုံသဏ္ဍန်နှစ်ခုမြင်စေနိုင်တယ်။ ပြီးတော့ အစင်းကြောင်းအိတ်ကို ထပ်ပေါင်းထည့်ထားခြင်းဟာ လေးလံပြီး ပိုပြီးတော့တောင် ရယ်စရာဖြစ်နိုင်တယ်။ ဒါကြောင့်အပေါ်ပိုင်းကို အရောင်လင်းတာ ရွေးချယ်ပြီး အိတ်ကိုတော့ ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။ သင့်ပုံရိပ်ကို သိသိသာသာ ပြောင်းလဲစေမှာပါ။

6. အဆင်ဒီဇိုင်းများကို သေချာဂရုပြုပါ

Be careful with prints min

ကြီးမားရှုပ်ထွေးလှတဲ့ အဆင်ဒီဇိုင်းတွေကို မရွေးချယ်ပါနဲ့။ ဒီလို Pajama ပုံစံ အဝတ်အစားဟာ အမျိုးသမီးတိုင်းနဲ့ ကိုက်ညီမှု မရှိပါဘူး။

7. အလွှာအထပ်အထပ်များကို ပေါင်းထည့်ပါ

Be okay with additional layers. min

အပြာရောင် အင်္ကျီကို အလွှာအတွန့်တွန့်စကပ်နှင့် ပေါင်းစပ်ဖန်တီးခြင်းဟာ အလွန်ကြည့်ကောင်းစေပါတယ်။ ပိုပြီးတော့ ဝတ်စုံကောင်းကောင်းတစ်စုံ ရချင်ရင်တော့ အပေါ်ကနေ ဂျာကင်ထပ်ဝတ်လိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ outfit တစ်ခု ဖြစ်သွားပါပြီ။

 

Author:TDA

Read 6613 times
Rate this item
(3 votes)