What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်မှာရှိတဲ့ ဂျင်းဘောင်းဘီအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး ဘယ်လိုပစ္စည်းလေးတွေ လုပ်ကြမလဲ?

ဂျင်းအဝတ်အထည်တွေဟာ ဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ၊ သူ့ရဲ့ ကြာရှည်ခံတဲ့ အရည်အသွေးကြောင့် ပြန်လည်အသုံးပြုလို့ရတဲ့ Recycle အမျိုးအစားတခုပဲ ဖြစ်ပါတယ်။ ဗီရိုထဲက မတော်တော့တဲ့ ဂျင်းဘောင်းဘီအဟောင်းတွေကို လွှင့်ပစ်လိုက်မယ့်အစား အခုဖော်ပြမယ့် နည်းလမ်းတွေကို အသုံးပြုပြီး ပြန်လည်အသုံးချနိုင်ပါတယ်။

(၁) Apron တွေအဖြစ် ပြန်လည်အသုံးပြုမယ်။

Apr

ဂျင်းဘောင်းဘီအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး မီးဖိုချောင်ထဲမှာ ဝတ်ဆင်တဲ့ ရှေ့ဖုံးခါးစည်း Apron တွေအဖြစ် ဖန်တီးနိုင်ပါတယ်။ ကြယ်သီးတွေ၊ ဂျင်းဘောင်းဘီမှာပါတဲ့ အိပ်ကပ်တွေကိုပါ ပြန်လည်အသုံးပြုပြီး ချုပ်လုပ်မယ်ဆိုရင် သင့်ရဲ့ Apron တွေက အမြင်တစ်မျိုး ဆန်းနေစေမှာ ဖြစ်ပါတယ်။

(၂) ဂျင်းအိတ်

bag

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဂျင်းအိတ်လိုမျိုးကိုပဲ မိမိရဲ့ဂျင်းအဝတ်အစားတွေကို အသုံးပြုပြီး ချုပ်လုပ်နိုင်ပါတယ်။ ဘေးလွယ်အိတ်ကိုမှ ကြိုး အတို၊အရှည် ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးထားတဲ့ ဂျင်းအိတ်လေးတွေက သင့်ကို အထာကျစေနေမှာ ဖြစ်ပါတယ်။

(၃) ခေါင်းအုံးစွပ်

pillow

ဧည့်ခန်းထဲမှာ ထားတဲ့ ခေါင်းအုံးငယ်လေးတွေကို ဂျင်းဘောင်းဘီအစတွေနဲ့ ဖြတ်ညှပ်ကပ် ချုပ်လုပ်ဖန်တီးထားတဲ့ ဂျင်းခေါင်းအုံးစွပ်လေးတွေနဲ့ အလှဆင်ပေးလိုက်မယ်ဆိုရင် သက်သောင့်သက်သာ ရှိစေမယ့်အပြင် စိတ်ဝင်စားဖွယ် ဆန်းသစ်နေမှာပဲ ဖြစ်ပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အိပ်ရာ

petbed

ဂျင်းဘောင်းဘီအဟောင်းတထည်ကို အထဲကနေ အဝတ်စ ခပ်ထူထူတခုခံပြီး ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် အိပ်ရာအဖြစ် ဖန်တီးချုပ်လုပ်နိုင်ပါသေးတယ်။

(၅) မှတ်စုစာအုပ်

jeannote

နေ့စဉ်မှတ်တမ်း ရေးတတ်သူတွေအတွက် တစ်မျိုးဆန်းသစ်နေစေမယ့် Idea တစ်ခုလည်း ဖြစ်ပါတယ်။ မှတ်စုစာအုပ်ရဲ့ အဖုံးကို ဂျင်းသားနဲ့ ဖန်တီးချုပ်လုပ်ပြီး မိမိကြိက်နှစ်သက်ရာ Accessories တွေနဲ့လည်း ထပ်မံအလှဆင်နိုင်ပါသေးတယ်။

Ref: steptohealth.com

Read 527 times
Rate this item
(0 votes)