What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ဟာစတိုင်လ်ကျသူတစ်ယောက်လား???

ကိုယ်ဟာစတိုင်လ်ကျသူတစ်ယောက်လား??? google

ကိုယ့်ရှေ့မှာအမြဲသွားလာနေတဲ့ မိန်းကလေးတစ်ယောက်က အမြဲတမ်းစတိုင်ကျကျနဲ့ လှပနေတယ်ဆိုရင်တော့ ကိုယ်လည်းသူ့လိုလှပနိုင်အောင် နည်းလမ်းလေးတွေသိထားသင့်တယ်နော်။

သူမဒီလိုစတိုင်ကျကျလှပနေသူတစ်ယောက်ဖြစ်နေဖို့ သူမဘာတွေကိုစွဲစွဲမြဲမြဲ လုပ်တတ်လဲ ကြည့်ရအောင်နော်။

၁။ လူနေမှုပတ်ဝန်းကျင်ပေါ်လိုက်ပြီး စတိုင်လ်ကျအောင်ဝတ်ဆင်တတ်တယ်

သူမတို့နေ့စဉ်သွားလာနေရတဲ့ နေရာဒေသကိုလိုက်ပြီး အဆင်မပြေတဲ့ အ၀တ်အစားကိုသူတို့မ၀တ်ဆင်ကြပါဘူး။ သူတို့သင့်တော်လိုက်ဖက်တဲ့ အ၀တ်အစားမျိုးကိုသာ ၀တ်ဆင်ကြလေ့ရှိပါတယ်။

၂။ သူတို့အမြဲအားကျရတဲ့ သူတစ်ယောက်ကို စံထားပြီး တွေးတောပြီး အ၀တ်အစားရွေးချယ်တတ်ကြတယ်

သူတို့မှာလည်း ဖက်ရှင်နဲ့ ပတ်သက်ပြီး အားကျရတဲ့သူတွေရှိနိုင်မှာပါ။ သူအားကျရတဲ့သူဝတ်ထားတဲ့ပုံစံထဲကမှာ ကိုယ်ကဘယ်လိုလေးနဲ့ လိုက်ဖက်တယ်ဆိုတာကို ဥာဏ်လေးတွေ ကွန့်ပြီး ၀တ်ဆင်တတ်ကြပါတယ်။

၃။ ရာသီဥတုအနေအထားနဲ့ အညီဝတ်ဆင်တတ်ခြင်း

စတိုင်လ်ကျကျလှနေတဲ့သူတွေက ရာသီဥတုအခြေအနေကိုလည်းကြည့်တတ်ပါသေးတယ်။ ရာသီဥတုပူနေတဲ့ချိန်မှာ စိတ်ကျဉ်းကျပ်စေမဲ့ အ၀တ်အစားမျိုးကို ရှောင်ပြီး တခြားစမတ်ကျစေမဲ့ ဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။

၎။ ရိုးရိုးလေးနဲ့လည်း ကြည့်ကောင်းနေအောင်ဝတ်ဆင်တတ်တယ်

အမြဲတမ်းလန်းနေမှ စတိုင်လ်ကျနေတာမဟုတ်ပါဘူးနော်။ ဂျင်းဘောင်းဘီလေးနဲ့ တီရှပ်လေးကို ၀တ်ဆင်ပြီး အထာကျကျလှနေတတ်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့လိုက်ဖက်ညီတာကိုရွေးချယ်တတ်ကြလို့ပါပဲ။

၅။ အတွင်းခံရွေးချယ်တတ်ခြင်း

အတွင်းခံအဆင်မပြေရင်ဘယ်လောက်စမတ်ကျတဲ့အကျီဝတ်ထားပါစေ အချည်းနှီးပါပဲ။ စတိုင်လ်ကျတဲ့ အမျိုးသမီးတွေက သူတို့ဝတ်ဆင်တဲ့ အတွင်းခံကိုလည်း ဂရုစိုက်တတ်ကြပါတယ်တဲ့နော်။

၆။ ကြိုတင်စီစဉ်ထားခြင်း

စတိုင်လ်ကျတဲ့ အမျိုးသမီးအများစုဟာ အပြင်သွားခါနီးမှ အ၀တ်အစားရှာရတာထက် တစ်ညအလိုကြိုပြီး ထုတ်ထားတာပဲဖြစ်ဖြစ် စဉ်းစားထားတာပဲဖြစ်ဖြစ်လုပ်တတ်ကြပါတယ်။ ကပ်ပြီးမလုပ်တဲ့အတွက် စိတ်အလိုမကျလည်းမဖြစ်တော့ပါဘူး။ စိတ်လေးကြည်လင်နေတာနဲ့အတူ သူတို့ရဲ့ ပုံစံဟာလည်း စမတ်ကျပြီး တက်ကြွလန်းဆန်းနေမှာပဲဖြစ်ပါတယ်။

၇။ အဆင်တန်ဆာရွေးချယ်တာကိုလည်း သတိထားတတ်ခြင်း

ကိုယ်နဲ့လည်းလိုက်ဖက်ရမယ် ခေတ်နဲ့လည်းညီမဲ့ အဆင်တန်ဆာတွေကို အမြဲရွေးချယ်ဝယ်ယူထားတတ်တာကြောင့် အ၀တ်အစားနဲ့လိုက်ဖက်တာကိုအလွယ်တကူတွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။

၈။ ဖိနပ်စီးတဲ့နေရာမှာလည်း သင့်တော်ရာကိုရွေးတတ်ခြင်း

မိန်းကလေးတို့အနေနဲ့ အမြဲတမ်းဒေါက်ဖိနပ်စီးပြီးသွားလို့ အဆင်ပြေတဲ့နေရာရှိသလို မပြေတဲ့နေရာလည်းရှိပါတယ်။ ဘယ်ချိန်မှာ ဘာစီးသွားရမလဲဆိုတာကိုလည်း ဂရုတစိုက်နဲ့ရွေးချယ်တတ်ကြပါတယ်တဲ့။

ဒီအချက်လေးတွေကို ကိုယ်လည်း ဂရုစိုက်လိုက်မယ်ဆိုရင် အမြဲတမ်းစတိုင်လ်ကျလှပေနေတဲ့ ပျိုမေလေးတစ်ယောက်ဖြစ်သွားမှာနော်။

Myanmar Textile and Garment Directory 

Read 1199 times
Rate this item
(0 votes)