What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရာသီဥတုနှင့် လိုက်ဖက်အောင် ဝတ်ဆင်နိုင်ဖို့

နေ့ နှင့် ည တစ်လှည့်စီ ပြောင်းလဲနေသကဲ့သို့ ဖက်ရှင်ဆိုသည်လည်း အမြဲ‌ပြောင်းလဲ လျက်ရှိသည်။ အိုင်ဒီယာ အသစ်အသစ်များဖြင့် အမြဲ ခေတ်‌‌ရှေ့ပြေးနေနိုင်သကဲ့သို့ ခေတ်နောက်ပြန်လှည့်ကာ အဟောင်းတစ်ဖန် အသစ်ထွင်ကာ မူမပြတ် ပြန်လည် ဆန်းသစ်လေ့ ရှိသည်ကိုလည်း တွေ့ရပါသည်။ သို့သော် ဖက်ရှင်အမြင်အရ အရောင်‌ရွေးချယ်ပုံ၊ ပက်တမ် ပုံဖော်မှု၊ အပြင်အဆင်ပေါင်းစပ်မှုတို့မှာ မည်မျှပင် ခေတ်‌‌ရှေ့ ပြေးနေပါစေ၊ ဘယ်သောအခါမှ မရိုးသွားဘဲ အမြဲပင်တိုင်စံလေ့ရှိသည်မှာ ရာသီအလိုက် အရောင်များဖြင့် တွဲဖက်ဝတ်ဆင်ခြင်းပင် ဖြစ်ပါသည်။

အနောက်နိုင်ငံတွင် နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦး ဟူ၍ ရာသီဥတုလေးမျိုး ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ နွေ၊မိုး၊ဆောင်း ဥတုသုံးခုသာရှိပါသညိ။ ရာသီ အလိုက်အ‌ရောင်ဟု ဆိုရာတွင် ရာသီဥတု တစ်ခုခြင်းတွင် ဖြစ်ပေါ်လေ့ ရှိသော သဘာဝပတ်ဝန်းကျင်မှ မိခင်အလှတရား နှင့် လိုက်ဖက်ညီအောင် တွဲဖက် ဝတ်ဆင်ခြင်းဟု ဆိုနိုင်ပါသည်။ ရာသီတစ်ခုစီတွင် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ကိုယ်ပိုင်ရိုးရာအရောင်များရှိကြပြီး လက်ရှိ ဖက်ရှင်ရေစီးကြောင်းများအရ ထိုအ‌ရောင်နျားနှင့် လိုက်ဖက်ညီအောင် ဝတ်ဆင်ကြပါသည်။

Spring - နွေဦးအရောင် ‌

နွေဦးရာသီအ‌ရောင်သည် ၎င်းကာလပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိသော သဘာဝပတ်ဝန်းကျင်၏ ရောင်စဥ်များကဲ့သို့ပင် အရောင်ဖျော့ဖျော့များကို ကိုယ်စားပြုလျက်ရှိသည်။ အလင်းဖျော့ဖျော့၊ လေညှင်းများတွင် လွှင့်နေသကဲ့သို့ ရောင်စုံသက်တန့်၏ နူးညံ့သောရောင်စဥ်ဖွဲ့စည်းမှု ဗားရှင်း ဖြစ်ပါသည်။ ဆောင်းနှင်းရည်စက်များကြောင့် ပထမဆုံးပွင့်လာကြသည့်နွေဦးပန်းများနှင့် အီစတာပွဲတော်၏ အငွေ့အသက်များ၏ လွှမ်းမိုးမှုများဖြင့် အောက်ပါ နွေဦးအ‌ရောင်များကို သတ်မှတ်ထားကြပါသည်။ အဝါနုရောင် ပိတ်စ အခံတွင် အမည်းရောင် စ‌ပေါ့လုံးများ ပါဝင်သည့် နွေဦးဂါဝန်လေးမှာ နုပျိုမှုကို ဆောင်ကျဥ်းလျက်ရှိသည်ကို မြင်နိုင်ပါသည်။

နွေဦးအရောင်များကတော့ - Pale peach Blush pink Mint green Baby blue Cream Light gray Soft yellow Spring green Lavender

Summer - နွေရာသီ အရောင်

နွေရာသီ အရောင်များသည် တောက်ပပြီး ရဲရင့်သော အသွင်ဆောင်ကာ နံနက်ခင်း ‌‌နေရောင်ခြည်များ၊ ပင်လယ်သမုဒ္ဒရာများ အပြင် နွေရာသီတွင် ပွင့်လေ့ရှိသော ပန်းများ၏ အ‌ရောင်အဆင်းများကို ကိုယ်စားပြုလျက်ရှိသည်။ တောက်ပသော အရောင်များကြားတွင် ထင်ထင်ရှားရှားဖြစ်နေတဲ့ အဖြူရောင်ကို တော့ မမေ့သင့်ပါဘူး။ အ‌ရောင် တော်တော်များများနှင့် လိုက်ဖက်သည့် အဖြူရောင်ဟု နွေရာသီ၏ ပူပြင်းမှုကို အံတုနိုင်သည့် အကောင်းဆုံး ‌ရွေးချယ်စရာ အရောင် တစ်ခုဖြစ်ပါသည်။ အပူစုပ်တဲ့ အနက်ရောင်ကို နွေရာသီအတွက် သတိထားစေလိုပါသည်။ အဖြူရောင်လက်ရှည်တစ်ထည်၊ တော်ဝင်အပြာရောင် ခေါင်းလောင်း ဘောင်းဘီ နှင့် အနီရောင် လည်စည်းကို တွဲဖက်ဝင်ဆင်ပါက တောက်ပ ထက်မြက်သည့် အသွင်ကိုရနိုင်မည် ဖြစ်ပါသည်။

နွေရာသီ အ‌ရောင်များမှာတော့ - White Lemon Yellow Candy Apple Red Mandarin Orange Bold Pink / Fuchsia Turquoise Royal Blue

Fall - ဆောင်းဦးအရောင်

သစ်ရွက်ကြွေစပြုသည့် ဆောင်းဦးကာလတွင် ဆောင်းဦးအရောင်အနေဖြင့် သစ်ရွက်ခြောက်များနှင့် ၎င်းနှင့်ဆက်စပ်ပြီး ဖြစ်‌ပေါ်လေ့ရှိသော သဘာဝ ပတ်ဝန်းကျင် ကို ကိုယ်စားပြုလေ့ ရှိပါသည်။ ဆောင်းဦး ရာသီ၏ အ‌ရောင်တောက်တောက် နှင့် အတူ သဘာဝ နှင့်ပိုနီးစပ်သည့် ကာလာတုန်းကို ပိုရောက်ရှိပြီး မီးခိုးရောင်နှင့် ဆောင်းရာသီ၏ နို့နှစ်ရောင် အရောကိုလည်း တွဲဖက် ဝတ်ဆင်နိုင်ပါသေးသည်။ ဆောင်ဦးရာသီနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် အရောင်များကတော့ - Browns, ranging from Khaki and Camel to a deep Mahogany and Espresso Muted Mustard Yellow Burnt Orange Hunter Green Darker Purple tones like Mauve and Aubergine Neutrals like cream, and all shades of gray and black

Winter - ဆောင်းရာသီအရောင်

ဆောင်းရာသီတွင် နှင်းများဖြင့် ဖုံးလွှမ်းနေလျက်ရှိသောကြောင့် များသောအားဖြင့် ဖော်ပြစရာ အရောင်များများစားစား မရှိပေ။ အရောင်တောက်တောက် သစ်ရွက်များ ကြွေကျပြီးး နောက် အရိုးပြိုင်းပြိုင်းတွင် ရွက်နုလေးများ‌ဝေသော်လည်း နှင်းများဖုံးလွှမ်းထားသောကြောင့် အရောင်များမှာ ရှင်းလင်းလျက်ရှိပေသည်။ ထိုနည်းစွာ ဆောင်းရာသီတွင် ရိုးရာပွဲတော်များ များပြားသောကြောင့် ပွဲလမ်းသဘင်တက်ရာတွင် မပါမဖြစ် လက်ဝတ်ရတနာ အဆင်တန်ဆာများဝတ်ဆင်ရန် အကောင်းဆုံးရာသီဟုတောင် တင်စားနိုင်ပါသည်။ ရာသီအလိုက် ဆောင်းရာသီအတွက် သင့်လျော်သော အ‌ရောင်များမှာ - White Cream Shades of Brown Black Medium to Dark Gray Deep Ruby Red Dark Purple Emerald Green Sapphire Blue

နောက်ဆုံးတစ်ခု အနေဖြင့် အရှေ့နိုင်ငံ၏ ရာသီဥတု တစ်ခု ဖြစ်သည့် မိုးရာသ အတွက် အရောင်ဖြစ်ပါသည်။ မှိုင်းညို့ညို့ ရာသီ ဥတု အတွက် အကောင်းဆုံးရွေးချယ်မှုမှာ ဆန့်ကျင်ဖက် ဖြစ်သည့် အရောင်တောက်တောက်များပင် ဖြစ်ပါသည်။ အဝါရောင်နှင့် လိမ္မော်ရောင် ‌ရွေးချယ်မှုမှာ မိုးစက်များကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့လျှင် စိတ်ခံစားမှုကို သက်ဝင်လှုပ်ရှားစေသည့် အရောင်များဖြစ်ပါသည်။

သတိပြုစရာတစ်ခုက‌တော့ ရာသီဥတုအနေဖြင့် စိုထိုင်းထိုင်း ဖြစ်စေသည့် အတွက် အနက်ရောင် နှင့် ခဲရောင် အတွဲအစပ်များကိုတော့ ရှောင်ရှားစေလိုပါသည်။ တည်ငြိမ်ခြင်းအတွက် အစိမ်းကို ရွေးချယ်ကာ မိုးရေများကြောင့် အလှမပျက်ဘဲ အေးမြ‌သော အသွင်ကို ဖော်‌ဆောင်‌ပေးမည် ဖြစ်ပါသည်။

ဒီလိုဆိုရင်တော့ ရာသီဥတု အလိုက် ဘယ်လိုအရောင်တွေက လိုက်ဖက်တယ်ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ထိုအရောင်လေးများကို အခြေခံပြီး မိမိစိတ်ကြိုက်ရွေးချယ်ဝတ်ဆင်ပြီး ဖက်ရှင်ရေစီးကြောင်းလေးမှာ စီးမျောနိုင်ကြပါစေ။

By Myanmar Textile & Garment Guide 

Read 730 times
Rate this item
(0 votes)
Tagged under