What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ရည်ကိုယ်သွေးတောက်ပစေဖို့ အရောင်ရွေးချယ်ခြင်း အနုပညာ

ကိုယ်ရည်ကိုယ်သွေးတောက်ပစေဖို့ အရောင်ရွေးချယ်ခြင်း အနုပညာ google

လူမှာအဝတ် တောင်းမှာအကွပ် ဆိုတဲ့အတိုင်း လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သူ့ရဲ့အပြုအမူဟန်ပန်ကို

ဖော်ပြလေ့ရှိပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ဟန်ပန်အမူအယာကို ဘယ်လိုပုံစံမျိုးဖြစ်ချင်တယ်ဆိုတဲ့ ကိုယ့်ရဲ့စိတ်သဘောထားပေါ်မှာ မူတည်ပါလိမ့်မယ်။ ဝတ်စားဆင်ယင်မှုအနေနဲ့ပြောရရင် ကိုယ်သွားမဲ့နေရာ အခမ်းအနားပေါ်မူတည်ပြီး လိုက်ဖက်အောင် ဝတ်ဆင်တတ်ဖို့ဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။

အရောင်များရွေးချယ်တတ်ခြင်းဟာလည်း ကိုယ့်ရဲ့ဟန်ပန်အမူအယာကို ပိုပြီးအသက်ဝင်အောင် ဖန်တီးနိုင်ပါတယ်။

အနက်
ပုံစံတကျနဲ့ ခမ်းနားမှုရှိတယ်၊ ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိတယ်အရောင်လို့ပြောချင်တယ်။

နေဗီအပြာ
ကြည့်ကောင်းတဲ့ပုံစံမျိုးကိုရစေတယ်။ ရိုးရှင်းမှုနဲ့အတူ သဘာဝကျကျလှပစေနိုင်တယ်။

အဖြူ
အရောင်တွေအားလုံးထဲမှ အကောင်းဆုံးအရောင်လို့ပြောရမလားမသိဘူး။ တခြားဘယ်အရောင်နဲ့မဆို လိုက်ဖတ်မှုရှိတယ်။ ကြည်လင်ရှင်းသန့််မှုနဲ့အတူ ဖြူစင်အေးမြမှုသဘောဆောင်တယ်။

မီးခိုး
တည်ငြိမ်အေးချမ်းမှုနဲ့အတူ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေရှိစေတယ်။

တောက်ပသောအရောင်
လိမ္မော်ရောင်တောက်တောက် အစိမ်းရောင်တောက်တောက် စသဖြင့်အရောင်တောက်များဟာ နေရာတိုင်းအတွက် မသင့်လျှော်တာကြောင့် အမြဲဝတ်ဖို့ကောင်းတဲ့အရောင်မျိုး မဟုတ်ပါဘူး။

အရောင်ရင့်ရင့်
နက်ပြာ၊ မီးခိုးရင့်ရင်၊ မဟော်ဂနီ၊ အစိမ်းရင့်ရင်၊ ခရမ်းရင့်ရင့် စသဖြင့်အရောင်ရင့်များဟာ ပိန်သွားတယ်လို့ထင်ရအောင် မျက်လှည့်ပြနိုင်တဲ့ အရောင်မျိုးတွေဖြစ်ပါတယ်။

အရောင်ဖျော့
အဝါနုနု၊ အစိမ်းဖျော့ဖျော့၊ အပြာရောင်လွင်လွင် စသဖြင့်အရောင်ဖျော့များကတော့ လူကိုပိုပြီး ကြီးသယောင်ယောင်ရှိစေတာကြောင့် သတိထားပြီးဝတ်ဖို့ လိုလိမ့်မယ်။

အရောင်တွေကို တွဲဖတ်ဝတ်ဆင်တဲ့အခါ လိုက်ဖတ်မှုရှိမရှိကို အရင်သတိပြုရပါမယ်။ အနက်ရောင်လေး ထည့်ပြီဝတ်ဆင်ခြင်းဖြင့် သန်မာဖျတ်လတ်တဲ့ပုံစံလေးဖြစ်စေတယ်။ အဖြူရောင်လေးနဲ့တွဲဖတ် ဝတ်ဆင်လိုက်ရင်လည်း နုညံ့ညင်သာမှုပုံစံလေးပေါက်နေမှာပါ။ အညိုရောင်တွေတွဲဖတ်ဝတ်ဆင်ခြင်းဖြင့် နွေးထွေးမှုနဲ့အတူ ဖော်ရွေမှုပုံစံလေးဖြစ်နေပါလိမ့်မယ်။ အရောင်ရင့်ရင့်နဲ့ အရောင်နုနုကိုအတူတကွ တွဲဖတ်ဝတ်ဆင်လိုက်မယ်ဆိုရင် အချိုးကျကျနဲ့ လှပနိုင်မှာပါ။ သတိထားရမဲ့အချက်ကတော့ အရောင်သုံးရောင်ထက်မပိုဘဲ ဝတ်ဆင်သင့်တယ်။

Source: Shwe Beauty

Myanmar Textile and Garment Directory

Read 1709 times
Rate this item
(1 Vote)
Tagged under