What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂါဝန်ဝတ်တဲ့အခါ ခန္ဓာကိုယ် သွယ်လျတဲ့ပုံ ပေါက်စေမယ့် နည်းလမ်းများ (၁)

ဂါဝန်ဝတ်တဲ့အခါ ခန္ဓာကိုယ် သွယ်လျတဲ့ပုံ ပေါက်စေမယ့် နည်းလမ်းများ (၁) google

သင် အရမ်းဝနေရင်တောင် ဂါဝန်တစ်ထည်ကို စတိုင်ကျအောင် ဘယ်လိုဝတ်ဆင်နိုင်သလဲ?

ဂါဝန်လှလှလေးဝတ်ချင်ပေမယ့် ဗိုက်အဆီရှိလို့ မလှမှာ စိုးရိမ်နေတဲ့ ပျိုမေတို့အတွက် ဂါဝန်ဝတ်တဲ့အခါ ခန္ဓာကိုယ် သွယ်လျတဲ့ပုံပေါက်စေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မှန်ကန်တဲ့ အမျိုးအစားကို ရွေးချယ်ပါ
ဒါက အရေးပါဆုံးသော အကြံပြုချက်တစ်ခုဖြစ်ပါတယ်။ သင်အရမ်းဝနေရင် (slim fit) ကိုယ်ကျပ်ဂါဝန်တွေက သင့်အတွက် မှန်ကန်တဲ့ရွေးချယ်မှု မဖြစ်နိုင်ပါဘူး။ အထပ်ထပ်လေးတွေ ခေါက်ပြီးချုပ်ထားတဲ့ ဂါဝန်လေးတွေ၊ အထပ်တွန့်လေးတွေပါတဲ့ အဝတ်အစားတွေကို ရွေးချယ်ဖို့ ကြိုးစားပါ။ A line ဂါဝန်တွေကလည်း ခန္ဓာကိုယ်ကို ရှည်၊ သွယ်စေတဲ့ impression တစ်ခုကို ဖန်တီးဖို့ ကူညီပေးပါတယ်။

၂။ အရောင် ရင့်ရင့်ကိုရွေးပါ
အရောင်ရင့်ရင့်ဂါဝန်တွေက ခန္ဓာကိုယ်ပိန်သွယ်စေတဲ့ impression တစ်ခုကို ဖန်တီးပေးပါတယ်။ အနက် သို့ အနီရောင် မိုနိုခရုမ်ဂါဝန်ကို ရွေးချယ်ပါ။ accessorize လေးတွေထည့်လိုက်ရင် သင့်ကိုပိုပြီး စတိုင်ကျစေနိုင်ပါတယ်။ ဒီ Look က အကိတ်မမတွေကို ပြေပြေပြစ်ပြစ်ဖြစ်စေပြီး အဓိကပြဿနာနေရာတွေကို ဖုံးကွယ်ပေးပါတယ်။

၃။ ဒေါင်လိုက်အစင်းကျားကို ရွေးချယ်ပါ
ဒေါင်လိုက်အစင်း ဂါဝန်ရှည်ကို ရွေးချယ်ခြင်းက အိုင်ဒီယာကောင်းတစ်ခုဖြစ်ပါတယ်။ ဒါက အရပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျတဲ့ illusion ကိုဖန်တီးပေးပါတယ်။ တင်ပါးကျယ်ပြီး ခါးတုတ်နေတာတွေကို အာရုံစိုက်မိတော့မှာ မဟုတ်ပါဘူး။

၎။ ဘေးဘောင်ကွက်ပါတဲ့ ဂါဝန်
တစ်ထည်လုံးအစင်း ဝတ်မယ့်အစား ဒီဘေးနှစ်ဘက် အစင်းလိုင်းက ခန္ဓာကိုယ်ရဲ့ ဘေးတွေကို သွယ်သွားစေပါတယ်။ ဒါက သင့်ခါးကို သေးငယ်သွားသယောင်ဖြစ်စေပြီး အရပ်ရှည်တဲ့ပုံလည်း ပေါက်စေပါတယ်။

၅။ အဆင်နုတ်နုတ်လေးတွေ
ဂါဝန်အဆင်ရွေးတဲ့အခါ အပွင့်ကြီးကြီးတွေ၊ Print ဒီဇိုင်းကြီးကြီးတွေ မရွေးချယ်ပါနဲ့။ အပွင့်နုတ်နုတ်လေးတွေ ပါတဲ့ဂါဝန်ကို ရွေးချယ်ပါ။ အဆင်ဒီဇိုင်းကြီးကြီးတွေက သင့်ခန္ဓာကိုယ်ကို ပိုကြီးသယောင်ဖြစ်စေပြီး အဆင်ဒီဇိုင်းသေးသေးလေးက ကိုယ်ကာယပုံပန်းသဏ္ဍန်ကို သေးသွယ်စေတဲ့ အထင်အမြင် ကိုပေးပါတယ်။ ဒါ့ကြောင့် အဆင်နုတ်နုတ်လေးတွေပါတဲ့ ဂါဝန် သို့မဟုတ် အစင်းဂါဝန်၊ သို့မဟုတ် မိုနိုခရုမ်ဂါဝန်အမျိုးအစား တစ်ခုခုကို ရွေးချယ်လိုက်ပါ။

Source: Lifestyle Myanmar

Myanmar Textile and Garment Directory

Read 4395 times
Rate this item
(0 votes)