What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အထည်တွေ လျှော်ဖွတ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အမှားများ

အဝတ်အစားတွေကို စင်ကြယ်သန့်ရှင်းဖို့နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် လျှော်ဖွတ်ရာမှာ ဘယ်လို နည်းစနစ်ကျကျ လေ့လာသင်ယူပြီး လျှော်ဖွတ်ရမလဲဆိုတာ လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ရင် အဝတ်အထည်တွေ ခဏလေးနဲ့ ပျက်စီးနိုင်တယ်။ ဘယ်လို အချက်တွေကြောင့် သင့်ရဲ့အဝတ်အစားတွေ မကြာခဏဆိုသလို ပျက်စီးသွားတဲ့ အမှားတွေက ဘာလဲဆိုတာ ကြည့်လိုက်ရအောင်....

1. မသင့်လျော်တဲ့အရာတွေကို စုစည်းခြင်း

Improper sorting min
အရောင်ပါတဲ့ အကျီတွေနှင့် အထည်အမျိုးအစား ပေါ်မူတည်ပြီး သတိထားသင့်ပါတယ်။ ဥပမာ သိုးမွေးနဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို သီးခြားစီဆေးကြောသင့်တယ်။ ပြီးတော့ မျက်နှာသုတ်ပုဝါတွေကို အဝတ်အထည်တွေနဲ့ ရောထွေးမထားပါနဲ့။

2. အစွန်းအထင်းတွေကို မှားယွင်းစွာ ချွတ်တိုက်ခြင်း

Lifting stains in the wrong way. min
အစွန်းအထင်းတွေကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ရင် ပေါက်ပြဲသွားနိုင်တယ်။ သူတို့ကို ညင်ညင်သာသာ ချွတ်ပြီး ဆေးကြောသင့်တယ်။ တားဆီးဖို့ အကောင်းဆုံးနည်းလမ်းကတော့ တချို့အင်္ကျီဖြူတွေမှာ အစွန်းထင်းပေတယ်ဆိုရင် ခဏစိမ်ထားပြီးမှ ချွတ်တိုက်ပေးပါ။

3. ဆပ်ပြာမှုန့်အများအပြားသုံးခြင်း

Using too much washing powder. min
ဒီလို သုံးခြင်းကြောင့် အမြှုပ်တွေ အများကြီး ထွက်နိုင်ပြီး ရှပ်အကျီကော်လံထဲမှာ အမှိုက်သရိုက်တွေ ပိုပြီး ဝင်နိုင်တယ်။ ဒါဟာ ပိုပြီးတော့တောင် ညစ်ပတ်စေပါတယ်။

4. အင်္ကျီဇစ်များကို အထူးဂရုပြုပါ
အဝတ်မလျှော်ခင်မှာ ဇစ်ကို ဖိနှိပ်တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ မတပ်ဆင်ထားဘူးဆိုရင်တော့ တခြားအင်္ကျီတွေနဲ့ ငြိပြီး ပျက်စီးစေနိုင်တာကြောင့်ဖြစ်တယ်။

5. ကြယ်သီးပါတဲ့အဝတ်အစားများ
ကြယ်သီးပါတဲ့ ရှပ်အင်္ကျီတွေကို အမြဲသတိထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် အမြဲတမ်းကြယ်သီးတပ်ပြီး လှမ်းမယ်ဆိုရင်တော့ ချောင်ပြီး ပြုတ်ထွက်တာတွေ ဖြစ်တတ်တယ်။

zippers min

အဝတ်အစားတွေကို စနစ်တကျ သိမ်းဆည်းနိုင်မယ့် နည်းလမ်းများ

6. အရောင်ချွတ်ဆေးများများသုံးခြင်း

Using too much bleach min
အရောင်ချွတ်ဆေးတွေဟာ အဝတ်အထည်တွေကို ပျက်စီးစေနိုင်ပြီး ပေါက်ပြဲတာတွေ ဖြစ်စေပါတယ်။ ဒီလို မပျက်စီးစေဖို့ အရောင်ချွတ်ဆေးကို စွန်းကြီး ၁ဇွန်းနှင့်အတူ သံပုရာရည် နှစ်စက်လောက်ထည့်ပြီး ပွတ်တိုက်ပေးပါ။

7.ရေကူးဝတ်စုံတွေကို အဝတ်လျှော်စက်ထဲမှာ လျှော်ထားခြင်း

Laundering swimming suits in a washing machine min
ရေကူးဝတ်စုံနှင့် အခြား elastic နဲ့ပြုလုပ်ထားတဲ့ အဝတ်အစားတွေကို အဝတ်လျှော်စက်နဲ့ မလျှော်ဖွတ်သင့်ဘူး။ အမှန်ကန်ဆုံးနည်းလမ်းကတော့ လက်ဖြင့်လျှော်ဖွတ်ပြီး ရေအေးနဲ့ ဆေးကြောသင့်ပါတယ်။

8. အဝတ်လျှော်စက်ကို အနားပေးပါ

Giving the washing machine time to rest. min
တချို့သောသူတွေဟာ အဝတ်လျှော်စက်ကို အနားမပေးပဲ အမြဲတမ်းလျှော်ဖွတ်လေ့ရှိကြတယ်။ ဒါဟာ စက်ချို့ယွင်းမှုကိုဖြစ်စေတယ်။

9.တစ်ကြိမ်ထဲမှာ အဝတ်အများကြီး လျှော်ဖွတ်ခြင်း

Washing too many clothes at once min
အဝတ်လျှော်စက်ကို ဝန်ပိစေနိုင်ပြီး စက်ချွတ်ယွင်းမှု ဖြစ်နိုင်တာကြောင့် တစ်ခါထဲနဲ့ အဝတ်တွေကို အများကြီး မလျှော်ဖွတ်သင့်ပါဘူး။

10.အရည်အသွေး ကောင်းမွန်တဲ့ ဆပ်ပြာမှုန့်(သို့)အရည်ကို အသုံးပြုပါ

Using very expensive washing powders and liquids. min
အိမ်တွေမှာ အများစုအနေနဲ့ ဈေးပေါပြီး အရည်အသွေးမကောင်းတဲ့ ဆပ်ပြာမှုန့်တွေကို သုံးတတ်ကြတယ်။ ဆားက အဝတ်အထည်တွေကို တောက်ပအောင်ပြုလုပ်ပေးနိုင်ပြီး မြေဖြူကတော့ အစွန်းအထင်းတွေကို ဖယ်ရှားကူညီပေးပါလိမ့်မယ်။ အဝတ်ပျော့ပြောင်းပြီး အနံ့မွှေးဖို့အတွက် သံပုရာရည်ကို အသုံးပြုနိုင်ပါတယ်။

 

Author:TDA

Read 4882 times
Rate this item
(1 Vote)