What's new
×
Warning
JUser: :_load: Unable to load user with ID: 845
Gym မသွားပဲ ဆွဲဆောင်မှု ပိုရှိစေဖို့
Gym မသွားပဲ ဆွဲဆောင်မှု ပိုရှိစေဖို့ google
Gym မသွားပဲ ဆွဲဆောင်မှု ပိုရှိစေဖို့
သင့်ကိုယ်သင် ဆွဲဆောင်မှု မရှိလို့ မိန်းကလေးတွေနဲ့ ဝင်မရောနိုင်ဘူး ထင်နေပါသလား? ဆွဲဆောင်နိုင်မှုဆိုတာ အများကြီး မကြိုးစားရပါဘူး။
Assassin Creed မှာ Cheatcode ရိုက်ရတာထက်တောင် လွယ်ပါသေးတယ်။ အောက်မှာ အရမ်းလွယ်ကူတဲ့ အကျိုးချက်ချင်းရှိမယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
၁. မျက်နှာက မလိုအပ်တဲ့ အမွှေးအမျှင်တွေအားလုံး ရိတ်ပစ်ပါ
သင့်ကိုယ်သင် မှန်ထဲ ပြန်ကြည့်လိုက်ပါ။ မျက်ခုံးမွှေး စောင်းနေပါသလား။ ပါးမှာ အမွှေးပေါက်နေပါသလား။ နှာခေါင်းမွှေးက အောက်ထိကျနေပါသလား။
ရိတ်ပစ်လိုက်ပါ။ ဘယ်သူမှ သင့်ကို အမွှေးအမျှင်တွေနဲ့ မမြင်ချင်ပါဘူး။
၂. ခွေးမွေးပါ
Instagram “Hot Dudes With Dogs” မှာ follower 200000 ကျော် ရှိပါတယ်။
UK က စစ်တမ်းတစ်ခုမှာ ယောက်ျားတစ်ယောက်က ခွေးဝယ်လိုက်တာနဲ့ ၂၀ ရာနှုန်း ဆွဲဆောင်မှု ပိုရှိသွားပါတယ် တဲ့။
သင်ကိုယ်တိုင် မဝယ်နိုင်သေးရင်တောင် ခွေးတွေနဲ့ ပွတ်သီးပွတ်သပ် နေပေးပါ။
၃. မဆဲပါနဲ့
ကျွန်တေယ်တို့ဟာ အကျင့်ရနေပြီဖြစ်လို့ ဆဲစကားတွေကို လွယ်လွယ်နဲ့ ပြောထွက်တတ်ကြပါတယ်။
အဲဒိအကျင့်ကို ပြင်လိုက်ရင် မိန်းကလေးတွေအတွက် တော်တော် ဆွဲဆောင်မှု ရှိသွားမှာပါ။
၄. နားထောင်ပြီး ရယ်ပါ
လူတိုင်းဟာ သူတို့ကို စိတ်လုံခြုံမှု ပေးနိုင်တဲ့ လူတစ်ယောက်အနားမှာ နေချင်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ ဟာသစကားကို သင် ရယ်လိုက်ရင် သူ့မှာ ကိုယ့်ဘာသာ ယုံကြည်မှု မြင့်တက်သွားစေပါတယ်။
သူမပြောတာတွေကို သင်လိုက်နားထောင်ပေးတယ်ဆိုတာလဲ သိသွားပါတယ်။
၅. နှစ်ယောက်တွဲသွားနေရင် ဖုန်းတွေကို အဝေးမှာ ထားခဲ့ပါ
သင် ကြိုက်နေတဲ့ လူအနားရောက်ရင် နည်းနည်းတော့ ရှက်မှာပါ။
ဒါပေမယ့် ဘယ်တော့မှ သင်တို့နှစ်ယောက်ကြားကို ဖုန်းဝင်မလာပါစေနဲ့။ CoC Worker အားနေတာဟာ သူမထက် အရေးကြီးပါသလား??
၆. တန်တဲ့ အင်္ကျီကိုပဲ ဝတ်ပါ
Body Fit အင်္ကျီတွေဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ အင်္ကျီပွပွကြီးတွေကလဲ သူမအတွက် အမြင်ကပ်စရာ ကောင်းနေမှာပါ။ သင်နဲ့ တန်တဲ့ အင်္ကျီကိုပဲ ဝတ်ပါ။
၇. စာဖတ်ပါ
စာအုပ်နဲ့ ဖတ်ခိုင်းတာပါ။ စာအုပ်ဖတ်တာဟာ သင့်မှာ ရည်ရွယ်ချက် ရည်မှန်းချက် ရှိကြောင်း ပြရာရောက်ပါတယ်။
Tablet တွေ ဖုန်းတွေ ခေတ်စားနေတဲ့ ခေတ်ကြီးမှာ စာအုပ်နဲ့ Old Fashion ကလဲ သင့်ကို စွဲဆောင်မှု ရှိစေပါတယ်။
၈. ကိုယ်ခန္ဓာ ပုံစံက အရေးပါပါတယ်
သင့်အမေ သင့်ကို မတ်မတ်နေခိုင်းတာ မှန်ပါတယ်။ မတ်မတ်နေတာဟာ သင့်ကိုယ့်ဘာသာ ယုံကြည်မှုကို တိုးတက်စေပြီး မိန်းကလေးတွေကို စွဲလမ်းစေပါတယ်။ အဲဒိအနေအထားက ရဲရင့်မှုနဲ့လဲ ဆက်စပ်နေပါတယ်။
အဲဒါကြောင့် ပခုံးကိုမတ်၊ ခေါင်းကို မော့ပြီး အသက်ပြင်းပြင်းရှုပြီး သူမကို ဖွင့်ပြောလိုက်ပါတော့
<<< Zawgyi ဖြင့်ဖတ်ရန် >>>
၂. ခွေးမွေးပါ
၃. မဆဲပါနဲ့
၎. နားထောင်ပြီး ရယ်ပါ
၇. စာဖတ်ပါ
Creditး Gentleman Magazine
Myanmar Textile and Garment Directory
စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ
Read 1948 times
Rate this item
(0 votes)
Tagged under