What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာထိန်းသိမ်းနည်း ၄ ချက်

ဘရာ(Bra) ဆိုတာက အမျိုးသမီးတိုင်းအတွက်မဖြစ်မနေလိုအပ်တဲ့အရာတစ်ခုဖြစ်သလို

အရည်အသွေးကောင်းတဲ့ဘရာတွေဟာလည်း တန်ဖိုးကြီးပါတယ်။ အရည်အသွေးကောင်းတဲ့ ဘရာတစ်ထည်ကိုအနည်းဆုံးသောင်းကျော်ပေးပြီး ဝယ်ယူရလေ့ရှိတာမို့ တစ်လနှစ်လနဲ့ရွဲသွားတာမျိုးလည်း မဖြစ်အောင်ထိန်းသိမ်းတတ်ဖို့အရေးကြီးပါတယ်။ ဒီတော့ ဘရာတစ်ထည်ကို ဘယ်လိုလျှော်ဖွပ်မလဲ ဘယ်လိုထိန်းသိမ်းမလဲဆိုရင်…

ခဏခဏမလျှော်ပါနဲ့

ဘရာတစ်ထည်ပျက်စီးလွယ်တာက ခဏခဏလျှော်ဖွပ်ခြင်းနဲ့လည်းဆိုင်ပါတယ်။ ရေ၊ ဆပ်ပြာ၊ နေ နဲ့ထိတွေ့မှုများပြီး ပွတ်တိုင်ဆွဲဆန့်မှုဒဏ်ကိုခံရတဲ့အခါ ကျုံ့ဆန့်နိုင်စွမ်းအားနဲ့ပုံစံကျနမှု ယိုယွင်းလာတတ်ပါတယ်။ ဒီတော့ ဘရာတစ်ထည်ဟာ ချွေးမစိုဘူး၊ နံစော်မနေဘူး၊ သန့်ရှင်းနေသေးတယ်ဆိုရင် သုံးကြိမ်လောက်ဝတ်ပြီးမှ တစ်ကြိမ်လျှော်သင့်တယ်လို့ Bendon Lingerie မှ Carol Rashleigh ကအကြံပြုထားပါတယ်။

လျှော်နည်းမမှန်ကန်ခြင်း

ဘရာတွေကို ရေအေးနဲ့ပဲလျှော်သင့်ပါတယ်။ ရေပူနဲ့လျှော်တာက သူ့ရဲ့ကျုံ့ဆန့်နိုင်စွမ်းကိုထိခိုက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ စက်နဲ့လျှော်လို့ရမရ ညွှန်ကြားချက်တွေကိုလည်းအသေအချာဖတ်ဖို့လိုပါတယ်တဲ့။ လက်နဲ့ခပ်ဖွဖွလျှော်တာက ပိုပြီးအဆင်ပြေတယ်လို့ ဆိုပါတယ်။

ရှောင်သင့်တဲ့အရာတွေ

ဘရာကိုလျှော်ဖွပ်တဲ့အခါ အစွန်းချွတ်ဆေးတွေ၊ ဆပ်ပြာမှုန့်အပြင်းစားတွေ မသုံးသင့်ပါဘူး။ ဘရပ်ရှ်နဲ့အတင်းတိုက်လျှော်တာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆပ်ပြာအပျော့စားသုံးပြီး လက်နဲ့ပဲအသာအယာပွတ်လျှော်သင့်ပါတယ်။

စနစ်တကျသိမ်းဆည်းနည်း

ဘရာတွေကိုထားသိုသိမ်းဆည်းတဲ့နေရာမှာ ပုံစံတကျထားသိုဖို့ကလည်း အရေးကြီးပါတယ်။ ဖော့ပါတဲ့ စပရိန်ပါတဲ့ဘရာတွေကို အတင်းခေါက်ချိုးတာမျိုး၊ တစ်ဖက်နဲ့တစ်ဖက်ထပ်လိုက်တာမျိုးလုပ်လို့မရပါဘူး။ အံဆွဲထဲမှာ အပြန့်လိုက်ထားတာမျိုး ဒါမှမဟုတ်ချိတ်နဲ့ချိတ်ပြီးသိမ်းတာမျိုးက အကောင်းဆုံးဖြစ်ပါတယ်။

ကဲ…ဒီတော့ဈေးကြီးပေးဝယ်ထားရတဲ့ ပစ္စည်းလေးတွေကို စနစ်တကျသိမ်းဆည်းပြီး ကြာရှည်အသုံးတည့်နိုင်ကြပါစေနော်။

Read 1349 times
Rate this item
(0 votes)