What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားသစ်တွေကို ဘာကြောင့် လျှော်ဖွတ်ပြီးမှ ဝတ်ဆင်သင့်တာလဲ?

အဝတ်အစားသစ်တွေကို ဘာကြောင့် လျှော်ဖွတ်ပြီးမှ ဝတ်ဆင်သင့်တာလဲ? Google

လူအများစုဟာ တချို့သော အသေးအမွှားကိစ္စလေးတွေကို သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ နေတတ်ကြပါတယ်။

 

ဒါပေမယ့် အဲ့လို အသေးအမွှားကိစ္စလေးတွေကပဲ မိမိတို့ကို ဒုက္ခအကြီးကြီး ပေးတတ်ကြပါတယ်။


အခုလည်း လူအများစု အဝတ်အစားနဲ့ ပတ်သက်လာရင် သတိမထားမိဘဲ ပေါ့ပေါ့ဆဆနေမိတဲ့ အချက်လေးတစ်ခုကိုဖော်ပြပေးချင်ပါတယ်။

 

အဲ့ဒီအချက်လေးကတော့ အဝတ်အစားအသစ်တွေ ဝယ်ယူလာတဲ့အခါမှာ လျှော်ဖွတ်ပြီးမှ ဝတ်ဆင်သင့်တယ်ဆိုတဲ့ အချက်လေးပါ။

 

အဝတ်အစားအသစ်တွေဝယ်ယူလာတဲ့အခါမှာ တစ်ချို့တွေက မလျှော်ပဲဝတ်ဆင်ကြတဲ့သူများပါတယ်။


အဝတ်အစားအသစ် ရနံ့ ကိုကြိုက်နှစ်သက်တဲ့လူရှိသလို အရောင်ဖျော့သွားမှာစိုးလို့ မလျှော်ပဲ ဝတ်ဆင်ကြတဲ့သူတွေလည်းရှိပါတယ်။

 

အဲ့တာကတော့လုံးဝမှားယွင်းနေတဲ့အချက်တစ်ခုပါပဲ။


ဘာကြောင့် အဝတ်အစားသစ်တွေကို ဝယ်ယူလာတဲ့အခါ လျှော်ပြီးမှ ဝတ်ဆင်သင့်လည်းဆိုတာကို တင်ပြပေးလိုက်ပါတယ်နော်။

 

၁။ ဓာတ်မတည့်ခြင်း

 

was1


အဝတ်အစားအများစုဟာ ဓာတုပစ္စည်းများနှင့် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

 

အဝတ်အစားသစ်တွေကို မလျှော်ဖွတ်ပဲဝတ်ဆင်လိုက်တဲ့အခါမှာတော့ အဝတ်အစားတွေမှာ ကပ်ငြိနေတဲ့ ဆိုးဆေးတွေနဲ့ ဓာတုပစ္စည်းတွေက

 

အသားအရေနဲ့ ဓာတ်မတည့်တာမျိုးတွေရှိတတ်ပါတယ်။ကိုယ်နဲ့ ဓာတ်မတည့်ရင်တော့ယားယံခြင်း ၊ အဖုအဖိန့်များထခြင်း

 

စတဲ့ အရေးပြားရောဂါတွေဖြစ်တတ်ပါတယ်။။

 

၂။ Quinoline ဓာတု ပစ္စည်း

 

was2


အဝတ်အစားထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းလိုလိုဟာ သူတို့ ထုတ်လုပ်ထားတဲ့ အဝတ်အစားတွေကို မတင်ပို့မီမှာQuinoline ဆိုတဲ့

 

ဓာတုပစ္စည်းကို အသုံးပြုတတ်ကြပါတယ်။ Quinoline ဓာတု ပစ္စည်းကို ဘာကြောင့်အသုံးပြုရလည်းဆိုတော့ အဝတ်အထည်တွေကို

 

မှိုမတက်စေဖို့နဲ့ ထိုင်းထိုင်းမှိုင်းမှိုင်း မဖြစ်စေဖို့အတွက် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီ ဓာတုပစ္စည်းတွေကလည်း တချို့သောလူတွေနဲ့

 

ဓာတ်မတည့်တာတွေဖြစ်နိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

 

၃။ အခြားသူများစမ်း ဝတ်ဆင်ထားခြင်း

 

was3


အထူးသဖြင့် အင်္ကျီဆိုင်တွေမှာ နောက်ဆုံးကျန်တတ်တဲ့ အဝတ်အစားတွေဟာ အခြားသူတွေ စမ်းသပ်ဝတ်ဆင်ထားကြတာများပါတယ်။

 

အမျိုးမျိုးသော လူတွေ ဝတ်ဆင်ထားတဲ့ အင်္ကျီကို မလျှော်ဖွတ်ပဲဝတ်ဆင်ခြင်းက သင့်ဆီကို အရေပြားပြဿနာတွေ

 

ယူဆောင်လာနိင်ပါတယ်။

 

ဆေးဆိုးပန်းရိုက်လုပ်ငန်းကိုရျာရန်နှိပ်ပါ။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 

လူအမ်ားစုဟာ တခ်ိဳ႕ေသာ အေသးအမႊားကိစၥေလးေတြကို သတိမထားမိဘဲ အမႈမဲ့ အမွတ္မဲ့ ေနတတ္ၾကပါတယ္။

ဒါေပမယ့္ အဲ့လို အေသးအမႊားကိစၥေလးေတြကပဲ မိမိတို႔ကို ဒုကၡအႀကီးႀကီး ေပးတတ္ၾကပါတယ္။

 

အခုလည္း လူအမ်ားစု အဝတ္အစားနဲ႕ ပတ္သက္လာရင္ သတိမထားမိဘဲ ေပါ့ေပါ့ဆဆေနမိတဲ့ အခ်က္ေလးတစ္ခုကိုေဖာ္ျပေပးခ်င္ပါတယ္။

 

အဲ့ဒီအခ်က္ေလးကေတာ့ အဝတ္အစားအသစ္ေတြ ဝယ္ယူလာတဲ့အခါမွာ ေလွ်ာ္ဖြတ္ၿပီးမွ ဝတ္ဆင္သင့္တယ္ဆိုတဲ့ အခ်က္ေလးပါ။

အဝတ္အစားအသစ္ေတြဝယ္ယူလာတဲ့အခါမွာ တစ္ခ်ိဳ႕ေတြက မေလွ်ာ္ပဲဝတ္ဆင္ၾကတဲ့သူမ်ားပါတယ္။

 

အဝတ္အစားအသစ္ ရနံ႔ ကိုႀကိဳက္ႏွစ္သက္တဲ့လူရွိသလို အေရာင္ေဖ်ာ့သြားမွာစိုးလို႔ မေလွ်ာ္ပဲ ဝတ္ဆင္ၾကတဲ့သူေတြလည္းရွိပါတယ္။

 

အဲ့တာကေတာ့လံုးဝမွားယြင္းေနတဲ့အခ်က္တစ္ခုပါပဲ။

 

ဘာေၾကာင့္ အဝတ္အစားသစ္ေတြကို ဝယ္ယူလာတဲ့အခါ ေလွ်ာ္ၿပီးမွ ဝတ္ဆင္သင့္လည္းဆိုတာကို တင္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဓာတ္မတည့္ျခင္း

 

အဝတ္အစားအမ်ားစုဟာ ဓာတုပစၥည္းမ်ားႏွင့္ ျပဳလုပ္ထားတာပဲျဖစ္ပါတယ္။ အဝတ္အစားသစ္ေတြကို

 

မေလွ်ာ္ဖြတ္ပဲဝတ္ဆင္လိုက္တဲ့အခါမွာေတာ့ အဝတ္အစားေတြမွာ ကပ္ၿငိေနတဲ့ ဆိုးေဆးေတြနဲ႕ ဓာတုပစၥည္းေတြက အသားအေရနဲ႕

 

ဓာတ္မတည့္တာမ်ိဳးေတြရွိတတ္ပါတယ္။ကိုယ္နဲ႕ ဓာတ္မတည့္ရင္ေတာ့

 

ယားယံျခင္း ၊ အဖုအဖိန႔္မ်ားထျခင္း စတဲ့ အေရးျပားေရာဂါေတြျဖစ္တတ္ပါတယ္။

၂။ Quinoline ဓာတု ပစၥည္း

 

အဝတ္အစားထုတ္လုပ္တဲ့ ကုမၸဏီတိုင္းလိုလိုဟာ သူတို႔ ထုတ္လုပ္ထားတဲ့ အဝတ္အစားေတြကို မတင္ပို႔မီမွာQuinoline ဆိုတဲ့

 

ဓာတုပစၥည္းကို အသံုးျပဳတတ္ၾကပါတယ္။ Quinoline ဓာတု ပစၥည္းကို ဘာေၾကာင့္အသံုးျပဳရလည္းဆိုေတာ့ အဝတ္အထည္ေတြကို

 

မႈိမတက္ေစဖို႔နဲ႕ ထိုင္းထိုင္းမႈိင္းမႈိင္း မျဖစ္ေစဖို႔အတြက္ အသံုးျပဳျခင္းပဲျဖစ္ပါတယ္။ အဲ့ဒီ ဓာတုပစၥည္းေတြကလည္း တခ်ိဳ႕ေသာလူေတြနဲ႕

 

ဓာတ္မတည့္တာေတြျဖစ္ႏိုင္တယ္လို႔ ပညာရွင္ေတြက သံုးသပ္ထားပါတယ္။

၃။ အျခားသူမ်ားစမ္း ဝတ္ဆင္ထားျခင္း

 

အထူးသျဖင့္ အက်ႌဆိုင္ေတြမွာ ေနာက္ဆံုးက်န္တတ္တဲ အဝတ္အစားေတြဟာ အျခားသူေတြ စမ္းသပ္ဝတ္ဆင္ထားၾကတာမ်ားပါတယ္။

 

အမ်ိဳးမ်ိဳးေသာ လူေတြ ဝတ္ဆင္ထားတဲ့ အက်ႌကို မေလွ်ာ္ဖြတ္ပဲဝတ္ဆင္ျခင္းက သင့္ဆီကို အေရျပားျပႆနာေတြ ယူေဆာင္လာနိင္ပါတယ္။

ေဆးဆုိးပန္းရုိက္လုပ္ငန္းကုိရ်ာရန္ႏွိပ္ပါ။

 

Myanmar Textile and Garment Directory

Read 3466 times
Rate this item
(0 votes)
Tagged under