What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားအရောင်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားအရောင် ရွေးချယ်နည်း

မိမိအသားအရေနဲ့လိုက်ဖက်တဲ့ အ၀တ်အစားအရောင် ကို ရွေးချယ် တက်ဖို့ဟာ လည်း အရမ်းကိုအရေးကြီးပါတယ်။ဒါကြောင့် ကိုယ်အ သားအရေနဲ့လိုက်ဖက် တဲ့ အ၀တ်အစားအရောင်ကို ဘယ်လို ရွေး ချယ်ရမလဲဆိုတာကို ပြောပြပေး ချင်ပါတယ်။

အရင်ဆုံး အသားအရေအရောင် skin tone ကိုသိဖို့ လိုပါတယ်။ paper test ကတော့ အလွယ်ဆုံးနည်းပါ။Paper ကိုယူပြီး အထဲမှာ ပြထားတဲ့ အသား အရောင်တွေနဲ့ မိမိ အသားအရေကို တိုက်ကြည့်စစ်ဆေးပေးရမှာဖြစ်ပါ တယ်။ စစ်ဆေး မှုတွေ မလုပ်ခင်မှာ အရင်ဆုံးမျက်နှာကိုသန့်စင်ပါ။ဘာမှ မလိမ်း ထားတဲ့ မျက်နှာအသားအရောင်နဲ့တိုက်ကြည့်မှာဖြစ်ပါတယ်။ လျှပ်စစ်မီး ရောင်အောက် စစ်ဆေးတာတွေ မလုပ်ပဲ သဘာဝအလင်းရောင်အောက်မှာ သာ စစ်ဆေးပါ။

determining your skin tone 1469847523 746x420

တကယ်လို့အသားအရောင်က အ၀ါ၊အစိမ်း(သို့)ညိုဖျော့ဖျော့ဆိုရင်တော့ ဒီလိုအသားအရေမျိုးကို (warm skin tone)လို့ သတ်မှတ်ပါ တယ်။ ပန်းရောင်၊အနီရောက်(သို့)ပြာတာတာဆိုရင်တော့ (cool skin tone)ပါ။ မီးခိုးရောင်(သို့)ဖြူဖပ်ဖြူရော်ဆိုရင်တော့ (neutral skin tone)ပါ။တကယ်လို့ မျက်နှာမှာ အကြောင်းတစ်ခုခုကြောင့် ရောင်ရမ်းတာတွေဖြစ်နေတယ်၊၀က် ခြံ တွေကြောင့်စပ်ဖြစ်နေ ရင်တော့ နားရွက်ရဲ့အသားအရောင်နဲ့တိုက်ကြည့် စစ်ဆေးနိုင်ပါတယ်။

(၁)warm skin tones

colors for warm skin tones 1469847523 746x420

အပေါ်မှာ ပြထားတဲ့ အရောင်တွေကတော့ warm skin tones အသားအရေ ပိုင်ရှင်တွေ ရွေးချယ်ရမယ့် အရောင်တွေပါ။ဒီလို အရောင်တွေကို ရွေးချယ်ဝတ် ဆင်ခြင်းအားဖြင့် အသားရောင်ကို ထင်ဟပ်နေစေမှာဖြစ်ပါတယ်။အနီ၊မက်မွန် သီးအရောင်၊သန္တာရောင်၊အ၀ါ၊ပယင်းရောင်၊ရွှေနဲ့အ၀ါတို့ကို ၀တ်ဆင်ပေးရမှာပါ။ cappuccino ရောင်၊ခရမ်ကာလာနဲ့မှိုလို မီးခိုးရောင်မျိုးတွေနဲ့လည်း လိုက်ဖက်ပါ တယ်။နီလာရောင်၊အပြာရောင်လို အရောင်မျိုး ကိုတော့ ရှောင်ရပါမယ်။
(၂) cool skin tones

colors for cool skin tones 1469847523 746x420

ပုံမှာပြထားတဲ့ အနုပညာရှင်တွေကတော့ cool skin tones ကာလာ ပိုင် ရှင်တွေပါ။အလိုက်ဖက်ဆုံးအရောင်တွေကတော့ အပြာရင့် ၊မြစိမ်းရောင်၊ ခရမ်းရောင်အရင့်တို့ဖြစ်ပါတယ်။လာဗင်ဒါပန်းရောင်၊ အပြာနု၊ပန်းရောင်တို့ နဲ့လည်း လိုက်ဖက်ပါတယ်။ရှောင်ရမှာကတော့ လိမ္မော်ရောင်၊အနီ နဲ့ အ၀ါ တောက်တောက်တွေပါ။
(၃)neutral skin tones

colors for neutral skin tones 1469847523 746x420

မင်းသမီးဂျိုလီပိုင်ဆိုင်ထားတဲ့ အသားအရောင်မျိုးပါ။ဒီလိုအသားအရေမျိုး ကတော့ အရောင်တောက်တောက်တွေအစား နူးညံ့တဲ့အရောင် အဖျော့မျိုးကို ရွေးချယ်ပေး သင့်ပါတယ်။ပန်းရောင်ဆိုရင်လည်း ခပ်မှိုင်း မှိုင်းပန်းရောင်၊ကျောက်စိမ်းရောင် ၊ပြောင်းဖူးရောင်၊ပင်လယ်ထုံးအိုင်လို အပြာရောင်မျိုးကို ရွေးချယ်သင့်ပါတယ်။ ပန်းခရမ်းလို အရောင်မျိုး နဲ့လည်း လိုက်ဖက်ပြီး တောက်ပတဲ့အရောင်၊ အနီရောင်တောက်တောက်လိုအရောင်မျိုးနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
ဘယ်လိုအသားအရောင်မျိုးနဲ့မဆိုလိုက်ဖက်တာကတော့ ပန်းရောင် အမှိုင်း (မိတ်ကပ်အရောင်လို ခပ်မှိုင်းမှိုင်းအရောင်)ဖြစ်ပြီး၊ အသားဆောင်ပါတယ်။ အပြာနဲ့အစိမ်းရောထားတာလည်း နွေဦးနဲ့ဆောင်းရာသီတို့မှာ ၀တ်လို့ရှိရင် လူတိုင်းနဲ့ကြည့်ကောင်းပါတယ်။တကယ်လို့ ကိုယ့်အ သားအရောင်နဲ့မှောင်ကျ သွားတယ်ထင်ရင် ပုံမှာပြထားတဲ့ ခရမ်းအမှိုင်းကို ရွေးချယ်ကြည့်ပါ။
source:shwemom

Read 1930 times
Rate this item
(2 votes)