What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"mds" ၏ ပဉ္စမမြောက် ဆိုင်ခွဲသစ်ကို Junction Square Shopping Center တွင် ဖွင့်လှစ်ခြင်း

"mds" ၏ ပဉ္စမမြောက် ဆိုင်ခွဲသစ်ကို Junction Square Shopping Center တွင် ဖွင့်လှစ်ခြင်း original

"mds" ၏ ပဉ္စမမြောက် ဆိုင်ခွဲသစ်ကို Junction Square Shopping Center တွင် ဖွင့်လှစ်ခြင်း


"mds"  အမှတ်တံဆိပ် အမျိုးသမီးဝဝတ် Fashion ဆိုင်၏ ပဉ္စမမြောက်ဆိုင်ခွဲသစ်၏ Grand Opening ပွဲကို နိုဝင်ဘာလ (၂) ရက်တွင် ရန်ကုန်မြို့၊ Junction Square ဒုတိယထပ် ဆိုင်ခန်းနံပါတ် #02-053 တွင် ကျင်းပပြီး ထပ်မံဖွင့်လှစ်လိုက်ပါတယ်။

mds myanmar ၏ (၅) ဆိုင်မြောက်ဆိုင်ဖွင့်ပွဲ အထူးအစီအစဉ်အနေနဲ့ တစ်ဆိုင်လုံးကို 15% Off ဖြင့် ရရှိမှာဖြစ်သလို ငွေကျပ် (၈) သောင်းဖိုး တစ်ခါတည်း ဝယ်ယူသူများအတွက် တစ်သက်သာ Member Card ရရှိမှာဖြစ်ပါတယ်။

ပုံမှန်အချိန်တွင် ငွေကျပ်တစ်သိန်းခွဲဖိုး ဝယ်ယူမှသာ Member Card ရရှိမှာဖြစ်ပါတယ်။

Member Card ဖြင့် ဝယ်ယူပါက ပုံမှန် Item များပေါ်မှာ 10% Discount ရရှိမှာ ဖြစ်ပြီး မိမိ၏ မွေးလအတွင်း ဝယ်ယူပါက 20% Discount ဖြင့် အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

ထို့အပြင်  mds ဝတ်စုံဝတ်လာပြီး  ပထမဆုံး လာရောက်ဝယ်ယူသူအယောက် ၅၀ တိတိကို ၅၀% လျှော့ပေးသွားမှာဖြစ်ပြီး mds ဝတ်စုံဝတ်လာသော 51 ယောက်မြောက် Customer မှစ၍ 20% Off လျှော့ပေးသွားမှာဖြစ်ပါတယ်။

"mds"  အမှတ်တံဆိပ်သည် Singapore နိုင်ငံတွင် ထုတ်လုပ်ပြီး Singapore နိုင်ငံရှိ အမျိုးသမီးဝတ် Fashion Brand များအကြား အထူးရေပန်းစားသော နံပါတ်တစ် Brand ဖြစ်ပါတယ်။

Singapore, Malaysia, Cambodia, India နှင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၅ နိုင်ငံမှာ ဆိုင်ခွဲပေါင်း (၂၀) ဆိုင်ဖွင့်လှစ်ထားရှိပြီး အောင်မြင်စွာ ရပ်တည်လျက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် မိတ်ဖက်အနေဖြင့် K Global Co., Ltd မှ ၂၀၁၆ ခုနှစ်ကတည်းကပင် mds အမှတ်တံဆိပ်ကို တင်သွင်းဖြန့်ချီရောင်းချလျက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အခြား Brand များနဲ့ မတူဘဲ mds ၏ တစ်မူထူးခြားတဲ့အချက်မှာ အပတ်စဉ် Design သစ် အမျိုးအစားပေါင်း ၃၀ ကျော် ထွက်ရှိကာ ဈေးနှုန်းအနေဖြင့် ၂၀,၀၀၀ ကျပ် မှ ၈၀,၀၀၀ ကျပ် ဝန်းကျင်ရှိပြီး ဒီဇိုင်းအမျိုးအစားပေါ်မူတည်၍ XS, S, M, L, XL Size မျိုးစုံနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

ဖက်ရှင်ဒီဇိုင်းပေါင်းရာကျော်ရှိပြီး ခေတ်မီဆန်းသစ်တဲ့ အိတ်နဲ့ နားကပ် (Accessory) များကိုလည်း Singapore တွင် ရရှိသည့်အချိန်နှင့် တချိန်တည်း ဝယ်ယူနိုင်မည့်အပြင် ဈေးနှုန်းမှန်ကန်မှုလည်း ရှိပါတယ်။

မြန်မာနိုင်ငံတွင် mds ဆိုင်ခွဲတွေကို တစ်နှစ်လျှင် တစ်ဆိုင်နှုန်းဖြင့် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းလည်း သိရှိခဲ့ရသလို အပတ်စဉ် Giveaway ပေးသော အစီအစဉ်များလည်း ရှိကြောင်းသိရပါတယ်။

MDS myanmar ၏ Facebook Page နှင့် Instagram တွင် ဖက်ရှင်ဒီဇိုင်း အသစ်ထွက်တိုင်း အမြဲမပြတ်တင်ပေးမည်ဖြစ်ပါသောကြောင့် MDS Myanmar (Facebook) နှင့် @mdsmyanmar (Instagram) တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 













 

Myanmar Textile & Garment Directory

Read 1465 times
Rate this item
(0 votes)
Tagged under