What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အတွက်လိုက်ဖက်မယ့်အရောင်ရွေးချယ်နည်း

ကိုယ်နဲ့ မလိုက်ဖက်တဲ့ အရောင်တွေက ကိုယ်ရဲ့ ပင်ကို အလှကိုတောင် ပျောက်ကွယ်စေမှာပါ ။ ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ် ဝတ်ဆင်တဲ့ အခါ စတိုင်လ်ကျ လှပပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးလာစေမှာပါ ။


သင်နဲ့ အလိုက်ဖက်ဆုံး အရောင်ကို သင်သိပါသလား ။
အပြောသာလွယ်တာ တကယ်တမ်း ရွေးရမယ် ဆိုရင် ကိုယ်နဲ့ မလိုက်တာချည်း ရွေးမိနေတတ်ပါတယ် ။
ကိုယ်နဲ့ မလိုက်ဖက်တဲ့ အရောင်တွေက ကိုယ်ရဲ့ ပင်ကို အလှကိုတောင် ပျောက်ကွယ်စေမှာပါ ။
ကိုယ်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ် ဝတ်ဆင်တဲ့ အခါ စတိုင်လ်ကျ လှပပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုတိုးလာစေမှာပါ ။
ဒါပေမယ့် ကိုယ်ကြိုက်တဲ့ အဝတ်အစား ကို ဝတ်နိုင်ပါတယ် ။
ဒါမှ ကိုယ်ကြိုက်တာ ကိုယ်ဝတ်ရလို့ ကျေနပ်နေမှာပါ။
အရောင်ကို သာ မိမိအသား အရေနဲ့ လိုက်ဖက်တာမျိုး ရွေးချယ်ပေးပါ ။
အောက်မှာ ပြောထားတာလေး ကို ဖတ်ကြည့် ပြီးရင် ကိုယ်နဲ့ ဘယ်အရောင်က လိုက်ဖက်မှု ရှိသလဲ ဆိုတာ သိပြီး နောက်ခါ အဝတ်အစားဝယ်ရင် သတိပြုနိုင်မှာပါ ။

 

() အသားညိုတယ် ဆိုရင်

 

tumblr mydxhvQzOl1t9yyrpo1 1280

အသားညိုတယ် ဆိုရင် လင်းတဲ့ အရောင်မျိုး ၊ အရောင် နုနု လေးတွေကို ရွေးချယ်ပေးရမှာပါ ။
ဒါမှ ညိုနေတဲ့ အသားကို အရောင်ဟပ်စေမှာပါ ။
ဥပမာ လိမ္မော်ရောင်အနု ၊ အနီရောင် အနု ၊ အဖြူရောင် တွေက သင့်ရဲ့ အသားအရေကို လင်းစေသလို ဖြစ်ပြီး တောက်ပစေမှာပါ ။
ရှောင်ရမယ့် အရောင်တွေကတော့ အမည်းရောင် ၊ အညိုရောင် ၊ မီးခိုးရောင်တွေပါ ။
အဲ့ဒီ အရောင်တွေက အသားညိုတဲ့ မိန်းကလေး တွေနဲ့ မလိုက်ဖက်ပါဘူး ။
အထူးသဖြင့် နက်ပြာရောင် ၊ ခရမ်းရင့်ရောင် တွေကို လုံးဝ မဝတ်ပါနဲ့ ။ အသားကို ပိုမည်း စေပါတယ် ။
အမည်းရောင်ကောင်းကင်ကြီး နဲ့ တူတယ်လို့ တော့ ဘယ်သူမှ အပြောခံချင်မှာ မဟုတ်ပါဘူး။

() ရွှေဝါရောင် အသားအရေ ဆိုရင်

 

2

သင့် အသားရောင် က ရွှေဝါရောင် ဖြစ်နေမယ် ဆိုရင် သင်က သိပ်ကို ကံကောင်းသူပါ ။
ဘာလို့ လဲဆိုတော့ သင့်အသားအရေ က အရောင် တော်တော်များများ နဲ့ လိုက်ဖက်လို့ ပါ ။
အပန်းရောင်တောက်တောက် ၊ လိမ္မော်ရောင် တောက်တောက် ၊အနီရောင် တောက်တောက် တွေနဲ့ ဆို သင့်ရဲ့ အသားရောင်ကို ပိုပြီး တောက်ပ စေနိုင်ပါတယ် ။
အထူးသဖြင့် အဖြူရောင် ဝတ်တဲ့ အခါ အံ့သြဖွယ်ကောင်းအောင် ကို လှပစေမှာပါ ။
အာရှတိုက် က လူတွေ က ရွှေဝါရောင် အသားအရေ ရှိတာများပေမယ့် ကိုယ့်အသားရောင်ကို ကိုယ်မကြိုက် ကြပါဘူး ။
ဒါပေမယ့် သင်သိလား ။ ဟောလိဝုစ် က နာမည် ကြီး တွေက ရွှေဝါရောင် အသားရောင်မျိုးလိုချင်လွန်းလို့ နေရောင်အောက်မှာနာရီပေါင်းများစွာ နေတတ်ကြပါတယ် ။
ရှောင်ရမယ့် အရောင်တွေကတော့ နည်းနည်းပဲ ရှိတာပါ ။
မီးခိုရင့်ရောင် နဲ့ မီးခိုရောင်များတဲ့ အပြာရောင်တွေပါ။

 

(၃) အသားရောင် လတ်တယ် ဆိုရင်

 

3

 

အသားရောင် က ဖြူလည်း မဖြူ ညိုလည်း မညိုတဲ့ အသားအရေ ဆိုရင် အနီရင့်ရောင် ၊ မြစိမ်းရောင် ၊ အပြာ ရောင်တွေကို ရွေးချယ်ရမှာပါ ။
အပြာရင့်ရောင် ၊ ခရမ်းရင့်ရောင် နဲ့ အပန်းရောင် အနု တွေက သင့်အသားအရေ အရောင်ကို ပိုပြီး ပေါ်လွင် ကြည့်ကောင်းစေမှာပါ ။
သနပ်ခါးရောင်ကဲ့သို့ အဝါရောင် ၊ အရောင်တောက်တောက်တွေ နဲ့ မီးခိုးရောင်တွေကို ရှောင်ရှားရမှာပါ ။
အဲ့ဒီ အရောင်တွေက သင့်အသားရောင် ကို ပိုပြီး ညိုစေမှာပါ။

() အသားဖြူတယ် ဆိုရင်

 

4

အခုနောက်ဆုံး အသားအရေ ကတော့ အသားဖြူတဲ့ သူတွေ အတွက်ပါ ။
အသားဖြူတဲ့ သူတွေက သနပ်ခါးရောင် ၊ အညိုရောင် ၊ အစိမ်းရောင် တောက်တောက်တွေနဲ့ အလွန်လိုက်ဖက်ပါတယ် ။
အပြာရောင် ၊ အပန်းရောင်နုနု ၊ အနီရောင်တွေကသင့်အသားအရေနဲ့ လိုက်ပြီး ဖြူနေတဲ့ အသားရောင်ကို ပန်းနုရောင် အလား ထင်မှတ်စေမှာပါ ။
အသားဖြူတဲ့ အတွက် အရောင် တောက်တောက် တွေနဲ့ လည်း လိုက်ဖက်မှု ရှိပါတယ် ။
ငွေရောင် တောက်တောက် နဲ့ အလွန် ပြိုးပြိုးပျက်ပျက် ဖြစ်စေတဲ့ အရောင်တွေကို တော့ ရှောင်းရှားရမှာပါ ။
အဲ့ဒီ အရောင် တွေက သင့်အသားရောင်ကို အလွန် တောက်ပစေတဲ့ အတွက် ကြည့်လို့ကောင်းမှာ မဟုတ်ပါဘူး ။
မိမိ အသားရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ခြင်းဖြင့် အမြဲတမ်း စတိုင်လ်ကျ လှပစေမှာပါ ။
မိမိရဲ့ အဝတ်စင်မှာ မိမိနဲ့ လိုက်ဖက်တဲ့ အရောင်တွေကို စုထားခြင်းဖြင့် အပြင်သွားတဲ့ အခါ အဝတ်အစားရွေးဖို့ အချိန်ကုန်သက်သာပြီး သင့်ကိုယ်သင် ယုံကြည်မှု ရှိပြီး လိုက်ဖက်တဲ့ ဖက်ရှင်မျိုး ဖြစ်နေစေမှာပါ ။
Source:Lifestyle Myanmar


 

 

Read 1850 times
Rate this item
(4 votes)