What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ကို အသက်ပိုကြီးတယ်လို့ ထင်စေနိုင်တဲ့ အချက် (၁ဝ)ချက်

သင်ရဲ့စတိုင်နှင့် သင်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားတွေဟာ သင့်ကိုယ်ပိုင်အမြင် နှင့် ခံစားချက်တို့ကို သက်ရောက်နိုင်ပါတယ်။ သင်တို့အနေနဲ့ နေ့ရက်တိုင်းအတွက် outfit တွေကို ရွေးချယ်တဲ့အခါ အဲ့ဒီရွေးချယ်တဲ့အပေါ်မူတည်ပြီး သင့်ရဲ့ရုပ်သွင်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ တကယ်လို့ သင်ရွေးချယ်လိုက်တဲ့ အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းတွေက မှားယွင်းမှုရှိမယ်ဆိုရင် အသက်ကြီးတဲ့ ပုံပေါက်စေနိုင်တယ်။

ဒါကြောင့်မှန်ကန်အောင် ရွေးချယ်တတ်ဖို့လိုပါတယ်။ ဘယ်လိုအရာတွေက သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေလဲဆိုတာ ကြည့်လိုက်ရအောင်...

1. သင့်ရဲ့လည်ပင်းတွေကိုဖွင့်ထားပါ

Keep your neck open. min

တကယ်လို့ သင်ငယ်ရွယ်တဲ့ ပုံပေါက်ချင်ရင်တော့ သင့်ရဲ့လည်ပင်းကို မဖုံးကွယ်ထားပါနဲ့။ လည်ပိတ်အင်္ကျီတွေအစား လည်ပင်းအပွင့်အင်္ကျီမျိုးကို ရွေးချယ်ပါ။

2. ရှည်လွန်းတဲ့စကပ်များကို မရွေးချယ်ပါနဲ့

No long skirts. min

စကပ်ရှည်တွေဟာ သင့်ကို ငယ်ရွယ်ပြီး လန်းဆန်းတက်ကြွစေတဲ့ ပုံမပေါက်စေပါဘူး။ ဒီလို ပုံစံတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အဲ့ဒီအစား ဒူးနားလောက်ရှိတဲ့ စကပ်မ်ျိုးကို အစားထိုး ဝတ်ဆင်ပါ။

3. သင့်ရဲ့ သိုးမွေးအင်္ကျီကို အိမ်မှာထားခဲ့လိုက်ပါ

Leave your cardigan at home. min

သင်နှစ်သက်တဲ့ သိုးမွေးအင်္ကျီ ဖြစ်ရင်တောင်မှ စွန့်လွှတ်နိုင်ရင် စွန့်လွှတ်လိုက်ပါ။ တကယ်လို့ အရောင်မွဲနေမယ်ဆိုရင် ပိုပြီးတော့တောင် အသက်ကြီးစေတယ်။ ဂျာကင် (သို့) ဘလေဇာကုတ်များကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

4. လည်စည်းပုဝါတွေကို မဝတ်ဆင်ပါနဲ့

No scarves unless its cold. min

လည်စည်းပုဝါဝတ်ဆင်ခြင်းဟာ အသက်ကြီးတဲ့ပုံပေါက်စေတာကြောင့် မဝတ်ဆင်ရန် ရှောင်ကြဉ်ဖို့ ကြိုးစားသင့်တယ်။ ဒီလိုဝတ်ဆင်မယ့်အစား လည်ပင်းဖွင့်ထားတာက ပိုကြည့်ကောင်းစေပါတယ်။

5. အနက်ရောင်အများကြီး ဝတ်ဆင်ခြင်းကိုရှောင်ကြည်ပါ

Avoid wearing too much black. min

အနက်ရောင်က အလွန်စတိုင်ကျတဲ့ အရောင်ပါ။ သို့သော်လည်း တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ဖို့ ကြိုးစားပါ။ ဒါဟာ သင့်အသားအရောင်နှင့် အရေးအကြောင်းတွေကို မီးမောင်းထိုးပြပါလိမ့်မယ်။ အရောင်တောက်တဲ့ အဝတ်အစားတွေက သင့်ရဲ့မျက်နှာကို ပိုပြီးလင်းစေပါတယ်။

သင့်ကို ကြည့်ကောင်းစေမယ့် အဝတ်အစား ပေါင်းစပ်ရွေးချယ်မှု နည်းလမ်းကောင်းတွေ

6. ပေါ့ပါးတဲ့ မိတ်ကပ်ခြယ်သမှုကို ရွေးချယ်ပါ

Choose light makeup. min

အလွန်အကျွံ မိတ်ကပ်ခြယ်သမှုနှင့် အရောင်တောက်တောက် (သို့) အမှောင်ဘက်သန်းတဲ့ နှုတ်ခမ်းနီတွေကို ခြယ်သခြင်းဟာ မျက်လုံးပိုကြီးစေပြီး အရေးအတွန့်ကြောင်းတွေကိုလည်း ပိုပြီး မြင်သာစေတယ်။ အရောင်ဖျော့ဖျော့ခြယ်သမှုဟာ သင့်ကိုငယ်ရွယ်တဲ့ ပုံပေါက်အောင် ကူညီပေးပါလိမ့်မယ်။

7. oversized အဝတ်အစားတွေကို မဝတ်ဆင်ပါနဲ့

Say no to oversized clothing. min

oversized အဝတ်အစားတွေက သင့်ခန္ဓာကိုယ်ကို ပိုကြီးပြီး ပိုဝတယ်လို့ထင်စေနိုင်တယ်။ ဒါကြောင့် အားကစားလုပ်တဲ့အခါမှသာ ဝတ်ဆင်ပါ။ သင့်ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်ပြီး ပေါ်လွင်စေမယ့် အဝတ်အစားမျိုးကို ရွေးချယ်ပါ။

8. ဖြစ်နိုင်ရင် မျက်မှန်တပ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

Avoid wearing glasses if possible. min

ကျန်းမာရေးကြောင့် မျက်မှန်တပ်ရတယ်ဆိုပေမယ့် သင့်ကို အသက်ကြီးစေတယ်လို့ ထင်ရပါတယ်။ ဖြစ်နိုင်ရင် မျက်မှန်တပ်ဆင်တာထက် မျက်ကပ်မှန်တပ်ဆင်တာကို ပြောင်းလဲပေးပါ။

9. ပန်းပွင့်ပုံစံအင်္ကျီတွေကို အဝေးမှာ ထားခဲ့လိုက်ပါ

Stay away from floral prints. min

ပန်းပွင့်ဒီဇိုင်း dress နှင့် ဘလောက်စ်အင်္ကျီတွေက ခေတ်ဟောင်းဖက်ရှင်တစ်ခုလိုပါပဲ။ မလိုက်ဖက်ပါဘူး။ အဲ့ဒီအစား ရှပ်တွေကို ရွေးချယ်သင့်ပါတယ်။

10. ဆံပင်အတိုမထားပါနဲ့

Dont cut your hair short. min

ဆံပင်တိုဟာ တကယ့်ကို စတိုင်ကျစေပါတယ်။ ဒါပေမယ့် သင့်ရဲ့ လက်ရှိ သက်အရွယ်ထက် နှစ်ဆပိုပြီး ပေါင်းထည့်သလို ဖြစ်သွားနိုင်တယ်။ ဆံပင်အရှည် (သို့) ဆံပင်ဂုတ်ဝဲပုံစံတွေကို ထားနိုင်ပါတယ်။ ငယ်ရွယ်တယ်လို့ ထင်စေမှာပါ။

 

Author:TDA

Read 6352 times
Rate this item
(1 Vote)