What's new
×
Warning
JUser: :_load: Unable to load user with ID: 845
2020 မှာ အမျိုးသားတွေအတွက် ဘယ်အရောင်တွေကခေတ် စားလာမလည်း
2020 မှာ အမျိုးသားတွေအတွက် ဘယ်အရောင်တွေကခေတ် စားလာမလည်း google
ဖက်ရှင်ဆိုတာ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရာတစ်ခုပါ။ ခေတ်ရေစီးကြောင်းအလိုက် ဖက်ရှင်တွေကလည်းပြောင်းလဲလို့လာပါတယ်။ အခုခေတ်မှာဆိုရင် ယောကျာ်းလေးတွေကပါ ဖက်ရှင်
ကိုလိုက်စားလာတာကိုတွေ့ရပါတယ်။
ကိုယ့်ကိုကိုယ်ယုံကြည် မှုတိုးစေတာကလည်း ကိုယ်ဝတ်ဆင်တဲ့ဖက်ရှင်ပေါ်မှာ လည်းအများကြီးမူတည်နေပါတယ်။ အခုလည်းဘော်ဒါတွေအတွက် 2020 မှာဘယ်လို ကာလာတွေကခေတ်စားပြီး ဘယ်လိုဖက်ရှင်တွေနဲ့ ပျိုမေတွေကို ဆွဲဆောင်ရမ
လည်း ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အနက်ရောင်
အနက်ရောင် ဖက်ရှင်တွေကတော့ ဘယ်တော့မှ ရိုးအီမသွားတဲ့ ဖက်ရှင်တွေပါ။ အမျိုးသားတိုင်းကြိုက်နှစ်သက်
တဲ့ အရောင်တွေထဲမှာ အနက်ရောင်ဖက်ရှင်ကတော့ မပါမဖြစ်ပါ။ ပေါ့ပေါ့ပါးပါး အပြင်သွားတာပဲဖြစ်ဖြစ်၊
ပွဲတက်ပဲ ဖြစ်ဖြစ် ဝတ်ဆင်လို့အဆင်ပြေစေတဲ့ အရောင်တစ်မျိုးပါ။
ကာကီရောင်
အမျိုးသားတွေကြိုက်နှစ်သက်တဲ့ အရောင်တွေထဲမှာ ကာကီရောင်ကလည်း ထိပ်ဆုံးကပါမယ် ထင်ပါတယ်။
ကာကီရောင်က ရင့်ကျက်တည်ငြိမ်တဲ့ အသွင်ကိုဆောင်ပါတယ်။ အခြားအရောင်တော်တော်များများ နဲ့လည်း တွဲဖက် ဝတ်ဆင်လို့ အဆင်ပြေစေပါတယ်။
အဝါရောင်
အဝါရောင်ဖက်ရှင်တွေကတော့ လက်ရှိ 2019 မှာ လူငယ်တွေကြားမှာခေတ်စားတဲ့ အရောင်တစ်မျိုးပါ။
အဝါရောင်ဖက်ရှင်က သင့်ကိုလူအများကြားထဲမှာထင်းစေပြီး မြင်သူတိုင်း ငေးကြည့်ရလောက်အောင် စွမ်းဆောင်စေပါတယ်။ 2020 မှာလည်းဆက်လက်ခေတ်စား မယ့်အရောင်တစ်မျိုးပါ။
စစ်စိမ်းရောင်
ဖက်ရှင်နယ်ပယ်မှာ စစ်စိမ်းရောင်နဲ့ပက်သက်တဲ့ အဝတ်အစား အသုံးဆောင်ပစ္စည်းတွေခေတ်စားလာတာကို
သတိထားမိပါသလား။ စစ်စိမ်းရောင် ဟာ တည်ငြိမ် ရင့်ကျက်တဲ့ အသွင်ကိုဆောင်ပါတယ်။ အခြားသော အရောင်တွေနဲ့လည်း လိုက်ဖက်သလို အမဲရောင် ကာကီရောင် တွေနဲ့ကတော့ လုံးဝဖက်ရှင်ကျတဲ့သူတွေ
အမြဲဝတ်ဆင်လေ့ရှိတဲ့ ရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်။
မိုးပြာရောင်
မိုးပြာရောင်တွေကတော့ အမျိူးသားတိုင်းရွေးချယ်သင့်တဲ့ အရောင်တစ်မျိုးပါ။ မိုးပြာရောင်လေးကတော့ မြင်သူတိုင်း အမြင်အေးစေတဲ့ အရောင်တစ်မျိုးပါ။ ဂျင်းရောင်၊ အနက်ရောင်၊ ကာကီရောင် တို့နဲ့လည်းတွဲဖက် ဝတ်ဆင်လို့အရမ်းလိုက်ဖက်တဲ့
အရောင်တစ်မျိုးပါ။ ဖက်ရှင်ကျတဲ့ လူတစ်ယောက်အသွင်မျိုးဆောင်စေတာ
ကြောင့်လည်း ဒီနှစ်အတွင်းမှာလူကြိုက်များတဲ့အရောင်တစ်ရောင်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
အနက်ရောင်
black
ကာကီရောင်
karki
အဝါရောင်
yellow
စစ်စိမ်းရောင်
army green
မိုးပြာရောင်
sky blue
Myanmar Textile & Garment Directory
အိတ်ဆိုင်များ၏လိပ်စာများကိုရှာရန်နှိပ်ပါ။
Read 1554 times
Rate this item
(0 votes)
Tagged under