What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသက် ၂၀ ဝန်းကျင် ကောင်မလေးတွေ အမှတ်တမဲ့ ပြုလုပ်မိတတ်တဲ့ ဖက်ရှင် အမှား (၇) ခု

အသက် ၂၀ ဝန်းကျင် ကောင်မလေးတွေ အမှတ်တမဲ့ ပြုလုပ်မိတတ်တဲ့ ဖက်ရှင် အမှား (၇) ခု google

အသက် (၂၀) ဝန်းကျင်အရွယ်ဆိုတာ မနူးမနပ် ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်စပြုပြီး ရင့်ကျက်တဲ့အရွယ်မတိုင်မီ စပ်ကူးမတ်ကူး အရွယ်ပေါ့။ ဒီအသက်အရွယ်မှာ

ဆယ်ကျော်သက်တုန်းကလိုလည်း မဝတ်ချင် ကိုယ့်အသက်ထက်ပိုရင့်ပုံပေါက်တဲ့ အဝတ်အစားတွေကိုလည်း မဝတ်ချင်သေးတဲ့အခါ အတော် တိုင်ပတ်ပါတယ်။ အဲ့ဒီအခါမှာ ဟိုစပ်စပ်ဒီစပ်စပ် ဝယ်ရင်းနဲ့ ဒီလိုဖက်ရှင်အမှားတွေကို လုပ်မိတတ်ကြပါတယ်နော်။

(၁) သူများတွေက ကိုယ်နဲ့မလိုက်ဘူးဆိုလို့ မဝတ်တာ

တခြားသူတွေက ပိန်လို့ဝလို့ ဒီလိုပုံစံနဲ့ မလိုက်ဘူးလို့ ပြောတဲ့အခါ ဂရုမစိုက်ပါနဲ့။ ကိုယ်ကြိုက်ရင် ဝယ်ပါ ဝတ်ပါ။ သူများတွေရဲ့ဆုံးဖြတ်ချက်တွေက အရေးမပါပါဘူး။

(၂) ဈေးပေါတဲ့ပစ္စည်းတွေအများကြီးဝယ်နေပြီးမှ ကောင်းကောင်းကန်းကန်းတစ်ထည်မှ မရှိဘူးလို့ညည်းတာ

ဈေးပေါတဲ့အထည်တွေ ဝယ်မယ့်အစား အဲ့ပိုက်ဆံကို စုထားရင် အလယ်အလတ် ဘရန်းဒ်အင်္ကျီ ကောင်းကောင်း တစ်ထည် ဝယ်လို့ရပါတယ်။

Read: Over 20 ရောက်လာတဲ့ ကောင်လေးတွေ ဘယ်လို ဝတ်စား ဆင်ယင် သင့်သလဲ

(၃) အင်္ကျီတစ်ထည်ကို နှစ်ခါပြန်မဝတ်တာ

သူများတွေက ဒီအင်္ကျီတစ်ထည်တည်းကိုပဲ ခဏခဏဝတ်နေတယ်ပြောမှာစိုးလို့ ကိုယ့်မှာ ရှိတဲ့ အင်္ကျီအကောင်းတွေကို ချောင်ထိုးမထားပါနဲ့။

(၄) သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေဝယ်တာ

ကိုယ်နဲ့ မတော်လို့ စီးရတာ သက်တောင့်သက်သာ မဖြစ်တဲ့ ဖိနပ်တွေကို လှတာ တစ်ခုတည်းကြောင့်တော့ မဝယ်ပါနဲ့။

(၅) ပျင်းလို့ဈေးဝယ်ထွက်လိုက်တာ

တစ်ချို့ပျိုမေလေးတွေက ပျင်းပျင်းရှိတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်လိုက်ကြတတ်ပါတယ်။ ဒီလိုဝယ်မိတဲ့အခါ ပျိုမေလေးတို့ဆီမှာ မဝတ်ဖြစ်တဲ့အဝတ်အစားတွေ ပုံလာသလို ဘက်ဂျက်လည်းထိခိုက်ပါတယ်နော်။

(၆) တံဆိပ်ကြောင့် ပိုက်ဆံကို ဘုံးပေါလအောသုံးတာ

ပစ္စည်းအရည်အသွေးကို မကြည့်ဘဲ နာမည်ကြီး ဒီဇိုင်နာ ဘရန်းဒ် ဖြစ်တာနဲ့ ပိုက်ဆံတွေ ပုံအောပေးပြီး ဝယ်တာမျိုးကို ရှောင်ပါ။

(၇) Trend နောက်ကိုလိုက်လွန်းတာ

Trend နောက်လိုက်တာ အပြစ်မဟုတ်ပေမဲ့ အလိုက်လွန်ပြီး အသစ်ထွက်သမျှဝယ်နေရင်တော့ ဝယ်လွန်းမိ အပြစ်ရှိပါနော်။ ဖက်ရှင်ရေစီးကြောင်းဆိုတာ ဒီနေရာမှာပဲ အမြဲရပ်နေတတ်တဲ့အမျိုးမဟုတ်လေတော့ ဝယ်လိုက်တဲ့ အင်္ကျီအဝတ်အစားတွေက ခေတ်မစားတော့တဲ့အခါ သက်သက်မဲ့ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာမို့ ကိုယ်နဲ့လိုက်ဖက်မယ့် ကိုယ်ပိုင် စတိုင်လ်တစ်ခုထားပြီး အဲ့အတိုင်းပဲဝတ်သင့်ပါတယ်။

ဒီလောက်ဆိုရင် ပျိုမေလေးတို့လည်း ကိုယ်တိုင် လုပ်မိနေတဲ့ ဖက်ရှင်အမှားတွေကို မြင်ကြလောက်ပြီပေါ့နော်။ အချိန်မီပြင်ဆင်ကြည့်ပါနော်။

 Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1237 times
Rate this item
(0 votes)
Tagged under