What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Over 20 ရောက်လာတဲ့ ကောင်လေးတွေ ဘယ်လို ဝတ်စား ဆင်ယင် သင့်သလဲ

Over 20 ရောက်လာတဲ့ ကောင်လေးတွေ ဘယ်လို ဝတ်စား ဆင်ယင် သင့်သလဲ google

အသက်နှစ်ဆယ်ကျော်အရွယ်မှာ ဖြတ်သန်းရတာတွေဟာ လူတိုင်းအတွက် ခက်ခဲတဲ့အရာတွေပါ။ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်အနေအထားကို

ကူးပြောင်းသွားတဲ့အခါ ချက်ချင်း နေထိုင်ပြုမူမှုတွေပါ ပြောင်းလဲလိုက်ရပါတယ်။ ကလေးဆန်လို့မရတော့သလို အဝတ်အစားတွေပါ ပေါ့ပေါ့ဆဆဝတ်ဆင်လို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ အကြီးအကျယ်ဆုံးပြောင်းလဲမှုတစ်ရပ်ဟာ ကျောင်းသားမဟုတ်တော့ဘဲ လုပ်ငန်းခွင်ထဲကိုဝင်ရမှာပဲဖြစ်ပါတယ်။

နောက်ပြီးဒီအချိန်ဟာလည်း သင့်ခန္ဓာကိုယ်အတွက် Shape လုပ်လို့အကောင်းဆုံးပါ။ ဆယ်ကျော်သက်မှာဝခဲ့လျှင်သော်လည်းကောင်း၊ ပိန်ခဲ့လျှင်သော်လည်းကောင်း၊ ပြင်ယူလို့အလွယ်ဆုံးအရွယ်ပါ။ အရွယ်ရောက်လာတဲ့အမျိုးသားတစ်ယောက်အနေနဲ့ ဘက်ပေါင်းစုံမှာ သင့်ရဲ့အရည်အချင်းတွေကို သွေးဖို့လိုသလို အဝတ်အစားဝတ်တဲ့နေရာမှာလည်း ဆရာကျဖို့လိုလာပါတယ်။ ဒီလိုမျိုးအရွယ်မှာ ဘာတွေဘယ်လိုဝတ်ဆင်သင့်လဲဆိုတာ အနည်းငယ်ဝေမျှပေးချင်ပါတယ်။

(၁) အသက်ငယ်တဲ့အရွယ်ဟာ Trends အတိုင်းလိုက်ဝတ်လို့ အကောင်းဆုံးအရွယ်ပါ။ ခေတ်ရေစီးကြောင်းပြောင်းလဲသလို လိုက်ဝတ်တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အမှားကတော့ Pattern နဲ့ အရောင်ကိုတွဲဝတ်တဲ့အခါမှာ တလွဲဖြစ်တတ်ပါတယ်။ သို့ပေမယ့် ငယ်ဂုဏ်ရှိတော့ ဘာဝတ်ဝတ်ကြည့်ကောင်းနေပါလိမ့်မယ်။ ခန္ဓာကိုယ်အချိုးအစားကော ဖက်ရှင်အမြင်ကော Fresh ဖြစ်နေပါလိမ့်မယ်။ သင်နေရမယ့် ရာစုနှစ်အစကို စတိုင်နဲ့အစပြုသင့်ပါတယ်။

(၂) Golden Rules ကိုအရင်ပြောပြချင်ပါတယ်။ Slim ဖြစ်ပြီး Cutting ရှိတဲ့အဝတ်အစားတွေကို အတတ်နိုင်ဆုံးရှာဝယ်ပါ။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့အရောင်၊ ကြည့်ကောင်းမယ့်ကာလာအနုအရင့်ကို သိထားသင့်ပါတယ်။ ဒါ့အပြင် ကိုယ်နဲ့ဘယ်ဖက်ရှင်က သင့်တော်မလဲဆိုတာကို စမ်းသပ်ပါ။

(၃) ဘာလုပ်သင့်လဲဆိုတာ ပြောပြီးရင်တော့ ဘယ်လိုအဝတ်အစားတွေဝယ်သင့်သလဲဆိုတာကို ပြောပေးချင်ပါတယ်။ သင့်အသက်နှစ်ဆယ်ပတ်လည် အရွယ်မှာရှပ်အင်္ကျီအဖြူ၊ Suit ကောင်းကောင်းတစ်ထည်၊ မီးခိုးရောင် Jeans ၊ Trainers အဖြူ ၊ သားရေ Jacket နဲ့ Formal Shoes ဖိနပ်တို့ပဲဖြစ်ပါတယ်။

Source: gq-magazine.co.uk

Read 1309 times
Rate this item
(1 Vote)
Tagged under