What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိန်ပိန်ပါးပါး သွယ်သွယ်လေးနဲ့ အရပ်ရှည်တဲ့ပုံပေါက်အောင် ဘယ်လိုဝတ်ဆင်ကြမလဲ

ပိန်ပိန်ပါးပါး သွယ်သွယ်လေးနဲ့ အရပ်ရှည်တဲ့ပုံပေါက်အောင် ဘယ်လိုဝတ်ဆင်ကြမလဲ google

ပုပုလေးနဲ့ ချစ်စရာကောင်းတယ်ဆိုပေမဲ့လည်း အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ်လေးတွေကြားမှာ ရပ်မိရင်တော့ ကိုယ်က ကြည့်ကောင်းနေမှာမဟုတ်ပါဘူး။

အရပ်မှ မရှည်တာ ဘယ်လိုလုပ်ရမလဲဆိုပြီးတွေးနေပါလိမ့်မယ်။ ကိုယ်အရပ်က မရှည်ပေမဲ့ ပိန်ပိန်သွယ်သွယ်နဲ့ ရှည်သယောင် ထင်အောင် ဝတ်စားဆင်ယင်လို့ ရပါတယ်။

Textileပရိသတ်ကြီးအတွက် သွယ်သွယ်လျလျလေးနဲ့ အရပ်ရှည်တဲ့ပုံပေါက်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာပြောပြပေးချင်ပါတယ်။


(၁) ဒေါက်အမြင့်တွေစီးမယ်။

ကိုယ်ရဲ့ အရပ်ထက်တော့ နည်းနည်းမြင့်ပြီး စမတ်ကျနေမှာပါ။

 

heels

 

 


(၂) ကိုယ်ရဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်အောင် ခါးပတ်လေးတွေကို အဝတ်အစားနဲ့ တွဲဝတ်ဆင်ကြမယ်။

ဒါကတော့ ယောင်းကို ပိန်ပိန်ပါးပါးလေးသယောင် ထင်စေမှာပါ။

 

belt

 


(၃)အဝတ်အစား အရောင်ကာလာကို အပေါ်အောက် အရောင်တူ အရင့်၊အဖျော့လေးရွေးချယ်ပါ။

အပေါ်အောက် အရောင်တူ အရင့်၊အဖျော့ဆိုရာမှာ အပေါ်ကနေ အောက် အရောင်ရင့်သွားတဲ့ပုံစံဖြစ်ဖြစ်၊ အောက်ကနေ အပေါ် အရောင်ရင့်သွားတာပဲဖြစ်ဖြစ် ဝတ်ဆင်ပါ။

ဥပမာ အောက်မှာ အပြာရောင်ရွေးထားရင်၊ အပေါ်မှာ အပြာနုရောင်ရွေးပေးတာဖြစ်ဖြစ် ဝတ်ဆင်ပါ။ ဒီလိုဝတ်ဆင်ခြင်းမှာ ယောင်းရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အရောင်ဟာ တပြေးညီတည်းရှိနေတာကြောင့် ပိန်ပိန်ပါးပါးနဲ့ သွယ်သွယ်လျလျလေးဖြစ်နေမှာပါ။

 

color6

 


(၄) အောက်အကားဂျင်းဘောင်းဘီတွေ ကို ဝတ်ဆင်ပါ။

ယောင်းရဲ့ ခန္ဓာကိုယ်နဲ့ အရပ်ကို အနည်းငယ် ပိန်ပိန်ပါးပါးနဲ့ ရှည်သယောင်ထင်ရမှာပါ။

12345

 

 

(၅)fitting ကောင်းကောင်းဖြစ်နေတဲ့ အဝတ်အစားကိုဝတ်ဆင်ပါ။

fitting2


(၆)အနည်းငယ်မြင့်ထားတဲ့ ဦးထုပ်ကိုဆောင်းပါ။

တစ်ချို့ ဦးထုပ်တွေဆို အနည်းငယ်မြင့်ပြီး ဆောင်းရတဲ့ဦးထုပ်တွေရှိပါတယ်။

 

hat

 

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 1981 times
Rate this item
(0 votes)
Tagged under