What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရပ်ပုတဲ့ ပျိုမေတို့အနေနဲ့ ဘယ်လိုဖက်ရှင်မျိုးတွေ ရှောင်ဝတ်ရမလဲ..

အရပ်ပုတဲ့ မိန်းကလေးတွေအတွက် ဘယ်လိုဖက်ရှင်မျိုးတွေ ရှောင်ဝတ်ရမလဲဆိုတာလေး ရေးပေးချင်ပါတယ်။ လုံး၀ ရှောင်ရမယ့် အဝတ်အစား ဒီဇိုင်းနဲ့ accessories တွေချည်း သီးသန့်ပါပဲ။ ကဲ တစ်ချက်လောက် ဖတ်ကြည့်လိုက်ကြရအောင်။

 

၁။ Tunic Tops လို့ခေါ်တဲ့ ဒူးမရောက်တစ်ရောက် ခပ်ပွပွ အဝတ်အစားမျိုးပါ။ ဒီအဝတ်အစားမျိုး ဝတ်ပြီး အောက်က ဘောင်းဘီတွေဘာတွေနဲ့သာ တွဲဝတ်လိုက်ရင် အရပ်ပုတဲ့ အမျိုးသမီးတွေအတွက် အတော်ကို ကြည့်ရဆိုးစေပါတယ်။

Fudule Womens Tunic Shirts Plus Size Long Sleeve Tops Fashion Mountain  Printed Pullover Sweatshirt Casual Blosues Shirt Active Shirts & Tees  Clothing, Shoes & Jewelry

 

၂။ Round-Toe Heels လို့ခေါ်တဲ့ ခြေထိပ်ပိုင်း အဝိုင်းပုံသဏ္ဍာန်ရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေလည်း လုံးဝမ၀တ်ပါနဲ့။ အဝိုင်းအစား ထိပ်ချွန်နဲ့ အခြားဒီဇိုင်းတွေ ရွေးစေချင်ပါတယ်နော်။

Women Flats Breathable Shallow Mouth Lazy Loafers Slip Resistant Thick  Crust Mary Janes Buckle Ankle Strap Flat Shoes 31 43 Most Comfortable Shoes  High Top Shoes From Yaojingnvxie, $27.57| DHgate.Com

 

၃။ အပေါ်ပိုင်းကို သုံးလေးထပ် ထပ်ဝတ်ရတာမျိုးတွေ ရှောင်ပါ။ ဒီအချက်ကတော့ အထူးတလည် သတိပေးစရာ မလိုပါဘူးနော်။ အရပ်ပုရတဲ့ ကြားထဲ အပေါ်ပိုင်းကို စုပြုံထပ်ပြီး ဝတ်ထားရင် ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။

17265097 1213595005427237 4063384068719579337 n

 

၄။ ရှပ်အကျီကိုမှ ခပ်ရှည်ရှည် dress ပုံစံချုပ်ထားတဲ့ Shirtdress တွေ မဝတ်ပါနဲ့။ အရပ်ပုတဲ့သူတွေအတွက် ဟိုမရောက် ဒီမရောက် ဒီဖက်ရှင်က ပိုပုသွားသယောင် ထင်မြင်နိုင်စေတာကြောင့်ပါ။

Fashion Summer Women Loose Mini Shirts Dress Buttons Up Long Blouse Dresses  Casual Long Sleeve Dress Cotton Linen Korean Tops|Blouses & Shirts| -  AliExpress

 

၅။ သာမန်ထက် size ကြီးတဲ့ အိတ်အကြီးကြီးတွေက အရပ်ရှည်တဲ့သူတွေနဲ့သာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဲ့ဒီလိုအိတ်မျိုးတွေ ကြိုက်ရင်တောင် မကိုင်ပါနဲ့။

Burminsa Vintage Large Capacity Soft Shoulder Bag For Women Office Ladies  Big Work A4 Handbags High Quality PU Leather Tote Bags | Lazada PH

 

၆။ အပေါ်ပိုင်းအင်္ကျီကို ခပ်ပွပွ၊ ကားကားနဲ့တိုတို ဒီဇိုင်းမျိုးတွေ ရှောင်ရပါမယ်။ သူ့ကို Boxy Top လို့ ခေါ်ကြပါတယ်။ အရပ်ပုတဲ့သူတွေအတွက် ခန္ဓာကိုယ်အချိုးအစားပိုပေါ်လေ ကောင်းလေပါပဲ။

BDG Marcelle Cropped Button-Down Shirt - Urban Outfitters | Clothes,  Fashion outfits, Style

 

၇။ ပိုးသားလို အပြောင်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ ခပ်ပွပွ ဘောင်းဘီမျိုးတွေလည်း အရပ်ပုတဲ့သူတွေနဲ့ အဆင်မပြေနိုင်ပါဘူး။ သင့်ကို ပို ပုသလို လုံးဝထင်သွားစေတဲ့ အရာမို့ တတ်နိုင်သမျှ ရှောင်ဝတ်ပါ။

The Piece That Sold Me On This Polarizing Trend | Hello Fashion | Fashion,  Chic outfits, Style

 

၈။ ခြေမျက်စိလောက် ရှည်တဲ့ ပွပွကားကား စကတ်တွေကလည်း အရပ်ပုတဲ့ ပျိုမေတွေ ဘိုင်ဘိုင်လို့ နှုတ်ဆက်သင့်တဲ့ စကတ်မျိုးတွေပါ၊ Midi Skirt လိုဟာမျိုးတွေပေါ့။

Leopard Skirt, How to Wear Leopard, How to Style Leopard, Jean Jacket  Outfit, Workwear Outfit | Skirt and sneakers, Fashion jackson, Leopard  skirt outfit

 

၉။ ငယ်ငယ်တုန်းက တော်တော်လေး ခေတ်စားခဲ့တဲ့ သရီးကွာတား ဘောင်းဘီလေးတွေ မှတ်မိကြသေးတယ်ဟုတ်။ အဲ့ဒီဘောင်းဘီမျိုးတွေကလည်း အရပ်ပုတဲ့သူတွေ ရှောင်ရမယ့် ဘောင်းဘီအမျိုးအစားတွေနော်။

High Rise Distressed Denim Bermuda Shorts | Gap

 

၁၀။ boot တွေထဲမှာ ခြေသလုံးကျော်ကျော် ဒူးမရောက်တဲ့ Midcalf boot တွေဟာ အရပ်ပုတဲ့ ပျိုမေတွေအတွက် ရန်သူပါ။ ဖြစ်နိုင်ရင် ရှောင်ဝတ်တာ အကောင်းဆုံးပါ။

Lavender Love | Simply Nancy

 

၁၁။ အပွင့်ရိုက်ဒီဇိုင်းတွေနဲ့ Jumpsuit တွေကလည်း သင့်ကို ပိုကြည့်ရရှုပ်သွားစေပြီး ပုသယောင်ဖြစ်သွားစေတာကြောင့် ရှောင်ဝတ်ပါ။

2015 Elegant Korean Women V-Neck Loose High Waist Orange Jumpsuit

 

၁၂။ ခုနောက်ပိုင်း ခေတ်စားတဲ့ ခြေကျင်းဝတ်မှာ ကြိုးတစ်ခုပြန်ပတ်ထားတဲ့ Ankle-Strap ဒေါက်မြင့်ဖိနပ်တွေကလည်း အရပ်ပုတဲ့ အမျိုးသမီးတွေနဲ့ အဆင်မပြေနိုင်ပါဘူးရှင်။ သူက အပိုင်းတွေကို ကန့်သတ်လိုက်သလို ဖြစ်သွားစေတာမို့ မဝယ်ဖို့ အကြံပေးချင်ပါတယ်။

shoes, high heels, heels, white heels, thin heel, white, white shoes,  summer shoes, strappy heels, jennifer aniston, minimalist, strappy white  heels, open toes, minimalist shoes, white high heels, classy - Wheretoget

 

၁၃။ ဟိုမရောက် ဒီမရောက် စကတ်မျိုးတွေ မဝတ်ရဘူးဆိုတော့ စကတ်အရှည်ကြီးဆိုရင်ရော ဆိုပြီး မေးချင်ပါလိမ့်မယ်။ သူလည်း ရှောင် ဝတ်ရမှာပါပဲ။ ကားကားရှည်ရှည် စကတ်ကြီးတွေက သင့်ကို ရှိတာထက်တောင် ပိုပုစေသယောင် ဖြစ်စေပါတယ်နော်။

Pin on Maxi Skirt Fashion

 

၁၄။ ဘောင်းဘီပွပွကြီးတွေ သူများဝတ်ရင် လှသလိုလို ရှိပေမယ့် အရပ်ပုတဲ့ပျိုမေတွေကတော့ အဲ့ဒီလို ဂျင်းဘောင်းဘီခပ်ပွပွတွေ မရွေးချယ်တာ အကောင်းဆုံးပါပဲ။

31 Of The Best Jeans For Women, In Every Size And Style

2019 Autumn Boyfriend Jeans Harem Pants Women Trousers Casual Plus Size  Loose Fit Vintage Denim Pants High Waist Jeans 3XL|Jeans| - AliExpress

ကဲ ခုပြောပြပေးတဲ့ ဒီဇိုင်းတွေကို ရှောင်ပြီး ဝတ်မယ်ဆိုရင်တော့ အရပ်ပုတဲ့ပျိုမေတွေအတွက် တော်တော်လေး အဆင်ပြေနေပါပြီနော်။အားလုံးက ရှောင်ရမယ့်အရာတွေချည်းပဲဆိုတာ မမေ့နဲ့ဦးနော်။

 

Myanmar Textile & Garment Guide

source: i am fashion

 
Read 1854 times
Rate this item
(0 votes)