What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်နဲ့ဘယ်လိုစကပ်တွေက လိုက်ဖက်ညီမလဲ..

စကပ်လေး ဝတ်လိုက်ရင် မိန်းကလေးဆန်သွားပြီး နူးညံ့ညင်သာတဲ့အလှကို ပေးနိုင်လို့ မိန်းကလေး တော်တော်များများက စကပ်တွေကိုအဓိကထား ဝတ်လေ့ ရှိပါတယ်။ စကပ်ဒီဇိုင်းတွေ အမျိုးမျိုးရှိတဲ့အထဲမှာမှ ကိုယ်နဲ့လိုက်မယ့်စကပ်ကို ရွေးရတာလွယ်တော့မလွယ်ပါဘူး။

 

ကိုယ်က စကပ်ဒီဇိုင်းလေး ကြိုက်ပေမယ့်ကိုယ်တစ်ကယ်တန်းဝတ်ကြည့်တဲ့အခါမှာ မလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ စကပ်ရွေးချယ်မှုမှားတဲ့အခါ ကိုယ့်အလှတွေ မပေါ်တာ ဒါမှမဟုတ် ကိုယ်ဖုံးဖိထားချင်တဲ့ ချို့ယွင်းချက်တွေပေါ် လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ body shape ကို သေချာသိထားပြီး လိုက်ဖက်ညီတာကို ရွေးချယ်ဝတ်နိုင်ဖို့ tips လေးတွေ ဝေမျှလိုက်ပါတယ်။

 

ခဲတံပုံစကပ်

La falda lápiz o falda tubo es una prenda maravillosas y son ideales para  ir al trabajo, para una reunión o salir… | Fashion, Trending outfits,  Pencil skirt outfits

ခဲတံပုံစကပ်တွေဟာ ကောက်ကြောင်းလှလှရှိတဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ခဲတံပုံစကပ်တွေက ကောက်ကြောင်းကို ထင်းနေစေပြီး အလှကို အထူးပေါ်လွင်စေလို့ သဲပုံနာရီ body shape ရှိတဲ့ ခါးသိမ်သိမ်တင်ကားကားမမတွေအတွက် မရှိမဖြစ်ဝယ်ထားသင့်တဲ့ စကပ်အမျိုးအစားပါပဲ။

 

စကပ်အတိုကားကား

သတင်းများ

စကပ်အတိုကားကားတွေက ပိန်ပြီး ကောက်ကြောင်း သိပ်မရှိတဲ့သူတွေအတွက် သင့်တော်ပါတယ်။ စကပ်က ကားနေတဲ့အခါ တင်ပါးမရှိရင်တောင်ရှိတယ်လို့ ထင်ရစေပါတယ်။ တင်ပါးသေးပြီး ပြားကပ်နေတယ်ဆိုရင် စကပ်ကားကားလေးတွေ ပြေးဝယ်ထားလိုက်ပါ။ ကောက်ကြောင်းလေးပေါ်လာပြီး စွဲဆောင်မှု ရှိလာပါလိမ့်မယ်။

 

A စကပ်

A စကပ်တွေကတော့ တင်ပါးအရမ်းကြီးပြီးကားတဲ့သူတွေအတွက် သင့်တော်ပါတယ်။ တင်ပါးကဘေးမှာ အရမ်းကားပြီးထွက်နေတဲ့အခါအချို့မိန်းကလေးတွေက မလုံမလဲဖြစ်တတ်ပါတယ်။ Aစကပ်တွေက ဒီပြဿနာကို ဖြေရှင်းပေးပါတယ်။ Aစကပ် ဝတ်လိုက်ခြင်းအား ဖြင့် သွယ်လျတဲ့ပုံစံ ပေါ်စေလို့ ဝနေတယ်၊ တင်အရမ်းကားနေတယ်ဆိုသူတွေကို ဝယ်ဝတ်စေချင်ပါတယ်။

 

စကပ်အရှည်ကားကား

သတင်းများ

ပိန်သွယ်သူတွေအတွက် စကပ်အရှည်ကားကားတွေက အရမ်းလိုက်ဖက်ပါတယ်။ သွယ်လျတဲ့ ကိုယ်လုံးကို ပေါ်လွင်စေရုံသာမက ပျော့ပျောင်းညင်သာမှုကို ပေးစွမ်းနိုင်လို့ ပိန်သွယ်သူတွေ ဝတ်သင့်တဲ့စကပ်အမျိုးအစားပါ။

 

ခါးအမြင့်စကပ်

ကိုယ်နဲ့ဘယ်လိုစကပ်တွေကလိုက်ဖက်ညီမလဲ" - Myanmar Textile & Garment Directory

စကပ်သားရေပြားက ဗိုက်နေရာလောက်အထိရောက်နေတဲ့ စကပ်အမျိုးအစားကတော့ ဗိုက်အဆီတွေကို ဖုံးချင်တဲ့သူတွေအတွက် မရှိမ ဖြစ် ဝယ်ထားသင့်တဲ့ စကပ်အမျိုးအစားပါပဲ။ ခါးအမြင့် စကပ်အကားလေးတွေက သင့်ကို ပိန်သွယ်တယ်လို့ ထင်ရစေမှာပါ။

 

By Myanmar Textile & Garment Guide

Read 2065 times
Rate this item
(1 Vote)