What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Cosplay မယ်ဆိုရင် main character လား၊ villain လား ဘာကို ရွေးသင့်သလဲ

Cosplayer ဟာ ဂျပန်ကာတွန်းနဲ့ ရုပ်ပြ anime နဲ့manga ဇာတ်ကောင်တွေနဲ့ တထေရာတည်း တူနေအောင် ၀တ်စားဆင်ယင်တဲ့အပြင် ဆံပင်ဆေးဆိုး၊ မျက်ဆံကို မျက်ကပ်မှန်သုံးပြီး ဇာတ်ကောင်ရဲ့ မျက်ဆံတွေနဲ့ အရောင်တူအောင် လုပ်တာအပြင် လိုအပ်ရင် မျက်နှာနဲ့ ကိုယ်ခန္ဓာ ခြေလက်ပါမကျန် body paint လုပ်ကြရတယ်။


ဇာတ်ကောင်ရဲ့ အ၀တ်အစား ဖက်ရှင်ကို တစ်ထေရာတည်းတူအောင် ချုပ်ရတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားအရ အံကိုက်ဖြစ်အောင် ချုပ်ကြရတာမို့ တစ်ပတ်တန်သည် နှစ်ပတ်တန် ကြာလေ့ရှိတယ်။
ဇာတ်ကောင် ကိုင်စွဲတဲ့ ကိရိယာ၊ လက်နက် စတာကိုလည်း ရှာဖွေရတယ်။ အသင့်လုပ်ပြီးသား မရှိရင် လက်မှုပညာသည်ထံ ဒီဇိုင်းပြ၊ အတိုင်းအတာပေးပြီး အပ်နှံရတယ်။ မိမိ သရုပ်ဆောင်မယ့် ဇာတ်ကောင်ရဲ့ ဟန်ပန်အမူအရာတွေ၊ အထာတွေကိုလည် တုပနိုင်ဖို့ လိုတယ်။ Cosplay ဟာ အပေါ်ယံ ၀တ်စားဆင်ယင်မှု သက်သက်မျှ မဟုတ်ဘူး။ သွေးထဲလှည့်ပတ်စီးဆင်းနေတဲ့ အရာတစ်ခု ဖြစ်တယ်။
Cosplay ဟာ လူငယ်တွေကြားမှာ သီးသန့်အုပ်စုတစ်ခုလို ဖြစ်နေပေမဲ့ အင်အား အခိုင်အမာ ရှိနေတယ်။ Cosplayer လုပ်မယ့် လူငယ်တစ်ဦးဟာ မိန်းကလေးဖြစ်စေ၊ ယောက်ျားလေး ဖြစ်စေ နားလည်ပေးတဲ့အပြင် ထောက်ကူပေးမယ့် အသိုင်းအ၀ိုင်း ရှိဖို့ လိုတယ်။ အချိန်ကုန်တယ်။ ငွေကုန်တယ်။ လူပင်ပန်းတယ်။ ဇွဲထက်သန်ဖို့ လိုတယ်။

သမိုင်းနောက်ခံ
**********
Cosplay ဆိုတဲ့ စကားလုံး အသုံးအနှုန်းကို စတင်ခဲ့တာ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပါတယ်။ ၀တ်စားဆင်ယင်ထုံး ‘costume’ နဲ့ ပြဇာတ် ‘play’ တို့ကို ပေါင်းစပ်ပြီး Cosplay လို့ စကားလုံး ထွင်ခဲ့တယ်။ ထွင်ခဲ့တဲ့သူက ဂျပန် သတင်းထောက် Nobuyuki Takahashi ဖြစ်ပါတယ်။

slipper

Cosplayer ဘာလို့ ဖြစ်ချင်တာလဲ
****************
ဇာတ်ကောင်တစ်ဦးကို နှစ်ခြိုက်တဲ့အခါ သူ့နည်းတူ လိုက်တုပချင်တာ လူ့စိတ်သဘာဝ ဖြစ်ပါတယ်။ မင်းသားတစ်ဦးက ရုပ်ရှင်ထဲမှာ ကြော်ငြာထဲမှာ ၀တ်စားဆင်ယင်တာကို အပြင်မှာ လိုက်တုပပြီး ၀တ်စားဆင်ယင်ကြတယ်။ အလားတူ မင်းသမီးတစ်ဦးက ရုပ်ရှင်ထဲမှာ ကြော်ငြာထဲမှာ ၀တ်စားဆင်ယင်တာကို အပြင်မှ လိုက်တုပပြီး ၀တ်စားဆင်ယင်ကြတယ်။
Cosplay ကလည်း အလားတူပင် မိမိနှစ်သက်တဲ့ ဇာတ်ကောင်ကို တုပပြီး ၀တ်ဆင်တာ ဖြစ်ပေမဲ့ တထေရာတည်း ဖြစ်အောင် တုပကြရတာဖြစ်ပါတယ်။ သဏ္ဌာန်လုပ် သရုပ်တူ ချွတ်စွပ်တူအောင် လုပ်ကြရပါတယ်။ အဲဒီလို တုပချင်တဲ့ ဆန္ဒ စိတ်ထဲကိန်းအောင်းနေတာ ပြည့်ဝသွားပါတယ်။
“သမီးက အခုလို cosplay လိုက်တော့ သမီးက ဒီဇာတ်ကောင် ဖြစ်သွားတယ်။ အဲဒီဇာတ်ကောင်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ်နေတာတွေ အခုတော့ တကယ်ဖြစ်သွားတယ်”
လို့ cosplayer မိန်းကလေးတစ်ဦးက ပြောပြပါတယ်။

cosplay 5

ပရိသတ် အချစ်တော် ဗီလိန်ကြီး Uchiha Madara

cosplay ကောင်းကောင်းဖြစ်ဖို့ ဆိုတာ
**************************
ပွဲမတိုင်ခင် အစောကတည်းက ကြိုတင်ပြင်ဆင်ထားကြရတယ်။ ဇာတ်ကောင်တွေရဲ့ ၀တ်စုံကို ကိုယ့်ရဲ့ ခန္ဓာကိုယ် အတိုင်းအတာနဲ့ အံ့ကိုက်ဖြစ်အောင် ချုပ်လုပ်ရတယ်။ လိုအပ်ရင် ဆံပင်ဆေးဆိုးရတယ်။ ပုံသွင်းရတယ်။ ဆံပင်တု သုံးရတာမျိုးလည်း ရှိတယ်။ အသေးစိတ် သေသေချာချာလုပ်ကြရတယ်။ သာမန်ပွဲကြည့်ပရိသတ်အဖို့ မသိပေမဲ့ ဇာတ်ကောင်ရဲ့ အသည်းစွဲပရိသတ်တွေက ဇာတ်ကောင် ၀တ်စားဆင်ယင်ပုံတွေကို အသေးစိတ် မှတ်မိနေကြတယ်။ ဥပမာ လက်ကောက်ဝတ်မှာ ပတ်တဲ့ လက်ပတ်အရောင်လွဲတာကအစ သိကြမယ်။

Cosplay က ၀တ်စားဆင်ယင် အလှပြင်ရုံနဲ့ မပြီးသေးဘူး။ ဇာတ်ကောင် မှာ နှုတ်ခမ်းမွေးရှည် ပါနေရင် အမွေးတုတွေ တပ်ဖို့လိုတယ်။ ပြီးတော့ မျက်နှာမှာ အရောင်ခြယ်ရတာမျိုးလည်း ရှိတယ်။ ဥပမာ Naruto’s Sage mode ဆိုရင် မျက်လုံးတွေတစ်ဝိုက်မှာ လိမ္မော်ရောင်/အနီရောင် ဆေးခြယ်ဖို့ လိုမယ်။ အဲဒီလို အသေးစိတ် ဂရုစိုက်ပြီး ချွတ်စွပ်တူအောင် လုပ်ကြရတယ်။
ဘယ်လိုပဲ ချွတ်စွပ်တူအောင် လုပ်ထားပေမဲ့ cosplayer က ရဲရဲဝံ့ဝံ့ မဖြစ်ဘူးဆိုရင် မအောင်မြင်နိုင်ဘူး။ ကိုယ်ခံယူထားတဲ့ ဇာတ်ကောင်အတိုင်း ရဲရဲဝံ့ဝံ့ စိတ်ချလက်ချဖြင့် သရုပ်ဆောင်ဖို့ လိုတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ချ ယုံကြည်မှု ရှိဖို့လိုမယ်။
ထူးဆန်းတာက နဂိုက လူကြားသူကြားမှာ ရှက်ရွံ့ရွံ့ ဖြစ်နေတတ်တဲ့ မိန်းကလေးက cosplayer အဖြစ် ဇာတ်ရုပ်ကို ရယူပြီး တုပတဲ့အခါ အလိုလို သတ္တိတွေကောင်းသွားပြီး ရဲရင့်သွားတတ်တာ ဖြစ်ပါတယ်။ မရှက်မကြောက် ဖြစ်သွားတယ်။
အဲဒီအချက်က cosplay မှာ အရေးကြီးတယ်။
ဂျပန်ကာတွန်းနဲ့ ရုပ်ပြ anime နဲ့manga ဇာတ်ကောင်တွေထဲမှာ တို့နံ့နံ့ ၀တ်စားဆင်ယင်တဲ့ ဇာတ်ကောင်တွေ ပါတယ်။ အင်္ကျီခါးတိုဝတ်လို့ ဗိုက်သားပေါ်နေတာမျိုး ရှိတယ်။ စကပ်တိုနံ့နံ့ ၀တ်တာမျိုး ရှိတယ်။ အဲဒီလို ၀တ်စားဆင်ယင်ပြီး cosplay လုပ်ရတဲ့အခါ မလုံမလဲ မဖြစ်ဘဲ ရဲဝံ့သွားတယ်။ ပွဲခင်းထဲမှာသာ ၀တ်စားဆင်ယင်တာ ဘာအပြစ်ရှိလဲလို့လည်း ခံယူကြတယ်။
တကယ်တော့ လေးစားထိုက်ပါတယ်။ cosplayer လုပ်တာဟာ လျှပ်ပေါ် လော်လီချင်လို့ လုပ်တာမှ မဟုတ်တာ။ ဇာတ်ကောင်နဲ့ ထပ်တူထပ်မျှ ဖြစ်အောင် သရုပ်ဆောင်တာသာ ဖြစ်ပါတယ်။ cosplayer ရဲ့ အ၀တ်အစား ဗိုက်ပေါ်တာ၊ စကပ်တိုတာတွေကို ဝေဖန်ဆဲဆိုတဲ့သူတွေဟာပင်လယ်ကမ်းခြေ အပန်းဖြေတဲ့ အမျိုးသမီးတစ်ဦးကို လုံလုံခြုံခြုံ မ၀တ်ဆင်လို့ အပြစ်တင်ဆဲဆိုသလိုမျိုး ဖြစ်နေလိမ့်မယ်။
မျက်စိနှောက်စရာ ကောင်းတာကလည်း အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ကောင်တွေအတိုင်း ဆင်ယင်ထုံးဖွဲ့ရတာမို့ အခြားနည်းလမ်း မရှိပါဘူး။

 

cosplay 2

 

ပြောင်းလို့ မရင် အရေးမလုပ်နဲ့ ပြောင်းလို့ရတာတွေသာ အကုန်ပြောင်း
*********************
နောက်တစ်ချက်က ဇာတ်ကောင်ရဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ cosplayer ရဲ့ ကိုယ်ခန္ဓာ မကိုက်ညီတဲ့အခါ ရယ်စရာ ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့် ကိုယ်ခန္ဓာနဲ့ နီးစပ်တဲ့ ဇတ်ကောင်ကို ရွေးချယ်သင့်တယ်လို့ ပြောစရာ ရှိတယ်။ ဒါပေမဲ့ cosplayer ဟာ သူ့ရင်ဘတ်ထဲ ရောက်နေတဲ့ ဇာတ်ကောင်ကိုသာ ရွေးချယ်တာ ဖြစ်ပါတယ်။ အချစ်မှာ မျက်စိ မရှိဘူး။ သူချစ်တဲ့ ဇာတ်ကောင်ကို သူကောင်းကောင်းသိတယ်။ သူ ကောင်းကောင်းတုပမယ်။

 

cosplay 3
အမေရိကမှ အမေရိကန်-တရုတ်ကပြား နာမည်ကြီး cosplayer ဖြစ်သူ Yaya Han အခု ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုဖူးတယ်။
“cosplay ဘယ်လို လုပ်သင့်သလဲဆိုတာ စည်းကမ်းစာအုပ် မရှိဘူး။ ပညတ်တော်တွေလည်း မရှိဘူး။ ရည်ညွှန်းမှတ်တမ်းလည်း မရှိဘူး။ သင်နဲ့ တူတာ တစ်ခုမှ မရှိတဲ့ ဇာတ်ကောင်တစ်ကောင်အတိုင်း ၀တ်စားဆင်ယင်ချင်တယ်ဆိုရင် သင့်မသင့် ဘာမှ မစဉ်းစားနဲ့။ လုပ်လိုက်ဖို့ပဲ ရှိတယ်။ ဘာမှ အဆုံးအဖြတ်ပြုနေဖို့ မလိုဘူး။ လူမျိုးကိုလည်း ထည့်စဉ်းစားဖို့ မလိုဘူး။ ယောက်ျားလေး မိန်းကလေး လွဲနေတာကိုလည်း မစဉ်းစားပါနဲ့။ ပိန်တာဝတာ မတူတာလည်း အကြောင်း မဟုတ်ပါဘူး။ အရပ်အမြင့်ဆိုတာက လည်း မတူကြပါဘူး။ coaplayer အနေဖြင့် တူအောင် လိုက်ပြောင်းပေးလို့ မရတာတွေ မှန်သမျှ ထည့်စဉ်းစားဖို့ မလိုဘူး။ တူအောင် ပြောင်းလဲပေးလို့ရတာမှန်သမျှ ပြောင်းလဲပေးဖို့ပဲ လိုတယ်”

ရွေးချယ်တဲ့ ဇာတ်ကောင်က main characters ဖြစ်ဖြစ် ဗီလိန်းဖြစ်ဖြစ် ဆိုတာက အရေးမကြီးပါဘူး။ Naruto လား Uchiha Madara လား မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်ကို ရွေးချယ်ပြီးတော့ ကိုယ်ခံယူလိုက်တဲ့ ဇာတ်ကောင်ရဲ့ ပင်ကိုစရိုက်လက္ခဏာတွေ လှုပ်ရှားပုံတွေ သဏ္ဌာန်လုပ် သရုပ်တူဖို့ကသာ အဓိကပါ။

ဇေယံ

Read 1450 times
Rate this item
(1 Vote)