What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့အဖိုးတန်အဝတ်အစားတွေ စွန်းထင်းသွားခဲ့ရင် ဘယ်လိုဖယ်ရှားမလဲ....

ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးတွေကုတ်ခြစ်စုပြီးဝယ်ထားတဲ့အဝတ်အစားလေးတွေမှာစွန်းထင်းသွားခဲ့ရင် ထိုင်ငိုချင်မိမှာပါပဲ။ တချို့အစွန်းအထင်းတွေကိုသာမန်အဝတ်လျှော်ဆပ်ပြာနဲ့လျှော်လို့ မပျောက်ပါဘူး။

အစွန်းချွတ် ဆေးသုံးလို့ရပေမယ့် ကိုယ့်အဝတ်အစားရဲ့အရောင်ကိုထိခိုက်စေနိုင်လို့အရောင်ပါတဲ့ အထည်တွေမှာ အစွန်းချွတ်ဆေး မသုံးသင့်ပါဘူး။ ကိုယ့်ရဲ့မှန်တင်ခုံနဲ့မီးဖိုချောင်ကပစ္စည်းလေးတွေနဲ့ ပြဿနာကိုအလွယ်တကူဖြေရှင်းလို့ရပါတယ်။ ပေသွားပြီးတာနဲ့ချက်ချင်းဖျက်ပါ။

 

- နှုတ်ခမ်းနီ

How to Remove Makeup Stains From Clothing | StyleCaster

အင်္ကျီမှ ာနှုတ်ခမ်းနီတွေစွန်းထင်းသွားရင်ဝေးဝေးသွားစရာမလိုပါဘူး။ မှန်တင်ခုံမှာတင် ဖြေရှင်းလို့ ရပါတယ်။ ပေသွားတဲ့နေရာကို hair spray လေးဖြန်းပြီးမိနစ်အနည်းငယ်ထားပါ။ ပြီးမှလျှော်လိုက်ပါ။

 

- ချောကလက်

Removing stains from tablecloths and clothes | Ask Candy for advice,  information and curiosities | Candy

ချောကလက်စားရင်း အင်္ကျီပေါ်ကျသွားခဲ့ရင် အလျင်စလို မပွတ်ပစ်လိုက်ပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်၊ ခြောက်သွားအောင်ခဏစောင့်လိုက်ပါပြီးမှ အဖတ်လိုက်ခွာလိုက်ရင် အလွယ်တကူဖြေရှင်းပြီးသား ဖြစ်သွားပြီပေါ့။

 

- ဝိုင်နီ

How to Remove Pesky Red Wine Stains - Glass Half Full

ဝိုင်နီစွန်းရင် ဝိုင်ဖြူနဲ့ဖျက်ပါ။ ပျံ့သွားမှာစိုးလို့ မပွတ်ပစ်ပါနဲ့။ ဝိုင်ဖြူမရှိဘူးဆိုရင် ဆားကိုသုံးပါ။ ပေသွားတဲ့ နေရာပေါ်မှာဆားဖြူးပေးပြီး ခဏလေးထားလိုက်ပါ။ ပြီးရင်ရေနွေးစိမ်ပြီးမှလျှော်ပစ်ပါ။ ဒီနည်းသုံးမယ်ဆိုရင်ဝိုင်နီတွေစိုနေတုန်း ချက်ချင်းဖျက်ပါ။

 

- ဆီ

Simple Ways To Remove Stains From Dry Clean Only Clothes

ဆီစွန်းတာက အဖြစ်အများဆုံးပါပဲ။ ကိုယ်စားတဲ့ အစားအစာတွေမှာဆီပါနေတာကိုး။ ဆီအစွန်းဖျက်တဲ့ နည်းတွေ အများကြီးရှိတဲ့အထဲက အလွယ်ဆုံးနည်းတွေဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာနဲ့ ဆီအစွန်းကို ဖျက်လို့ရပါတယ်။ ကိုကာကိုလာရဲ့အရောင်တွေ ပြန်မစွန်းနိုင်ပါဘူး။ သိပ်အကြာကြီးတော့ မစိမ်ထားနဲ့ပေါ့နော်။ ဆီစွန်းထားတဲ့နေရာအပေါ်ကို ကိုလာတွေလောင်းချပြီး ၁နာရီလောက်ထားပါ။ ပြီးမှလျှော်ပါ၊ hair spray လဲ သုံးလို့ရပါတယ်။ခေါင်းလျှော်ရည်လဲ သုံးလို့ရပါတယ်။

 

- ဂျိုင်းချွေး

7 Ways To Avoid Pit Stains & Keep Sweat At Bay

ဂျိုင်းချွေးတွေကြောင့် အင်္ကျီအရောင်အဖျော့တွေ အဖြူတွေမှာအဝါရောင်ချွေးအစွန်းတွေစွန်းနေလို့ မဝတ်တော့ပဲချောင်ထိုးထားရတယ်ဆိုရင် သတင်းကောင်းပေးပါမယ်။ အလွယ်တကူမီးဖိုချောင်ထဲမှာပဲ ပြဿနာဖြေရှင်းလို့ ရပါတယ်။ အလွယ်ဆုံးနည်းကတော့ ဆား ၄ဇွန်းလောက်ကို အစွန်းပေါ်မှာပုံပေးပြီး ရေနွေးနဲနဲလောင်းချပါ။ ပြီးရင် ဖော့လေးနဲ့အစွန်းတွေပျောက်သွားတဲ့အထိ ပွတ်ပေးပါ။ ဂျိုင်းလေးပြန်ဖွေးသွားလို့ အင်္ကျီလေးပြန်ဝတ်လို့ရသွားပြီပေါ့နော်..။


Myanmar Textile & Garment Guide

source : jasmine

Read 1155 times
Rate this item
(0 votes)