What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"Brand အဝတ်အစားတွေကိုဘယ်လိုရွေးချယ်ရမလဲ"

သိတဲ့အတိုင်းပဲ Brand အဝတ်အစားတွေက ဈေးကြီးပါတယ်။လူအများစုဟာ ဒီလို Brand အဝတ်အစားတွေကိုတခါတလေမှပဲဝယ်ဝတ်နိုင်ပါတယ်။ကိုယ်၃လ၄လလောက်စုထားတဲ့ ပိုက်ဆံလေး နဲ့ Brand အဝတ်အစားတွေကိုဝယ်တော့မယ်ဆိုရင်ရွေးချယ်မှုမှန်ကန်ဖို့အရေးကြီးပါတယ်။ဈေးကြီးပေး ဝယ်မိပြီးတော့မှနောင်တရတာတွေဖြစ်တတ်လို့ပါ။

-Logo ပါရုံနဲ့မဝယ်ပါနဲ့

အချို့လူတွေက brand အဝတ်အစားဝယ်ပြီဆိုရင် Logo ပါတာကိုပဲရွေးဝယ်ပါတယ်။ ဥပမာ Next Generation Brand တီရှပ်ဝယ်တယ်ဆိုပါစို့။Brand ဝတ်ထားမှန်းသူများတွေသိအောင် Next Generation logo ကြီးရိုက်ထားအကျီင်္ကိုမှရွေးဝယ်တာမျိုးမလုပ်သင့်ပါဘူး။ Logo ဆိုတာ အလွယ်တကူ ရိုက်လို့ရပြီးအတုတွေလဲပေါ်နေတာကြောင့် logo ကြွားချင်ရုံသတ်သတ်နဲ့တော့ Brand အထည်တွေမဝယ်သင့်ပါဘူး။

- Quality နဲ့ ဒီဇိုင်း

Brand အထည်တွေဈေး ကြီးရတဲ့အကြောင်းအရင်းက အရည်အသွေးနဲ့ဒီဇိုင်းကြောင့်ပါ။ Brand အထည်ဝယ်တော့မယ်ဆိုရင် အသားဘယ်လောက်ကောင်းလဲ ကြာရှည်ခံမှာလား ဒီဇိုင်းဆန်းရဲ့လား ဆိုတာတွေကိုဂရုတစိုက်ကြည့်ပါ။ ဈေးကြီးပေးဝယ်မှတော့ဒီဇိုင်းဆန်းပြီးအရည်အသွေးကောင်းတာ ကိုမှရွေးဝယ်သင့်တာပေါ့။

-? တွဲဝတ်လို့ရတဲ့အဝတ်အစား

ကိုယ်က Brand စကပ်တစ်ထည်ဝယ်တော့မယ်ဆိုပါစို့။အိမ်ကအဝတ်ဗီရိုထဲမှာဒီစကပ်နဲ့တွဲဝတ်လို့ရ မယ့်အကျီင်္တွေရှိရဲ့လားဆိုတာစဉ်းစားပါ။ဝယ်ပြီးတော့မှကိုယ့်မှာရှိတဲ့အကျီင်္တွေနဲ့တွဲဝတ်လို့မလိုက်ဘူး ဆိုရင်ဝယ်ပြီးအလကားဖြစ်သွားပါလိမ့်မယ်။အရောင်တွေအဆင်တွေကအစသေချာစီစစ်ပြီးရွေးဝယ်ပါ။ ကိုယ့်အသားအရောင်နဲ့လိုက်ဖက်မှုရှိမရှိသေချာဝတ်ကြည့်ပြီးမှဝယ်ပါ။

-ဈေးနှုန်း

ဈေးအရမ်းကြီးကြီးမှကောင်းတာလဲမဟုတ်ပါဘူး။အချို့အဝတ်အစားတွေကပေးရတဲ့ဈေးနဲ့မတန်တာ တွေလဲရှိပါတယ်။ကိုယ့်ရှိစုမဲ့စုပိုက်ဆံလေးနဲ့ဝယ်ရမှာဖြစ်လို့ကိုယ်တစ်ကယ်အရမ်းကြီးကြိုက် တယ်လိုချင်တယ်ဆိုမှဈေးကြီးပေးဝယ်ပါ။အပြင်မှာ၈၀၀၀၊ ၁၀၀၀၀ လောက်နဲ့အဝတ်အစားတွေ ဝယ်လို့ရနေတဲ့အချိန်မှာ Brand အထည်တွေကအနဲလေး လေးငါးသောင်းနဲ့အထက်မှာရှိနေတာပါ။ ဒါ့ကြောင့်သေချာစဉ်းစားချင့်ချိန်ပြီး ပေးရတဲ့ဈေးနှုန်းနဲ့တန်မှဝယ်သင့်ပါတယ်။

source:jasmine

Read 1169 times
Rate this item
(0 votes)