What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂျင်းန်နဲ့ တီရှပ်ဖက်ရှင်ကို ဘယ်လိုအဆင့်မြှင့်ပေးမလဲ

ဂျင်းန်နဲ့ တီရှပ်ဖက်ရှင်ကို ဘယ်လိုအဆင့်မြှင့်ပေးမလဲ now

ဂျင်းန်နဲ့ တီရှပ်ဖက်ရှင်ဆိုတာကတော့ လူတိုင်း နှစ်သက်သဘောကျတဲ့ ဖက်ရှင် ဖြစ်သလို ဘယ်တော့မှ လည်း ရိုးမသွားတဲ့ ဖက်ရှင်တစ်မျိုးဆိုလည်း မမှားပါဘူးနော်။ ဒါပေမယ့် တစ်ခါတလေ ကျတော့ ဝတ်နေကျ ဂျင်းန်နဲ့ တီရှပ် ဖက်ရှင်ကို ငြီးငွေ့စရာ မကောင်းအောင် ဘယ်လို ဝတ်ရင်ကောင်းမလဲလို့ စဉ်းစား ဖူးပါ သလား။ သင့်ရဲ့ ကိုယ်ပိုင်စတိုင်ထဲကို တခြားဖက်ရှင်ပစ္စည်း နှစ်ခုလောက် ပေါင်းထည့် လိုက်တာနဲ့ အချိန်တိုအတွင်း မှာ ငြီးငွေ့စရာမကောင်း တဲ့ ဖက်ရှင် တစ်မျိုးကို ပိုင်ဆိုင်မယ်ဆိုရင် စိတ်ဝင်စား တယ် မဟုတ်လား။ ဒါဆို ဆက်ဖတ်ကြည့် လိုက်ဦးနော်။

JEANS
-------------

ဂျင်းန်ဝတ်မယ်လို့ စဉ်းစားလိုက် ရင်ျုငညညပ ဂျင်းန်ဝတ်ရတာ လွယ်ကူပါ တယ်။ ဒါပေမယ့် သင့်စတိုင်ကို မြင့်စေ ဖို့ဆိုရင် ဒီဘောင်ကိုကျော်ပြီး စဉ်းစားရ တော့မှာ ပေါ့။Skinny ဂျင်းန်အစား Flare ဂျင်းန်၊ ဘောင်းဘီခြေထောက် ဘေးမှာ အစင်းကြောင်းလေးတွေပါတဲ့ ဟာလိုမျိုး ခေတ်ဆန်တဲ့ပုံစံမျိုးကို ရွေးပါ။ ဆီးကွင့်ထိုးထားတဲ့ ဟာဆိုလည်း မိုက် တယ်နော်။ ငွေရောင်ဆီးကွင့်ထိုးထားတဲ့ ဂျင်းန်ကို အဖြူ သို့မဟုတ် အနက်တီရှပ်နဲ့ တွဲဝတ်ပြီး ဃသညလနမျန လေး စီးလိုက်လို့ ကတော့ သင့်ကို အခါခါ လှည့်ကြည့် ကြ မှာပဲ။

GRAPHIC/ PATTERN T-SHIRT 
------------------------------------------------
အခုခေတ်မှာGraphic တီရှပ်တွေ ဆိုတာ ဆိုင်တွေမှာ ပုံနေတာပါ။ ဒါပေမယ့် သင့် ကိုယ်ပိုင်စတိုင်နဲ့ လိုက်ဖက်တာကို ရှာတွေ့ဖို့ပဲလိုတာပါ။ Pattern တီရှပ်တွေကလည်း ရိုးရိုး တီရှပ်တွေထက်တော့ သင့် စတိုင်ကို အဆင်မြင့်ဖို့ လွယ်ကူပါတယ်။ ဂျင်းန်နဲ့ Graphic ဒါမှမဟုတ် Pattern လက်ရှည်တီရှပ်လေးဆို အခုလို အအေး ဓာတ်လေးဝင်တဲ့အချိန်နဲ့ဆို ကွက်တိ ပဲပေါ့။

ACCESSORIES
-----------------------
ဂျင်းန်နဲ့ တီရှပ်က အခြေခံ ဖက်ရှင် ဖြစ်ပြီး သင့်စတိုင်ကို မြှင့်တင်ပေးဖို့ အကောင်းဆုံးပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဖက်ရှင်မှာ ပုတီးစေ့လေး တွေနဲ့ စီခြယ်ထားတဲ့ အိတ်ကို ပေါင်းထည့် ကြည့်လိုက်မယ်ဆိုရင်ရော။ ဒါမှမဟုတ် လည်စည်းပဝါ၊ ပိုပြီး ခေတ်ဆန်ချင်ရင် လူတွေအာရုံစိုက်မိမယ့် လက်ကိုင်အိတ် တစ်လုံး ဆိုရင်ရော။ Graphic တီရှပ်ကို ခရစ္စ တယ်ဆွဲကြိုးကြီကြီးနဲ့ တွဲဝတ်လိုက်ရင် တီရှပ်ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ပုံစံကို ဖက်ရှင်ကျတဲ့ ဆွဲကြိုးက လုံးဝ ဖယ်ရှား ပစ်လိုက်မှာပါ။ နောက်ဆုံးရလဒ် ကတော့ Awesome ပဲပေါ့။

SHOES
------------

ဂျင်းန်နဲ့ တီရှပ်ဝတ်ပြီးရင် Sneaker စီးလိုက်တာကတော့ အလွယ်ဆုံးပါ။ ဒါပေမယ့် တစ်ခါတလေ ထူးထူးခြားခြား ဖြစ်မယ့် လူတွေသတိထားမိမယ့် ရှုးစ်တွေကို စီးဖို့ ဘာလို့ မဝံ့မရဲ ဖြစ်နေ မှာလဲ။ ဝတ်စုံက ရိုးနေတဲ့ အခါ ဆန်းသစ် သွားအောင်လို့ တခြား အတွဲအစပ်တွေက လိုကို လိုအပ်ပါတယ်။ဖိနပ် အရောင် တောက်တောက်တွေကို ရွေးလိုက်ရင် သင့် ကိုယ်ပိုင်စတိုင်ကို ဖော်ပြ နေမှာပါ။

COLOR
---------------

အခုဆို အေးတဲ့ ကာလကို ရွေ့လျား နေပြီဆိုတော့ အအေးဒဏ်ခံနိုင်တဲ့ အဝတ် အစားတွေကို ဝတ်ဆင်တဲ့အခါ အရောင် တောက်တာလေးတွေကို စမ်းသပ်ဖို့ အချိန်ပါပဲ။ အနီရောင်ကို ဆောင်းရာသီ ဖက်ရှင်လျှောက်လမ်းအတော်များများ မှာ မြင်နေရပြီး သင့်အနေနဲ့ အရောင် တောက်တောက်တွေကို ကြောက်ရင် တောင် ဒီကာလာက ဂျင်းန်နဲ့ တီရှပ် တွဲဝတ်တဲ့အခါ ပေါင်းထည့်ဖို့ အချိန် ကောင်းပါပဲ။ သင့်စတိုင်ကို ပိုပြီး သိမ်မွေ့ ချင်ရင်တော့ ပန်းရောင်ဆွယ်တာ ဒါမှ မဟုတ် Coat လိုဟာမျိုးကို ရွေးချယ်ပါ။ အရမ်းမအေး ဘူးဆိုရင်တော့ အရောင် တောက်တောက် Layer လေးတွေက အဆင်ပြေဆုံး ဖြစ်မှာပါ။

sourceးnow

Read 1130 times
Rate this item
(0 votes)