What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ့်အင်္ကျီကအစွန်းအထင်းတွေကို ဒီနည်းလမ်းလေးတွေသုံးပြီးဖြေရှင်းကြမယ်

ကိုယ့်အင်္ကျီကအစွန်းအထင်းတွေကို ဒီနည်းလမ်းလေးတွေသုံးပြီးဖြေရှင်းကြမယ် google

        ကိုယ့်အကြိုက်ဆုံး အင်္ကျီတွေရဲ့ ချိုင်းနဲ့ လည်ပင်းနေရာတွေမှာ မပျက်နိုင်တဲ့ အဝါရောင် ချွေးကွက်တွေ ရှိနေရင် သဘာဝပစ္စည်းတွေ အသုံးပြုပြီး ဖြေရှင်းလို့ရပါတယ်။

လိုအပ်မယ့် အရာတွေကတော့-

    (၁)ရှာလကာရည် လက်ဖက်ရည် ခွက်တစ်ခွက်စာ
    (၂)မုန့်ဖုန်ဆော်ဒါ လက်ဖက်ရည်ခွက် တစ်ဝက်စာ
    (၃)ဆား စားပွဲတင်ဇွန်းတစ်ဇွန်းစာ
    (၄)ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် စားပွဲတင်ဇွန်း တစ်ဇွန်းစာ တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

အဆင့် (၁)

        လူအများစုက အကျီင်္ပေါ်က အ၀ါရောင်အကွက်တွေက ချွေးကြောင့် ဖြစ်တယ်လို့ထင်ကြပေမဲ့ အမှန်က ချွေးနံ့ပျောက်ဆေးမှာပါတဲ့ အလူမီနီယံနဲ့ ခန္ဓာကိုယ်ကထွက်တဲ့ ဓာတုပစ္စည်းတွေ ဓာတ်ပြုတဲ့အတွက် ဖြစ်လာတာပါ။ ဒီအစွန်းတွေ ပျောက်စေဖို့အတွက် ရှာလကာရည်တစ်ခွက်နဲ့ ရေနွေးနှစ်ခွက်ကို ရောပြီး အင်္ကျီကို မိနစ်နှစ်ဆယ်လောက် စိမ်ထားပါ။

အဆင့် (၂)

        မုန့်ဖုတ်ဆော်ဒါ ၊ဆားနဲ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ကို ရောပြီး အနှစ်ပုံစံဖြစ်အောင်လုပ်ထားပါ။ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်က သဘာဝ ဖြူဖွေးစေတဲ့ ပစ္စည်းဖြစ်ပြီး ဆားနဲ့ မုန့်ဖုတ်ဆော်ဒါက အစွန်းကျွတ်စေပါတယ်။ အင်္ကျီကို ရှာလကာရည်ထဲကယူပြီး ဖြေးဖြေးလေး ညှစ်လိုက်ပါ။ပြီးရင် အစွန်းတွေရှိနေတဲ့ နေရာကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် အနှစ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။

အဆင့် (၃)

        ပီးရင် ရေနဲ့ လျှော်ချလိုက်တဲ့အခါ အစွန်းအထင်း လုံးဝကင်းစင်တဲ့ ဖြူဖွေးနေတဲ့ အင်္ကျီတစ်ထည်ကို ရရှိမှာဖြစ်ပါတယ်။ ဒီနည်းကို အသုံးပြုလိုက်ပြီးရင် လူအများကြားထဲမှာ ချိုင်းချွေးကွက်တွေပေါ်မှာ စိုးရိမ်စရာမလိုတော့ဘဲ ပွင့်ပွင့်လင်းလင်း လက်မြှောက်နိုင်ပြီ ဖြစ်ပါတယ်။

Source:အလှအပနှင့် ကျန်းမာရေး

Read 1356 times
Rate this item
(0 votes)