What's new

×

Warning

JUser: :_load: Unable to load user with ID: 845


" ပေါင်လုံးကြီးတာကိုဘယ်လိုဖုံးမလဲ "

ပေါင်လုံးကြီးတာအချို့ကလှတယ်ထင်ပေမယ့်အချို့ကတော့စိတ်တိုင်းမကျတတ်ပါဘူး။ပေါင်လုံးကြီး လွန်းရင်ဘောင်းဘီဝယ်ရခက်ပါတယ်။ဝတ်ကြည့်မှတော်မတော်သိရလို့ဝတ်ကြည့်လို့ရတဲ့ဆိုင်တွေမှာပဲ ဝယ်ကြရလေ့ရှိပါတယ်။

အပေါ်ပိုင်းကသိပ်မကြီးပေမယ့်အောက်ပိုင်းကစွတ်ကြီးနေလို့လိုက်ဖက်တဲ့ အဝတ်အစားမဝတ်တတ်ရင်ဝတယ်လို့ထင်ရစေတတ်ပါတယ်။ဒါကြောင့်ပေါင်ကြီးသူမမတို့အတွက် ဘယ်လိုအဝတ်အစားတွေဝတ်ပြီးပေါင်ကြီးတာကိုဖုံးကွယ်နိုင်လည်းဆိုတာဝေမျှပေးလိုက်ပါတယ်။


ဒေါင်လိုက်အစင်းပါတဲ့ဘောင်းဘီရှည်


ဒေါင်လိုက်အစင်းတွေကခြေတံကိုသွယ်ပြီးပိုရှည်တယ်ထင်ရစေနိုင်လို့ပေါင်တံကြီးနေတာကိုဖုံးကွယ် ဖို့အတွက်အကောင်းဆုံးရွေးချယ်မှုပါ။ဒါပေမယ့်သတိထားရမှာကအရမ်းကျပ်တာကိုမဝယ်မိဖို့ပါ။ ဝတ်ကြည့်လိုက်တဲ့အခါချောင်ချောင်ချိချိရှိပြီးသက်တောင့်သက်သာဖြစ်ဖို့အရေးကြီးပါတယ်။ ဘောင်းဘီကခြေမျက်စိထိဖုံးအောင်ရှည်တာမျိုးကိုရွေးဝယ်ပါ။


Aစကပ်


Aစကပ်တွေကခပ်ကားကားလေးဖြစ်ပြီးပေါင်တံကြီးတာကိုမသိသာစေတော့ပါဘူး။ခါးလယ်လောက်ထိမြင့်တဲ့စကပ်မျိုးကိုရွေးဝယ်ပါ။ဒူးဖုံးရုံလေးဒါမှမဟုတ်ဒူးအထက်နဲနဲလေးတိုတဲ့စကပ်မျိုးရွေးဝယ်ပါ။ အရမ်းတိုတာမျိုးဝတ်တာရှောင်ပါ။


အနက်ရောင်ဘောင်းဘီ


အနက်ရောင်ကခန္ဒာကိုယ်ကိုပိုသွယ်လျစေတယ်ထင်ရစေလို့ဘောင်းဘီရွေးချယ်တဲ့အခါမှာအမဲရောင် တွေကိုပဲရွေးဝယ်ဝတ်ပါ။ဂျင်းဝယ်တဲ့အခါမှာလည်းအနက်ရောင်ဂျင်းတွေကိုပဲရွေးဝယ်ပါ။ ဒါမှပေါင်တံသွယ်တယ်လို့ထင်ရစေမှာပါ။


အပွင့်တွေပါတဲ့အထည်များ


ဘောင်းဘီတို့စကပ်တို့မှာအပွင့်တွေပါတဲ့အခါခြေတံကြီးလားမကြီးလားဆိုတာမသိသာစေတော့ပါဘူး။ အပွင့်အရမ်းကြီးတာမျိုးထက်အနေတော်အလတ်ဆိုဒ်အပွင့်လေးတွေပါတာကိုရွေးဝယ်ပါ။စတိုင်လည်း ကျပြီးပိန်တယ်လို့လည်းထင်ရစေမှာပါ။


ခါးအရမ်းမတိုတဲ့အကျီင်္


အကျီင်္ခါးတိုတွေဝတ်တဲ့အခါအောက်ပိုင်းကြီးတာကိုပိုသိသာစေပါတယ်။အကျီင်္အောက်ခြေကတင်ပါးရဲ့ အကျယ်ဆုံးနေရာထိလောက်ရှည်တာမျိုး(ဖင်ဖုံးတာမျိုး)ကိုရွေးချယ်ပါ။ဒါမှပေါင်တံကြီးနေတဲ့အပိုင်းကအကျီင်္နဲ့ဖုံးနေလို့ မသိသာစေတော့ဘူးပေါ့။

source:jasmine fashion

Read 2292 times
Rate this item
(1 Vote)