What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစား အရောင် ဘယ်လိုရွေးရင် လွယ်မလဲ

အ၀တ်အစားတိုင်းမှာ အရောင်ပါတယ်။ အဲဒီအရောင်တွေကို ဖက်ရှင်ဒီဇိုင်းနာတွေ ဘယ်လို တွဲစပ်ပေးထားသလဲ။ ဘယ်လို တွဲဖက်ပေးကြသလဲ။ ကိုယ့်မှာရှိတဲ့ အ၀တ်အစားတွေကို အရောင်အပ်စပ်အောင် ဘယ်လို တွဲဖက်ဝတ်ဆင်ရမလဲ။
အ၀တ်အစားအရောင်တွေကို ခြေခြေမြစ်မြစ်သိထားရင် ကိုယ့်ဘာသာ အရောင်ရွေးစပ် ၀တ်ဆင်လို့ ရသွားမယ်။ အဲဒီအတွက် သိထားသင့်တာလေးတွေကို ပြောပြပေးမယ်နော်။

အရောင်တွေနဲ့ ပတ်သက်လာရင် နယူတန် ပြောပြခဲ့တဲ့ အရောင်စက်ဝိုင်း colour wheel ကိုပဲ အခြေပြုကြရတယ်။

ပန်းချီဆွဲဆွဲ၊ ဒီဇိုင်းထုတ်ထုတ်၊ အထည်အလိပ်မှာ ဆေးဆိုးပန်းရိုက်ဖို့ အရောင်ရွေးရွေး၊ ၀တ်စားဆင်ယင်ဖို့ အရောင်ရွေးရွေး အဲဒီ အရောင်စက်ဝိုင်းကိုပဲ သုံးကြတယ်။

 

The Color Wheel

အဲဒီမှာ ကာလာအုပ်စု သုံးခု ရှိတယ်။

Primary Colors
အခြားအရောင် မရောတဲ့ အရောင်တစ်မျိုးတည်းစစ်စစ် သုံးရောင်ရှိတယ်။
အနီ၊ အ၀ါနဲ့ အပြာ။
သူတို့ကို မူလမူရင်းအရောင်တွေ Primary Colors လို့ ခေါ်ကြတယ်။

Secondary Colors
ဒီအုပ်စုမှာက ဒုတိယဆင့်ပွားအရောင်တွေ ပါဝင်တယ်။ မူရင်းမူလ အရောင်နှစ်မျိုး ပေါင်းစပ်လိုက်ရင် ရလာတဲ့ အရောင်တွေ ဖြစ်ပါတယ်။
အနီနဲ့ အ၀ါ ပေါင်းရင် လိမ္မော်
အနီနဲ့ အပြာ ပေါင်းရင် ခရမ်း
အပြာနဲ့ အ၀ါ ပေါင်းရင် အစိမ်း
အဲဒီလို ရလာတဲ့ လိမ္မော်၊ ခရမ်းနဲ့ အစိမ်း သုံးရောင်ကို ဒုတိယဆင့်ပွားအရောင် Secondary Colors လို့ ခေါ်ကြတယ်။

Tertiary Colors
ဒုတိယဆင့်ပွားအရောင်တွေ ပေါင်းစပ်လိုက်ရင် ရလာတဲ့ တတိယဆင့်ပွားအရောင်တွေကို ဒီအုပ်စုမှာ ပါဝင်တယ်။

 

အရောင်သတ်မှတ်ချက် ၃ မျိုး 

အဲဒီလို အရောင်တွေ အမျိုးမျိုး ရှိနေတာကို ဖက်ရှင်အရောင်ဖြင့် ရွေးချယ်သုံးစွဲတဲ့အခါ ထည့်သွင်းစဉ်းစားရတဲ့ အရောင်သတ်မှတ်ချက် ၃ မျိုး ရှိနေတယ်။
အနွေးအရောင် Warm colour၊ အအေးအရောင် Cool colour နဲ့ ကြားနေအရောင် Neutral Colors တို့ဖြစ်ပါတယ်။ ပုံတွေမှာ ကြည့်လိုက်ရင် ဘာအရောင်တွေကို ဘယ်လို သတ်မှတ်သလဲ သိနိုင်ပါတယ်။

 

Warm And Cool Colors

Warm And Cool Colors cloth

 

Neutral Colors

 

 

ကောင်းပါပြီ။ အရောင်တွေ တွဲစပ်မယ်ဆိုရင် ခေါင်းမစားချင်ရင် အခုပြောပြတဲ့ အခြေခံနည်းလေးတွေနဲ့ အရောင်တွေ ရွေးလိုက်ရုံပါပဲ။

Complementary
ဖြည့်ဘက်ပြုပေးတဲ့ အရောင်တွေ အတူတွဲပြီး ၀တ်ဆင်လိုက်ရင် သူ့အလိုလို ဖြည့်ဘက်ပြုပေးလိုက်လို့ ကြည့်ကောင်းနေတော့မှာ ဖြစ်ပါတယ်။

 

Complementary fashion

Complementary fashion sample
နမူနာအဖြစ် ပြောပြရရင်
အနီနဲ့ အစိမ်း
ခရမ်းနဲ့ အ၀ါ
အပြာနဲ့ လိမ္မော်

အရောင်စက်ဝိုင်းမှာ ဆန့်ကျင်ဘက် နေရာတွေမှာ နေရာယူထားတဲ့ အရောင်အတွဲတွေ ဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်း ဖက်ရှင်တိုက်တွေရဲ့ နွေစုစည်းမှု၊ နွေဦးစုစည်းမှုတွေမှာ အခုလို အရောင်တွဲပုံကို သုံးလေ့ရှိတယ်။
မြင်ရသူအဖို့ တစ်မျိုးတစ်မည် ဖြစ်နေစေပြီး သတိမူမိစေတယ်။ ရဲရဲဝံ့ဝံ့ ၀တ်စားဆင်ယင်ပြလိုသူတွေအတွက် အိုကေပါတယ်။

 

 

Analogous
ဆင်တူယိုးမှား အရောင်တွေ အတူတွဲဝတ်တာမျိုးကို ဆိုလိုတယ်။ အရောင်စက်ဝိုင်းမှာ အရောင်တစ်ရောင်ကို အရင်ရွေးလိုက်ပြီးရင် ဘေးနားကပ်နေတဲ့ အရောင်နဲ့ တွဲပြီး ၀တ်စားဆင်ယင်လိုက်တာ ဖြစ်ပါတယ်။
လိမ္မောရောင် တောက်တောက်ကို ဘေးမှာရှိတဲ့ အရောင်ဖြစ်တဲ့ အနီရောင်နဲ့ တွဲဘက် ၀တ်ဆင်လိုက်တာမျိုး ဖြစ်ပါတယ်။

Analogous

 

 

 နှစ်ရောင်မက သုံးရောင်အထိ တွဲဘက်ပြီး ၀တ်ကြတာမျိုးလည်း ရှိပါတယ်။

ဖက်ရှင်ရှိုးပွဲတစ်ခုမှာ အနီကို လိမ္မော်နဲ့ အ၀ါ တွဲပေးထားတာကို နမူနာ တင်ပြပေးပါတယ်။

 

 

Analogous 3 color

 

ပြောချင်တာက အနီကို နေရာများများပေးထားပေမဲ့
အရောင်စက်ဝိုင်းမှာ လိမ္မော်ကို အလယ်မှာ ထားပြီး ဘေးမှာ ရှိတဲ့ အရောင်နှစ်ခု ဖြစ်တဲ့ အနီနဲ့ အ၀ါတို့ကို ကောက်ယူရွေးချယ်ပေးထားလိုက်တာ ဖြစ်ပါတယ်။


Triadic
အရောင်စက်ဝိုင်းမှာ ကြားအကွာအဝေး တူတဲ့ အရောင် ၃ ရောင်ကို တွဲဘက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ သတိထားဖို့ လိုတာက အခုလို သုံးရောင်စပ်တဲ့ နည်းက အရောင်ရင့်ရင့်ရဲရဲတွေ တွဲရင် အိုဗာ ဖြစ်နေတတ်တယ်။ ပွဲတက်ဖို့ ၀တ်တာမျိုး အဆင်ပြေပေမဲ့ နေ့စဉ် သွားလာတာတွေမှာ ၀တ်ဆင်ရင် ကြောင်တက်တက် ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဖျော့ရောင်ကို ရွေးသုံးပြီး ပြေပြစ်အောင် လုပ်ပေးထားသင့်ပါတယ်။

Triadic

Triadic cloth

 


အခု ဖော်ပြထားတဲ့ လေဒီရှူးလေးက ဘယ်လို အရောင်တွေကို သုံးထားတာပါလဲ။

 

colored shoes primary colors



 

 

 

 

 

Primary Colors နီဝါပြာ တွဲစပ်ပြီး ဒီဇိုင်းထုတ်ပေးထားပါတယ်။

 


ချက္က၀ါ

 

 

Read 9639 times
Rate this item
(0 votes)