What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်တစ်ထည် ဘယ်လို ဖန်တီးမလဲ

(Unicode)ဖက်ရှင်တစ်ထည် ဘယ်လို ဖန်တီးမလဲဆိုတာ ရေးသားထားတာတွေ အများကြီးမှ အများကြီး ရှိနေတာ အမှန်ပဲ။

အခုရေးသားတင်ပြတာကတော့ ဖက်ရှင်ကို ဝါသနာအလျောက် တစ်ထည်စ နှစ်ထည်စ ဒီဇိုင်းထုတ် ချုပ်လုပ်တာ၊ ခင်မင်ရင်းနှီးတွေကို ချုပ်ပေးတာတွေ လုပ်ကိုင်ရာမှ သက်မွေးအလုပ်တစ်ခုအဖြစ် လုပ်ကိုင်ဖို့ စိတ်ကူးရှိရင် လမ်းကြောင်းအမှန်ပေါ် ရောက်သွားဖို့အတွက် ဖြစ်ပါတယ်။
ဖက်ရှင်တိုက်တစ်ခု ထူထောင်လုပ်ကိုင်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ် ထူထောင်လုပ်ကိုင်မယ်ဆိုရင်တော့ ဒီဇိုင်းလုပ်ငန်းစဉ်အဆင့်ဆင့်အပြင် အထည်ချုပ်လုပ်ပြီး ထုတ်လုပ်မှုအပိုင်းတို့ဟာ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးပါတယ်။ စတိုင်လ်၊ အထည်သား၊ ဝတ်ဆင်ကြပုံ၊ ဆေးဆိုးပန်းရိုက်၊ ပန်းထိုး စတာတွေကိုလည်း သိထားဖို့ လိုတယ်။ တစ်နိုင်တစ်ပိုင် သက်မွေးအဖြစ် လုပ်ကိုင်သူတစ်ဦးအဖို့မှာလည်း အလားတူပင် ဗဟုသုတ နှံ့စပ်ဖို့ လိုပါတယ်။
ဖက်ရှင်ကို စီးပွားရှာဖို့အတွက် လုပ်ကိုင်တဲ့အခါ ရာသီအလိုက် ဘယ်လိုဖက်ရှင်စတိုင်လ်တွေ လူကြိုက်များမလဲဆိုတာ ကြိုတင်ခန့်မှန်းကြရပါတယ်။ ယခင်က ဘာတွေ ခေတ်စားခဲ့သလဲ။ တစ်ကျော့ ပြန်ရောက်လာနိုင်သလား။ နိုင်ငံတကာမှာ ဘာတွေ ခေတ်စားနေသလဲ။ ဒီကို ရောက်လာနိုင်သလား။ ဒီမှာ ဝတ်ဆင်ရင် လူတောသူတောထဲ ဝင်ဆန့်မလား။ ပွဲတက်ဝတ်စုံ ဖြစ်နိုင်မလား။ ဘယ်လိုလေး အဆင်ပြေအောင် ပြင်ပေးလိုက်ရင် ကောင်းမလဲ။

ဖက်ရှင်တစ်ထည် အသစ် ဖန်တီးဖို့ ရလိုက်တဲ့ စိတ်ကူးလေးတွေကို နောင်တစ်ချိန် အသုံးလိုချိန်မှာ ပြန်ပြီး ဉာဏ်ကွန့်မြူးလို့ရအောင် အသုံးပြုကြတာကတော့ mood board ဖြစ်ပါတယ်။ White Board တစ်ခုမှာ အသုံးပြုဖို့ စိတ်ကူးရှိတဲ့ ဒီဇိုင်းတွေ စုစည်းပြီး ဖော်ပြပေးထားလိုက်တယ်။ ပြီးတဲ့အခါမှာ အဲဒီ ဒီဇိုင်းအတိုင်း တကယ်ချုပ်မယ်ဆိုရင် ဘာတွေ ဘယ်လောက်လိုမလဲ။ ဘယ်လောက်ကုန်ကျမလဲဆိုတာ ခန့်မှန်းတွက်ချက်ပါတယ်။ ဖက်ရှင်မှာ ထည့်သွင်းမယ့် အဆင်တန်ဆာတွဖြေစ်တဲ့ ဖဲပွင့်၊ ကြယ်သီး၊ ပန်းပွင့်အလှ စတာတွေ တစ်ထည်ချင်းအတွက် ဘယ်လောက်ကုန်ကျမလဲ။ လိုချင်တာကို လိုချင်တဲ့အရောင်၊ အရွယ်အစား စတာတွေအရ စိတ်တိုင်းကျ ရနိုင်မလား။ လိုချင်တဲ့ အရေအတွက်ကို ရနိုင်မလား စတဲ့အချက်တွေကို လေ့လာစုံစမ်းရပါတယ်။ mood board ပေါ်မှ ဖက်ရှင်တွေထဲမှာ လက်တွေ့မှာ မဖြစ်နိုင်တာတွေကို ဖယ်ထုတ်ရပါတယ်။ နောက်တစ်ချိန် ပြန်ထုတ်သုံးလို့ရအောင် စနစ်တကျ သိမ်းဆည်းရပါတယ်။
ဒီအဆင့်မှာ ဖက်ရှင်ကို စဉ်းစားတဲ့အခါ အပေါ်အောက် တစ်စုံ အပြည့် စဉ်းစားကြတယ်။ တကယ်လို့ အတွင်းမှာ တစ်ထပ်ခံမယ်ဆိုရင်လည်း အဲဒါကိုပါ ထည့်စဉ်းစားကြတယ်။ ယူနီဖောင်းဝတ်စုံဆိုရင် တစ်စုံစာအပြည့် စဉ်းစားတယ်။ ပွဲတက်ဝတ်စုံဆိုရင်လည်း အင်္ကျီနဲ့ စကပ်၊ အင်္ကျီနဲ့ ဘောင်းဘီ၊ အကျီနဲ့ စကပ်ထမိန်
ဘလောက်စ်နဲ့ စကပ်၊ ဖိစကပ်၊ ချိတ်ထမိန် စသဖြင့် တွဲဘက်ဝတ်ဆင်မယ့် ဝမ်းဆက် တစ်ခုလုံးကို စဉ်းစားကြည့်ကြတယ်။ လက်တွေ့မှာ စီးပွားရေးအရ တွက်ချက်ရင် ကုန်ကျစရိတ် စုစုပေါင်း ဘယ်လောက်ရှိမလဲ။ ဘယ်ဈေးနဲ့ ရောင်းရမလဲဆိုတာကို အဖြေထုတ်ကြတယ်။ အကြမ်းအားဖြင့် တွက်ချက်ကြည့်ကြတယ်။ အဆင်ပြေမယ့်ဈေးဆိုရင် ရှေ့ဆက်မယ်။
တကယ်လို့ အက်ပ်ကို သုံးချင်တယ်ဆိုရင်တော့ ဖြစ်နိုင်ရင် tablet ကို သုံးနိုင်ပါတယ်။ iPad အတွက် mood board လုပ်ပေးတဲ့ အက်ပ်တွေကို iTune မှာ ရယူနိုင်ပါတယ်။ အန်ဒရိုက်ဆိုရင်တော့ ဂူးဂဲပလေးမှာ ရယူနိုင်ပါတယ်။ နာမည်ကြီးအက်ပ်ကို ညွှန်ပါဆိုရင်တော့ သုံးလွယ်ပြီး အမယ်စုံတဲ့ POLYVORE ဟာ နာမည်ကြီးတဲ့အက်ပ်တစ်ခု ဖြစ်ပါတယ်။ ဒေါင်းလုပ်ရယူသူပေါင်း တစ်သန်းကျော် ရှိပါတယ်။ သုံးရင်းသုံးရင်း ပိုသုံးတတ်လာတဲ့အခါ သုံးလို့ ပိုကောင်းလာတဲ့အက်ပ် ဖြစ်ပါတယ်။


POLYVORE အက်ပ် ရယူရန်လင့်များ
POLYVORE Playstore Link

polyvore app

 

POLYVORE iTune Link

screen shot 2015 04 07 at 9 59 33 am

နောက်တစ်ဆင့်မှာတော့ ပုံဆွဲတတ်ရင် ဖက်ရှင်ဒီဇိုင်းကို ပုံကြမ်းဆွဲကြည့်တယ်။

Concept sketch ဆိုတဲ့ ပုံကြမ်းတွေ ဆွဲတာ ဖြစ်ပါတယ်။

ချုပ်ပြီးသွားလို့ ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်ရင် ဘယ်လိုနေမလဲဆိုတာ ပုံကြမ်းဆွဲကြည့်တာ ဖြစ်ပါတယ်။

sketch

 

 

ပုံမဆွဲတတ်ရင် အက်ပ်ကို သုံးနိုင်တယ်။ Fashion Design Flat Sketch ဆိုတာ ရှိပါတယ်။

အားသာချက်ပါတာက libray စာကြည့်တိုက်အဖြစ် အဝတ်အစားရဲ့ အစိတ်အပိုင်းတစ်ခုချင်းအတွက်

ပုံအမျိုးမျိုး အသင့်စုဆောင်းပေးထားတာမို့ ယူသုံးဖို့ အရံသင့် ရှိနေစေပါတယ်။

 

Fashion Design Flat Sketch

Fashion Design Flat Sketch အက်ပ် ရယူရန်လင့်များ

Fashion Design Flat Sketch Playstore Link

Fashion Design Flat Sketch iTune Link

စိတ်ကူးပုံကြမ်းကို ပုံဆွဲပြတဲ့အခါ ရှေ့တည့်တည့်မှ မြင်ရပုံ၊ နောက်ကျောဘက်တည့်တည့်မှ မြင်ရပုံ နှစ်ပုံတစ်စုံ ရေးဆွဲပြသကြပါတယ်။

အခုလို စိတ်ကူးပုံကြမ်း Concept sketch ကို ရေးဆွဲပုံဖော်ပြီးရင် အသေးစိတ် စဉ်းစားကြံဆ ရွေးချယ်တဲ့အဆင့်ကို ရောက်ရှိပါတယ်။

စိတ်ကူးပုံကြမ်း Concept sketch ကို ရေးဆွဲပုံဖော်ပြီးရင် အသေးစိတ် စဉ်းစားကြံဆ ရွေးချယ်တဲ့အဆင့်ကို ရောက်ရှိပါတယ်။ သုံးစွဲမယ့် အရောင်တွေ။

အရောင်အဆင်းတွေ၊ အပွင့်အကွက်တွေ၊ အမြိတ်တပ်တာ၊ အနားကွပ်တာတွေ၊ အထည်သားတွေ ရွေးချယ်တာ၊ ဖဲပွင့်၊ ခါးစည်းဖဲကြိုး၊ စီးကွင့် စတဲ့ အဆင်တန်ဆာတွေကို ဖက်ရှင်ထည်မှာ နေရာ သတ်သတ်မှတ်မှတ် ပြုပေးပါတယ်။

ဒီအဆင့်မှာ အရင်အဆင့် ဈေးနှုန်းသတ်မှတ်တဲ့အဆင့်တုန်းက ရွေးချယ်သတ်မှတ်ထားတာတွေကို သုံးစွဲရမှာ ဖြစ်ပါတယ်။ တကယ်လို့ တခြားဟာတွေ ယူသုံးမယ်ဆိုရင်

ဈေးနှုန်းခန့်မှန်းတွက်ချက်ခြင်းကို ပြန်လည်ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်။

 

pattern
နောက်တစ်ဆင့်မှာတော့ ပက်တင် Pattern တွေ ပုံထုတ်ပါတယ်။ ဖက်ရှင်ထည်မှာ ပါဝင်ပေါင်းစပ်မယ့်

အစိတ်အပိုင်းတွေကို တစ်ခုချင်းအတွက် ပုံထုတ်ပါတယ်။

အဲဒီနေရာမှာ တချို့က အတိုင်းအတာဇယားကွက်ကို အရင်ဖြည့်သွင်းပြီးမှ ပက်တင်ကို ပုံဖော်ပါတယ်။

အဲဒီ အတိုင်းအတာတွေ ဖြည့်သွင်းထားတဲ့ဇယားကို Techpack လို့ ခေါ်ကြတယ်။

ဖက်ရှင်တစ်ထည်လုံးအတွက် အချက်အလက်တွေ အများကြီး ဖြည့်သွင်းရတယ်။

ဖက်ရှင်ကို ချုပ်လုပ်ပေးမယ့် အထည်ချုပ်လုပ်ငန်းကို Techpack ပေးပြီး ချုပ်ခိုင်းကြတယ်။

TECHPACK

နောက်တစ်ဆင့်မှာတော့ နမူနာတစ်ထည်ကို ကျကျနန ချုပ်ရပါတယ်။ တကယ်ချုပ်မယ့် ဖက်ရှင်အတိုင်း ချုပ်ကြတယ်။

ပြီးရင် အစမ်း ဝတ်ဆင်ကြည့်တယ်။ ကိုယ်ခန္ဓာလှုပ်ရှားမှု တွေမှာ အဆင်ပြေရဲ့လား၊ အမြင်တင့်တယ်ရဲ့လား စတာတွေကို စမ်းသပ်တယ်။

အဆင်မပြေတာရှိရင် ပြင်ဆင်မယ်။ မွမ်းမံမယ်။ စိတ်တိုင်းကျပြီဆိုရင် နမူနာဓာတ်ပုံ ရိုက်တယ်။
နောက်တစ်ဆင့်မှာတော့ အဲဒီဖက်ရှင်ထည်ကို လိုအပ်သလောက် အရေအတွက်ကို ချုပ်လုပ်ပြီး ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

Read 1520 times
Rate this item
(0 votes)