What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားတွေကို ပရိုကျကျ ဝတ်ကြမယ်

အဝတ်အစားတွေကို ပရိုကျကျ ဝတ်ကြမယ် google

ဝတ်စုံတစ်စုံ ဝတ်တဲ့နေရာမှာလည်း သူစည်းမျဉ်းနဲ့ သူရှိပါတယ်နော်။ ဝတ်ချင်သလိုဝတ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူစည်းမျဉ်းနဲ့ သူဝတ်တော့ အဝတ်စားဝတ်တဲ့နေရာမှာ ပရို ကျတာပေါ့နော်။

 

ဒီတစ်ခေါက်မှာတော့ Textile ကနေ အဝတ်အစားဝတ်တဲ့နေရာမှာ ဘယ်လို ပရိုကျကျဝတ်သင့်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်နော်။

(1)suit

ကုတ်အင်္ကျီတွေ ဝတ်တဲ့နေရာမှာ အလယ်က ကြယ်သီးကို အမြဲတမ်း တပ်ထားသင့်ပြီး အောက်ဆုံးကြယ်သီးကိုတော့ ဘယ်တော့မှ မတပ်ထားသင့်ပါဘူးနော်။ အပေါ်ဆုံး ကြယ်သီးကတော့ သင့်ရဲ့ စိတ်ပေါ်မှာပဲ မူတည်ပါတယ်။

သင့်တပ်ခြင်းရင်တပ်လိုရသလို မတပ်ခြင်းရင်လည်း ဘာမှ မဖြစ်ပါဘူးနော်။

 

jackets

 


(2) a shirt or a blouse

ရှပ်အင်္ကျီ (သို့မဟုတ်) ရှေ့ကြယ်သီးတပ်အင်္ကျီတွေကို ဝတ်ဆင်တဲ့နေရာမှာ ကြယ်သီးကို ၂လုံးထက်ပိုပြီး ဖြုတ်၍ မဝတ်ဆင်သင့်ပါဘူး။

 

a blouse

 

(3) bijouterie (လက်ဝက်လက်စားများ)

ယောင်းဟာ ရိုးရှင်းပြီး လှပတဲ့အင်္ကျီ ဝတ်တဲ့အခါမှာ အင်္ကျီမှာ ဘယ်လိုဒီဇိုင်းမှ မပါလိုဆိုပြီး jewellery (လက်ဝတ်ရတနာ) တွေကို များများဝတ်ဆင်ခြင်းဟာ ယောင်းကို ပရိုမကျစေပါဘူး။

ဥပမာ ယောင်းဟာ လည်ဆွဲနဲ့ လက်ကောက်ဝတ်တားတယ်ဆိုရင် နားကပ် မဝတ်ဆင့်သင့်တော့ပါဘူး။

 

jewellery

 

 

(4) tie(နက်ကတိုင်)

သင့်ဟာ နက်ကတိုင်ဝတ်ဆင်လေ့ရှိသူဆိုရင် သင့်ရဲ့နက်ကတိုင်ဟာ သင့်ရဲ့ ခါးပတ်အောက်ကို ရောက်သွားလိုမရသလို ခါးပတ်အထက်ကိုလည်း ရောက်မနေသင့်ပါဘူးနော်။ သင့်ရဲ့ ခါးပတ်အပေါ်တည့်တည့်မှာပဲ ရှိသင့်ပါတယ်။

 

tie

 

 

(5)dress

ယောင်းတို့အနေနဲ့ စကပ်တိုတွေဝတ်ရင် အပေါ်ပိုင်းမှာတော့ လုံခြုံတဲ့ အဝတ်ကို ဝတ်ဆင်သင့်ပါတယ်နော်။ အဲ့လိုပဲ အပေါ်ပိုင်းမှာ အရမ်းဟိုက်ထားရင် အောက်ပိုင်းမှာတော့ ခြေမျက်စိထိ ရှည်တဲ့ အဝတ်အစားကို ရွေးချယ်သင့်ပါတယ်။

 

dress

 

 

(6) men'shirt

suit မပါဘဲ အောက်ခံ ရှပ်အင်္ကျီကို ဝတ်ဆင်ထားရင်တော့ နက်ကတိုင် တပ်စရာမလိုပါဘူး။

 

shirt

 

 

(7) belt(ခါးပတ်)

သင့်ဟာ စတိုင်လ်ဘောင်းဘီထဲကို အဖြူရောင် ရှပ်အင်္ကျီမြုပ်ဝတ်ထားခဲမယ်ဆိုရင်တော့ ခါးပတ် ပတ်ထားသင့်ပါတယ်။

 

belt

 

 

(8)cardigan

ယောင်းဟာ ခါးတိုအင်္ကျီဝတ်မယ်ဆိုရင်တော့ ဘောင်းဘီဟာ ဗိုက်ချပ်ဘောင်းဘီလိုဟာမျိုး ဝတ်ဆင်သင့်ပါတယ်။ ဒါမှာမဟုတ်ရင်တော့ အောက်မှာ ခါးရှည်အင်္ကျီတစ်ထည်လောက် ဝတ်လိုက်ပါ။

 

cardigan

 

(9)belt and shoes(ခါးပတ်နှင့် ဖိနပ်)

သင့်ဟာ ခါးပတ်ပတ်ထားတယ်ဆိုရင်တော့ ခါးပတ်နှင့်ဖိနပ်ကို အရောင်တူ ရွေးချယ်ခြင်းဟာ သင့်ကို ပရိုကျစေပါလိမ့်မယ်။

 

belt shoes

 

(10)prints

ယောင်းဟာ အပေါ်အောက်နှစ်ခုစလုံးမှာ အပွင့်၊ အဖတ်တွေပါတဲ့အရောင်ဆင်တူ အဝတ်အစားကို ရွေးချယ်ခဲ့မယ်ဆိုရင် အပေါ်ဖြစ်ဖြစ်၊ အောက်ဖြစ်ဖြစ် တစ်ခုခုမှာ အရောင်မှိန်တဲ့ဟာဖြစ်သင့်ပါတယ်။

 

prints

 

 

(11)socks(ခြေအိတ်)

shoes ဖိနပ်တွေဝတ်ဆင်တဲ့နေရာမှာ ခြေအိတ်အတိုတွေကို မဝတ်ဆင်သင့်ပါဘူး။ အဲ့လိုဝတ်ဆင်ခြင်းဟာ သင်ထိုင်တဲ့အခါ သင့်ခြေထောက်ကိုမြင်စေတဲ့အတွက် ပရိုမကျပါဘူးနော်။

 

socks

 

Myanmar Textile and Garment Directory

ဖက်ရှင်ဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 3165 times
Rate this item
(0 votes)
Tagged under