What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခပ်ဟော့ဟော့ အင်္ကျီလေးတွေကို ဝတ်ဆင် ချင်တဲ့ ပျိုမေတို့ ရွေးချယ် သင့်တဲ့ Bra

ခပ်ဟော့ဟော့ အင်္ကျီလေးတွေကို ဝတ်ဆင် ချင်တဲ့ ပျိုမေတို့ ရွေးချယ် သင့်တဲ့ Bra google

အင်္ကျီဟော့ဟော့လေးတစ်ထည်ကို ဝတ်ချင်ပေမဲ့ ကိုက်ညီတဲ့ဘရာမရှိလို့ စိတ်ညစ်ရတာတွေ ကြုံဖူးကြပါသလား။ ဘယ်လောက်ဟော့တဲ့ အင်္ကျီဝတ်ဝတ် ဘရာ

အရွေးမှားရင်တော့ ဂွမ်းနေဦးမှာပဲနော်။ အရာတွေထင်နေတာ၊ ကြိုးတွေပေါ်နေတာ၊ ကျောဗြောင်အင်္ကျီတွေ ဝတ်ရင် အနောက်မှာ ဘရာကို မြင်နေရတာ စသဖြင့် ပြဿနာတွေ ရှိတတ်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို Textile ပရိသတ်ကြီးတွေအတွက် မျှဝေပေးချင်ပါတယ်။

Invisible Bra

ကျောပြောင်အင်္ကျီတွေ ဝတ်တော့မယ်ဆိုရင် နောက်ကျောမှာ ဘရာအပြားလိုက်ကြီးပေါ်နေလို့ ကိုယ့်ရဲ့နောက်ကျောအလှကို မဖော်ပြနိုင်ဘဲ အပေါ်က ထပ်ဝတ်ရတာမျိုး၊ တစ်ခါတစ်လေ ကိုယ်ဝတ်ချင်တဲ့ အင်္ကျီလှလှလေးကိုတောင် ဗီရိုထဲ ပြန်သိမ်းလိုက်ရတာမျိုး ဖြစ်ဖူးကြမှာပါ။ Invisible bra နဲ့သာဆိုရင် ဒါတွေလုံးဝဖြစ်မလာနိုင်တော့ပါဘူး။ Invisible bra တော်တော်များများက ကပ်ခွာပုံစံဖြစ်ပြီး ရင်သားမှာကပ်နေမှာဖြစ်လို့ ကွာကျမှာကို လုံးဝ ပူစရာ မလိုပါဘူးနော်။

Invisible

 

U-Plunge Bra

တစ်ချို့လည်ပင်းအဟိုက်အင်္ကျီတွေက တော်တော်ကြီးကိုဟိုက်တာမျိုး ကြုံဖူးကြမှာပါ။ ဆယ်လီဘရစ်တီတွေ အဲ့လိုအင်္ကျီမျိုး ဝတ်ထားရင်တော့ Bra ကြိုး မမြင်ရပါဘူး။ အဲ့ဒါ ဘာကြောင့်လဲဆိုတဲ့ လျှို့ဝှက်ချက်ကတော့ အလယ်မှာ U ပုံစံရှိတဲ့ ဘရာလေးတွေကြောင့်ပါ။ ဒီလိုဘရာမျိုးတွေ့ရင်တော့ ဝယ်သာဝယ်လိုက်ပါနော်။

U

 Read : မြန်မာဆန်ဆန်လေးနဲ့ လှနေတဲ့ အေးမြတ်သူရဲ့ ဖက်ရှင်ဒီဇိုင်းများ   

Strapless Bra

ရင်ပြတ်အင်္ကျီတွေ၊ Off Shoulder အင်္ကျီတွေနဲ့ ကြိုးတစ်ချောင်းအင်္ကျီတွေ ဝတ်တဲ့အခါ ဘရာကြိုးတွေပေါ်နေရင်ဘယ်လိုမှ ကြည့်မလှပါဘူး။ အဲ့လိုအင်္ကျီတွေအတွက် ပျိုမေလေးတွေမှာ ရှိသင့်တာကတော့ Strapless Bra ပါ။ Strapless Bra တွေက ကြိုး လုံးဝမပါဘဲ ခန္ဓာကိုယ်မှာ တစ်သားတည်း ကျနေစေမှာမို့ ကျွတ်ကျမှာတွေ ဘာတွေလည်း စိတ်ပူစရာမလိုပါဘူး။

Strapless

 

Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1795 times
Rate this item
(1 Vote)
Tagged under