What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ အဝတ်အစားဟောင်းတွေကို ဘယ်လိုပြန်လည်အသုံးပြုနိုင်မလဲ...

လူတိုင်းလိုလို အဝတ်အစားတွေ အရမ်းဟောင်းလာရင် မဝတ်ချင်တော့ဘဲ အသစ်ဝယ်မိကြပါတယ်။ မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေက အလဟတ်သတ် ဖြစ်သွားလေ့ရှိပြီး အမှိုက်ဖြစ်သွားကြပါတယ်။

အဲဒါကြောင့် ငွေကုန်ခံပြီး ဝယ်ထားတဲ့အဝတ်အစားတွေကို ပြန်မဝတ်တော့ဘဲ အကျိုးရှိရှိပြန်လည်အသုံးချလို့လည်း ရပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိုအပ်နေသူတွေအတွက် လှူဒါန်းပေးလိုက်တာပေါ့နော်။ ဒါပေမယ့် ကိုယ့်အဝတ်အစားတွေက သူများကို ပေးဖို့အတွက် မသင့်တော်တော့တဲ့ အခြေအနေဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ ပြန်လည်အသုံးချလို့ ရပါတယ်။

 

၁။ အဝတ်အစားအသစ် ဖန်တီးခြင်း

အဝတ်အစားအဟောင်းတွေကနေ အဝတ်အစားအသစ်ဖြစ်အောင် ပြောင်းလဲပေးလို့ရပါတယ်။ ဥပမာ ဂျင်းဘောင်းဘီ အရှည်အောက်ပိုင်းတွေဆွေးနေပြီ ဆိုပါစို့။ ဘောင်းဘီတိုအဖြစ် ပြောင်းလဲပစ်လိုက်ပါ။ လိုအပ်တဲ့ပစ္စည်းကတော့ ကပ်ကြေးတစ်လက်ပါပဲ။ တီရှပ်တွေကိုစကပ်အဖြစ် ပြောင်းပစ်တာမျိုးလဲ လုပ်လို့ရပါတယ်။ တီရှပ်အင်္ကျီလက်တွေကို အထဲကိုထည့်ပြီး အိပ်ကပ်လို ချုပ်လိုက်ရုံနဲ့ စကပ်အဖြစ် အလွယ်တကူပြောင်းပစ်လို့ရတာပေါ့။

 

၂။ အသုံးအဆောင်ပစ္စည်းအသစ် ဖန်တီးခြင်း

အင်္ကျီအဟောင်းတစ်ထည်ကို အိတ်တစ်လုံးအဖြစ် ပြောင်းလဲလို့ရတယ်ဆိုတာ သိပါသလား။ ဂျိုင်းပြတ် အင်္ကျီတွေက အိတ်အဖြစ် ပြောင်းလဲဖို့ အလွယ်ဆုံးပါပဲ။ အင်္ကျီ အောက်ပိုင်းတွေကို ချုပ်ပစ်လိုက်တာနဲ့ အိတ်အသစ်တစ်လုံးရပြီပေါ့။ အင်္ကျီအဟောင်းတွေနဲ့ခေါင်းအုံး စွပ်လဲ ချုပ်လို့ရပြီး ခေါင်းအုံးအသစ်လည်း လုပ်လို့ရပါတယ်။

 

၃။ စောင်တစ်ထည် ဖန်တီးခြင်း

မဝတ်တော့တဲ့ အင်္ကျီတွေ အားလုံးကို တွဲပြီးချုပ်ပစ်လိုက်ရင် စောင်အသစ်တစ်ထည် ရပြီပေါ့။ အင်္ကျီတွေကို ပြန့်ပြီး တစ်ပြေးထည်း ဖြစ်သွားအောင်ညှပ်ပါ။ လက်နဲ့ချုပ်ရရင် တစ်လလောက် ကြာသွားနိုင်လို့ စက်နဲ့ချုပ်ပါ။ အခုပေါ်နေတဲ့ လက်ကိုင်စက်ချုပ်စက်သေးသေးလေးတွေဝယ်ထားရင် အလွန်အသုံးဝင်ပါတယ်။

 

၄။ လက်ဆောင်ထုပ်ခြင်း

လက်ဆောင်ထုပ်ဖို့ စက္ကူသပ်သပ် သွားဝယ်မနေတော့ပဲ အဝတ်အဟောင်းတစ်ထည်ထည်နဲ့ ထုပ်လိုက်ရင် ငွေကုန်လည်း သက်သာ၊ သူများနဲ့လည်း မတူတော့ဘူးပေါ့။ အဆင်လှတာလေးတော့ရွေးပေါ့နော်...။

 

Myanmar Textile & Garment Guide

source:jasmine

 
Read 1029 times
Rate this item
(0 votes)