ဖက်ရှင်ဆိုတာ ထုတ်တတ်ဖို့ပဲ လိုတယ်ဆိုတဲ့ စကားလိုပဲ တွဲဖက်မှုမှန်ကန်သွားရုံနဲ့ သင်ဟာ ချက်ချင်း စတိုင်လ်ကျလှပတဲ့သူတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်နော်။ ဒီတစ်ခါမှာတော့ သင့်ကို အထာကျကျနဲ့ ချစ်စရာကောင်းလွန်းတဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါ တယ်နော်...
ဂါဝန်တိုလေးနဲ့ sneakers
လူငယ်ဆန်ဆန် ဂါဝန်အကား အတိုလေးကို sneakers လေးနဲ့ တွဲဝတ်ထားတဲ့ ပုံစံလေးက အရမ်းကို ချစ်စရာကောင်းမယ့် ဖက်ရှင်မျိုးလေးပါ။ ဒီလိုပုံစံလေးက ရိုးပေမယ့် ခေတ်မှီပြီး လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးပဲ ဖြစ်ပါတယ်။ တကယ်လို့ အရမ်းရိုးတယ်လို့ ထင် နေရင်တော့ အပေါ်က ကုတ်အင်္ကျီလေးကို စတိုလ်မိမိ ထပ်ဝတ်လိုက်ရုံပါပဲ။
စကတ်နဲ့ crop top
ခေတ်မှီတဲ့ပုံစံ ပေါက်နေစေမယ့် ကြည့်လိုက်တာနဲ့ ဂေါ်နေစေမယ့် ဖက်ရှင်လေးကိုမှ ကြိုက်တဲ့သူတွေအတွက် ခြေသလုံးတစ်ဝက်အရှည် စကတ်လေးကို အင်္ကျီ crop top လေးနဲ့ တွဲဝတ်ပြီး အပေါ်က jacket ဒါမှမဟုတ် ကုတ်အရှည်လေး တစ်ထည်တွဲဝတ်ထားတာက အရမ်းကို မိမိုက်နေစေမယ့် ဖက်ရှင်မျိုးပါ။ ပေါ့ပါးပြီး လူငယ်ဆန်နေဖို့ sneakers လေး တစ်ရံ စီးလိုက်ရုံနဲ့ အရမ်းကို မိုက်နေစေမယ့် ဖက်ရှင်ပဲ ဖြစ်ပါတယ်။
စကတ်အတိုနဲ့ leather jacket
အရမ်းကို လွတ်လပ်ပေါ့ပါးပြီး မိန်းကလေးဆန်တဲ့ ဖက်ရှင်အတွက် စကတ်တိုတိုကားကားလေးကို အပေါ်က တီရှပ်အကျီ ၤ၊ leather jacket လေးနဲ့ ဝတ်ဆင်လိုက်တာနဲ့ တကယ့်ကို လူငယ်ဆန်ပြီး ဖက်ရှင်ကျနေစေမှာ ဖြစ်ပါတယ်။
ဂါဝန်နဲ့ ဆွယ်တာ
ခုလိုဆောင်းတွင်းမှာ စတိုင်လ်ထုတ်ဖို့အကောင်းဆုံး ဆွယ်တာအင်္ကျီလေးကို ဂါဝန်အပေါ်က ထပ်ဝတ်ပြီး boots လေး စီးထားတဲ့ ပုံစံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဖက်ရှင်ကျနေစေတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။
ကြိုးတစ်လုံး ဂါဝန်နဲ့ ဦးထုပ်အကား
သူငယ်ချင်းတွေနဲ့ အပြင်တွေဘာတွေပဲ သွားသွား၊ ကမ်းခြေလို နေရာမျိုးပဲ သွားသွား ဝတ်လို့လှတဲ့ ကြိုးတစ်လုံး ဂါဝန်လေးတွေကို sneakers အဖြူလေးနဲ့ တွဲဝတ်ပြီး ဦးထုပ်အကားလေး ဆောင်းထားတဲ့ ဖက်ရှင်လေးက တစ်ခြားသူတွေရဲ့ အကြည့်တွေကို အပိုင်သိမ်းနိုင်မယ့် ပေါ့ပါးပြီး လူငယ်ဆန်တဲ့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။
Myanmar Textile & Garment Guide
#AM