အဖြူရောင်ဟာ ဘယ်အချိန်ပဲကြည့်လိုက်ကြည့်လိုက် အရမ်းကို ဖက်ရှင်ကျပြီး ရှင်းသန့်နေတဲ့ ကာလာတစ်မျိုးဖြစ်သလို တခြားဘယ်အရောင်နဲ့ တွဲဝတ်ဝတ် လိုက်ဖက်တဲ့ အရောင်မျိုး ဖြစ်ပါတယ်နော်။ ဒီတစ်ခါမှာတော့ အဖြူရောင်ဂျင်းဘောင်းဘီလေးတစ်ထည်ရှိရုံနဲ့ အရမ်းကို စတိုင်လ်ကျမိမိုက်နေစေမယ့် ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။
အဖြူဝမ်းဆက်
အဖြူကို အဖြူနဲ့တွဲဝတ်ထားတဲ့ ပုံစံက အရမ်းကို legendary ဆန်လွန်းတဲ့ဖက်ရှင်မျိုးအဖြစ် မြင်ရစေမှာပါ။ အဖြူရောင် ဂျင်းဘောင်းဘီကို အပေါ်က ရှပ်အဖြူရောင်တစ်ထည် ဒါမှမဟုတ် အဖြူရောင် crop top လေးတွေနဲ့ တွဲဝတ်လို့ ရသလို လွယ်ကူရိုးရှင်းစွာပဲ အဖြူရောင် တီရှပ်တစ်ထည်နဲ့လည်း ပေါ့ပေါ့ပါးပါး free စတိုင်လ် ဝတ်လို့ရပါတယ်နော်။ ဒီဖက်ရှင်မျိုးက လူကြားထဲမှာတောင် အရမ်းကို ပေါ်လွင်ထင်ရှားပြီး စတိုင်လ်ကျနေမှာ ဖြစ်ပါတယ်။
ဘလေဇာကုတ် အင်္ကျီ
အဖြူရောင် ဂျင်းဘောင်းဘီလေးကို အပေါ်က ကြိုးတစ်လုံး အင်္ကျီ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ တီရှပ်၊ ရှပ်အင်္ကျီတို့နဲ့ တွဲဝတ်လိုက်ပြီး အပေါ်က ဘလေဇာကုတ်လေးတစ်ထည် ဝတ်လိုက်ရုံနဲ့ အရမ်းကို ဂုဏ်သရေရှိပြီး စမတ်ကျနေစေမယ့် ဖက်ရှင်ပဲ ဖြစ်ပါတယ်။
အနက်ရောင် အင်္ကျီ
အဖြူကို အနက်နဲ့ တွဲဝတ်ထားတာလောက် လိုက်ဖက်တာမျိုးက ရှိမယ်မထင်တော့ပါဘူး။ အဖြူရောင် ဂျင်းဘောင်းဘီကို အပေါ်က အနက်ရောင် ကိုယ်နှစ်သက်တဲ့ ဘယ်လိုအင်္ကျီမျိုးနဲ့မဆို တွဲဝတ်ထားတာက အရမ်းကို perfect ဖြစ်လွန်းတဲ့ ဖက်ရှင်ဖြစ်နေစေမှာပါ။
ဆွယ်တာအင်္ကျီ
နောက်ထပ် ဂျင်းဘောင်းဘီအဖြူနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်က ဆွယ်တာအင်္ကျီတွေပဲ ဖြစ်ပါတယ်။ ဆွယ်တာ ဘယ်လိုကာလာမျိုးကိုမဆို ဂျင်းဘောင်းဘီ အဖြူလေးနဲ့ တွဲဝတ်လိုက်ရုံနဲ့ အရမ်းကို လွတ်လပ်ပေါ့ပါးပြီး စတိုင်လ်ကျတဲ့ ဖက်ရှင်လေးဖြစ်နေစေမှာပါနော်။
Myanmar Textile & Garment Guide
Source:AM