What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတစ်ယောက်အနေနဲ့ အမြဲ စတိုင်ကျနေစေဖို့ မဖြစ်မနေ ရှိထားသင့်တဲ့ ပစ္စည်း(၅)မျိုး

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒီလို ဝတ်စားနိုင်ဖို့ ငွေကြေး အများကြီး မလိုပါဘူး။ ဘယ်အရာတွေက စတိုင်ကျစေလဲ ဆိုတာကို သိနေဖို့ပဲ အရေးကြီးပါတယ်။

 

ခု ဖော်ပြပေးမယ့် အရာလေးတွေက မိန်းကလေးတစ်ယောက်ကို အမြဲတမ်း စတိုင်ကျနေစေတဲ့ မရှိမဖြစ် အရာလေးတွေဖြစ်တာကြောင့် ဖက်ရှင်ကျကျဝတ်ချင်တဲ့ မိန်းကလေးတွေနဲ့ အရမ်းကို အဆင်ပြေမှာပါ။

 

(၁) အနက်ရောင်ဂါဝန်တို

ဖက်ရှင်ကျကျ ဝတ်ချင်တဲ့ မိန်းကလေးတစ်ယောက်အတွက် အနက်ရောင်ဂါဝန်တို တစ်ထည်တော့ မဖြစ်မနေ ရှိထားရပါမယ်။ နေ့ညမရွေး ဝတ်လို့ အဆင်ပြေသလို၊ ဘယ်အချိန် ကောက်ဝတ်ဝတ် လုံးဝကို ဖက်ရှင်ကျပြီးသား ဖြစ်နေမှာပါ။ ဒါကြောင့် သင့်မှာ မရှိရင် ဝယ်လိုက်ပါတော့နော်။

 

(၂) အဖြူရောင်ဗြောင်တီရှပ်

The 9 Best Outfits Ideas for Plain White T-Shirts | Who What Wear

အဖြူရောင် ဗြောင်တီရှပ်တစ်ထည်ဟာလည်း မရှိမဖြစ်ပါပဲနော်။ သူဟာ တစ်နှစ်ပတ်လုံး ရာသီမရွေး ဝတ်လို့ အဆင်ပြေပြီး ဖက်ရှင် ကျစေတယ်။ တီရှပ်အဖြူဗြောင်ကိုမှ ခပ်လန်းလန်း ဂျင်းနဲ့ ဖိနပ်အပါးတွဲပြီး ဝတ်လိုက်ရင်တော့ perfect ပါပဲနော်။

 

(၃) ရှူးဖိနပ်အပါး

ရှူးအပါးလေးဟာလည်း မရှိမဖြစ်ပါပဲနော်။ ဘယ်အဝတ်အစားနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်သလို အမြဲတမ်း စတိုင်ကျနေစေတယ်။ အဝတ်အစား အရောင်တိုင်းနဲ့ လိုက်ဖက်အောင် nude color လေးတွေ၊ အနက်၊ အနီ၊ သတ္တုရောင်လေးတွေကို ရွေးချယ်ပါနော်။

 

(၄) အရောင်ရင့်တဲ့ ဂျင်း

160 Jeans and Denim Trends | Street Style, Women's Outfit Ideas | fashion,  style, outfits

အရောင်ရင့်တဲ့ ဂျင်းတစ်ထည်လည်း မရှိမဖြစ်ပါနော်။ ဒီလိုဂျင်းတွေဟာ ဘယ်တော့မှ ရိုးမသွားနိုင်သလို ပုံစံတော်တော်များများနဲ့လည်း အဆင်ပြေပါတယ်။ တည်ငြိမ်တဲ့ အသွင်ကိုလည်း ဆောင်ပါတယ်။

 

(၅) Trench coat

Women Trench Coat Style Guide - How and When to Wear them - Sumissura

Trench Coat ဟာလည်း ရှိကိုရှိရမယ့် အရာထဲကတစ်ခုပါပဲ။ ဒီလို ကုတ်မျိုးကို အလန်းစား ဖိနပ်လေးနဲ့သာ တွဲဝတ်လိုက်ရင် သင့်ရဲ့ တစ်နေ့တာကို ယုံကြည်မှုအပြည့်၊ ဖက်ရှင်ကျကျနဲ့ ဖြတ်သန်းနိုင်ပါပြီ။

 

Myanmar Textile & Garment Guide

Read 1051 times
Rate this item
(0 votes)
Tagged under